Connect with us

Hi, what are you looking for?

LuduNwayOo

News

ကုလအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ရုံးခန်း စစ်ကောင်စီဆက်ဖွင့်ခွင့်မပြု

စစ်ကောင်စီကအကြောင်းပြချက်ပေးတာကတော့ မစ္စခရစ္စတင်းဘာဂနာရဲ့နေရာမှာကုလအတွင်းရေးမှူးချုပ်က ကိုယ်စားလှယ်သစ်ခန့်လိုက်တာကြောင့်လို့ဆိုထားပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စခရစ္စတင်းဘာဂနာရဲ့ နေပြည်တော်က ရုံးခန်းကိုဆက်မထားဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကအကြောင်းပြချက်ပေးတာကတော့ မစ္စခရစ္စတင်းဘာဂနာရဲ့နေရာမှာကုလအတွင်းရေးမှူးချုပ်က ကိုယ်စားလှယ်သစ်ခန့်လိုက်တာကြောင့်လို့ဆိုထားပါတယ်။

မစ္စခရစ္စတင်းဘာဂနာ ရဲ့ ရုံးခန်းကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းက နေပြည်တော် မှာ NLD အစိုးရ က ဖွင့်လှစ်ခွင့်ပြုခဲ့သလို မြန်မာနိုင်ငံရဲ့အခြေအနေကို လေ့လာနိုင်ဖို့ လာရောက်ခွင့်ပြုခဲ့တာပါ။

စစ်အာဏာသိမ်းပြီးနောက်မှာတော့ ကုလအထွေထွေအတွင်းရေးမှူးချုပ် ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စခရစ္စတင်းဘာဂနာကို ပြည်ဝင်ခွင့်ဗီဇာ စစ်ကောင်စီက မပေးတော့ပါဘူး။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာတော့ မစ္စခရစ္စတင်းဘာဂနာရဲ့ ရာထူးတာဝန်သက်တမ်းကုန်ဆုံးသွားတာကြောင့် သူ့နေရာမှာ စင်ကာပူနိုင်ငံသူမစ္စနိုလင်းဟေဇာကို ခန့်အပ်တာဝန်ပေးထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။