Connect with us

Hi, what are you looking for?

News

ရေဦးမြို့နယ်ရှိ ရေမျက်ရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဥ်သုံးပြီး ပစ်ခတ်၊ ဒေသခံ ၄၀ ကျော်ပိတ်မိနေ

“ရေမျက်လိုရွာလေးကို တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စီး၊ ထောက်ပို့ယာဉ်သုံးစီးနဲ့ သယ်ပို့ပြီး စစ်ခွေးတစ်ရာကျော်က ရွာပတ်လည်ဝိုင်းပြီး ဗုံးသီး၊ စက်သေနတ်နဲ့ ဝိုင်းပစ်တာ ခေတ်မှီ စစ်ခွေးတပ်ကြီးပေါ့ဗျာ”ဟု ရေဦးပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရေဦးမြို့နယ်ရှိ ရေမျက်ကျေးရွာအား စစ်ကောင်စီတပ်မှ ရဟတ်ယာဥ်များပါ အသုံးပြုပစ်ခတ်လျှက်ရှိကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၀)နေ့လယ် ၁ နာရီခန့်ကစပြီး စစ်ကောင်စီတပ်မှ ရဟတ်ယာဥ်သုံးစီးအသုံးပြုပစ်ခတ်ခဲ့သည့်အပြင် ရေမျက်ကျေးရွားနေ ဒေသခံပြည်သူများ၏ နေအိမ်နှင့် အသုံးအဆောင်ပစ္စည်းများကိုလည်း မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။

“ရေမျက်လိုရွာလေးကို တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စီး၊ ထောက်ပို့ယာဉ်သုံးစီးနဲ့ သယ်ပို့ပြီး စစ်ခွေးတစ်ရာကျော်က ရွာပတ်လည်ဝိုင်းပြီး ဗုံးသီး၊ စက်သေနတ်နဲ့ ဝိုင်းပစ်တာ ခေတ်မှီ စစ်ခွေးတပ်ကြီးပေါ့ဗျာ”ဟု ရေဦးပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

လက်ရှိအခြေအနေတွင် ရဟတ်ယာဥ်ဖြင့် ချပေးသည့် စစ်ကောင်စီတပ်သား ၁၀၀ ခန့် ကျေးရွာအတွင်း ဝင်ရောက်စီးနင်းနေပြီး ဒေသခံရွာသား ၄၀ ကျော် ရွာထဲပိတ်မိနေကြာင်း ရေးဦးပကဖမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီမှ ရေမြက်ကျေးရွားအား ရဟတ်ယာဥ်သုံးပစ်ခတ်သည့် ရုပ်သံဖိုင်များလည်း လူမှုကွန်ရက်၌ပြန့်နှံ့ခဲ့ရာ ရဟတ်ယာဥ်ပေါ်မှ စစ်သေနတ်ပစ်သံအဆက်မပြတ် ကြား​နေရသည်။

စစ်ကောင်စီတပ်၏ အကြမ်းဖက်စီနင်းခြင်းခံရသော ရေမြက်ကျေးရွာအုပ်စုတွင် ကျေးရွာ အုပ်စုတစ်ခုလုံး၌ လူဦးရေ ၂,၆၀၀ ကျော် နေထိုင်လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။