Connect with us

Hi, what are you looking for?

News

ကုလအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ရုံးခန်း စစ်ကောင်စီဆက်ဖွင့်ခွင့်မပြု

စစ်ကောင်စီကအကြောင်းပြချက်ပေးတာကတော့ မစ္စခရစ္စတင်းဘာဂနာရဲ့နေရာမှာကုလအတွင်းရေးမှူးချုပ်က ကိုယ်စားလှယ်သစ်ခန့်လိုက်တာကြောင့်လို့ဆိုထားပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စခရစ္စတင်းဘာဂနာရဲ့ နေပြည်တော်က ရုံးခန်းကိုဆက်မထားဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကအကြောင်းပြချက်ပေးတာကတော့ မစ္စခရစ္စတင်းဘာဂနာရဲ့နေရာမှာကုလအတွင်းရေးမှူးချုပ်က ကိုယ်စားလှယ်သစ်ခန့်လိုက်တာကြောင့်လို့ဆိုထားပါတယ်။

မစ္စခရစ္စတင်းဘာဂနာ ရဲ့ ရုံးခန်းကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းက နေပြည်တော် မှာ NLD အစိုးရ က ဖွင့်လှစ်ခွင့်ပြုခဲ့သလို မြန်မာနိုင်ငံရဲ့အခြေအနေကို လေ့လာနိုင်ဖို့ လာရောက်ခွင့်ပြုခဲ့တာပါ။

စစ်အာဏာသိမ်းပြီးနောက်မှာတော့ ကုလအထွေထွေအတွင်းရေးမှူးချုပ် ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စခရစ္စတင်းဘာဂနာကို ပြည်ဝင်ခွင့်ဗီဇာ စစ်ကောင်စီက မပေးတော့ပါဘူး။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာတော့ မစ္စခရစ္စတင်းဘာဂနာရဲ့ ရာထူးတာဝန်သက်တမ်းကုန်ဆုံးသွားတာကြောင့် သူ့နေရာမှာ စင်ကာပူနိုင်ငံသူမစ္စနိုလင်းဟေဇာကို ခန့်အပ်တာဝန်ပေးထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။