Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်ကောင်စီက စစ်ရှိန်မြင့်လာလို့ ခုခံကာကွယ်ပိုင်ခွင့်ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူးလို့ KNU ​ပြော

တိုက်ပွဲတွေကြောင့် ဒေသခံလူထုဟာ အရင်ကလို ပြေးလွှားတိမ်းရှောင်နေရပြီး အိုးပစ်အိမ်ပစ်တွေဖြစ်လာတာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေ အထူးသဖြင့် ကုလသမဂ္ဂဆိုင်ရာမဟာမင်းကြီးရုံး (UNHCR )အနေနဲ့ အကာအကွယ်ပေးမှု ၊ကူညီပေးမှုကို ထိထိရောက်ရောက်လုပ်ပေးဖို့ကိုလည်း တောင်းဆိုတယ်လို့ ပဒိုစောတာနီးကပြောပါတယ်။

စစ်ကောင်စီဟာ စစ်ရေးအရှိန်မြင့်လာတာကြောင့် KNU အနေနဲ့ ရှောင်လွှဲလို့မရတော့ဘဲ အမျိုးသားကာကွယ်ရေးအတွက် ပြန်လည်တိုက်ခိုက်ရတာဖြစ်တယ်လို့ KNU ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတာနီးကပြောလိုက်ပါတယ်။

လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေဟာ KNU အနေနဲ့ စစ်ကို ခုံမင်လွန်းအားကြီးလို့လုပ်ဆောင်တာမဟုတ်ဘဲ အကြိမ်ကြိမ်စောင့်ထိန်းခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ခုခံကာကွယ်ပိုင်ခွင့်ကလွဲပြီး ရွေးစရာမရှိတော့ဘူးလို့ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်ရေးအရှိန်တိုးမြှင့်မယ် ၊အင်အားတိုးချဲ့မယ်ဆိုရင် KNU အနေနဲ့လည်းဒီအတိုင်းထိုင်နေလို့ရတော့မဟုတ်ဘဲ အမျိုးသားကာကွယ်ရေး အတွက် လုပ်ဆောင်ရမှာဖြစ်တယ်လို့ ပဒိုစောတာနီးက ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံလူထုဟာ အရင်ကလို ပြေးလွှားတိမ်းရှောင်နေရပြီး အိုးပစ်အိမ်ပစ်တွေဖြစ်လာတာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေ အထူးသဖြင့် ကုလသမဂ္ဂဆိုင်ရာမဟာမင်းကြီးရုံး (UNHCR )အနေနဲ့ အကာအကွယ်ပေးမှု ၊ကူညီပေးမှုကို ထိထိရောက်ရောက်လုပ်ပေးဖို့ကိုလည်း တောင်းဆိုတယ်လို့ ပဒိုစောတာနီးကပြောပါတယ်။

Public Service Announcement

Public Service Announcement

တိမ်းရှောင်သွားရတဲ့ ဒုက္ခသည်တွေကို ကူညီပေးတဲ့ ထိုင်းနိုင်ငံကို ကျေးဇူးတင်ပြီး အတင်းအကြပ်ပြန်မပို့ကြဖို့ကိုလည်း ပဒိုစောတာနီးက ပန်ကြားပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်ကစတင်ပြီး စစ်ကောင်စီတပ်တွေရဲ့ကျုးကျော်မှုကြောင့် KNU တပ်မဟာ ၆ ထိန်းချုပ်ရာ လေးကေ့ကော်ဒေသမှာတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာပါ။

နောက်ဆက်တွဲအနေနဲ့ ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ထိုင်းနိုင်ငံထဲ ဝင်ရောက်တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ မနေ့ကတော့ ထိုင်း −မြန်မာနယ်စပ်က မြန်မာဘက်ခြမ်း ကျေးရွာတွေဆီ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ရာနဲ့ချီတဲ့ ဒေသခံတွေ ထပ်မံပြီးထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook