Connect with us

Hi, what are you looking for?

News

မန္တလေးမှ ရွှေဘိုဘက်သို့လာသော စစ်ကောင်စီတပ်ကား မိုင်းခွဲခံရ

“မိုင်းဆွဲလိုက်တော့ ကားက အရှိန်ရှော့ ရပ်လုနီး ပါးဖြစ်ပြီး မောင်းပြေးသွားတယ်။ ကားမှန်တွေကတော့ အကုန်ကွဲသွားတာ”ဟု ဖောင်းဒိုင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

People's Spring
People's Spring

မန္တလေးမှ ရွှေဘိုမြို့ဘက်သောမောင်းနှင်လာသော စစ်ကောင်စီတပ်များလိုက်ပါလာသည့် Express ကားတစ်စီးအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဖောင်းဒိုင်းအဖွဲ့(ဝက်လက်)က ယနေ့(ဒီဇင်ဘာ ၂၁)ထုတ်ပြန်သည်။

ယမန်နေ့(ဒီဇင်ဘာ ၂၀)ည ၁၀ နာရီ ၁၅ ခန့်က မန္တလေးမှ ရွှေဘိုမြို့ဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီတပ်များလိုက်ပါလာသည့် Express ကားတစ်စီးကို ဘုရားပြန်ရွာနှင့် ရွာသာကြီးကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“မိုင်းဆွဲလိုက်တော့ ကားက အရှိန်ရှော့ ရပ်လုနီး ပါးဖြစ်ပြီး မောင်းပြေးသွားတယ်။ ကားမှန်တွေကတော့ အကုန်ကွဲသွားတာ”ဟု ဖောင်းဒိုင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

​တိုက်ခိုက်မှုအား M18 Claymore မိုင်းနှစ်လုံးအသုံး ပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုအခြေအနေ အသေးစိပ်မသိရသေးဟု ဖောင်းဒိုင်းအဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

Facebook