Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ကျောက်အရောင်းအဝယ်သမား ၂၀၀ ကျော်ကို စစ်ကောင်စီဖမ်းဆီးပြီး အကျဥ်း​ထောင်ပို့

ဖမ်းဆီးခံရသူတွေထဲမှာ တရုတ်နိုင်ငံသားတွေလည်းပါဝင်တယ်လို့သိရပြီးသူတို့ကို လဝကအက်ဥပဒေနဲ့အရေးယူထားတယ်လို့သိရပါတယ်။

မန္တလေးမြို့ ကျောက်ဝိုင်းပြင်ပမှာ နေအိမ်ငှားရမ်းပြီး ကျောက်အရောင်းအဝယ်ပြုလုပ်သူ ၂၂၈ ဦးကို စစ်ကောင်စီက ဒီနေ့မှာဝင်ရောက် ဖမ်းဆီးပြီး မန္တလေးဗဟိုအကျဉ်းထောင်ကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။

သတ်မှတ်ထားတဲ့ကျောင်းဝိုင်းထဲမှာ အရောင်းအဝယ်မလုပ်လို့ဆိုကာ အောင်မြေသာစံမြို့နယ် ၁၅လမ်း ၁၆လမ်းနဲ့၈၈လမ်း၊၈၇လမ်းရှိ ခြောက်ထပ်အဆောက်အအုံမှာ အခန်းဌားပြီး We Chatက တဆင့် ကျောက်အရောင်းအဝယ်ပြုလုပ်နေသူတွေကို ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရသူတွေထဲမှာ တရုတ်နိုင်ငံသားတွေလည်းပါဝင်တယ်လို့သိရပြီးသူတို့ကို လဝကအက်ဥပဒေနဲ့အရေးယူထားတယ်လို့သိရပါတယ်။

စစ်ကောင်စီဟာ အခွန်ရရှိဖို့ မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်းမှာ ကျောက် အရောင်းအဝယ်ပြုလုပ်ကြဖို့နဲ့ ကျောက်ဝိုင်းအတွင်းဝင်ရောက်မပြုလုပ်ဘဲ အခုလို နေရာငှားရမ်းပြီးရောင်းချတာတွေကို လိုက်လံဖမ်းဆီးနေတာပဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။