News မတူပီ-မင်းတပ်လမ်းကိုးရက်ကြာတိုက်ပွဲ စစ်ကောင်စီတပ် ၇၀ခန့် သေ၊ CDFမှ၁ဦးကျဆုံးပြီး ၄ဦးဒဏ်ရာရဟုထုတ်ပြန် အဆိုပါ စစ်ကောင်စီတပ်ယာဉ်တန်းကို မင်းတပ် CDFက နိုဝင်ဘာ ၂ ရက်နေ့၌ စတင်တိုက်ခိုက်ခဲ့ရာ ယင်းနေ့၌ စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးပြီး စစ်ကောင်စီတပ်၏ စက်ယန္တရားတစ်စီး ပျက်စီးခဲ့သည်ဟုဆိုသည်။ LuduNwayOoနိုဝင်ဘာ 13, 2021
News မိတ္ထီလာမှာ ဆိုင်ကယ်ကို အမျိုးသား ၂ ဦးအတူတကွမစီးရဘူးလို့စစ်ကောင်စီကန့်သတ် အမျိုးသားနဲ့ အမျိုးသမီး တွဲစီးလို့ရသလို ၊အမျိုးသမီး ၂ ဦး စီးရင်လည်းခွင့်ပြုတဲ့အကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်လံသတိပေးတာလို့ ဒေသခံတွေက ဆိုပါတယ်။ LuduNwayOoနိုဝင်ဘာ 13, 2021
News ပခမ်းငယ်ရဲစခန်းသို့လာသည့်စစ်ကူတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၆ဦးသေဟု ရေစကြို PDF ထုတ်ပြန် အဆိုပါ တိုက်ခိုက်မှုကို ရေစကြို PDFနှင့် Phoenix အထူး ပြောက်ကျားတပ်ဖွဲ့(ရေစကြို) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီးပြည်သူကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိကြောင်း ရေစကြို PDFက ထုတ်ပြန်အသိပေးထားသည်။ LuduNwayOoနိုဝင်ဘာ 13, 2021
News စစ်ကောင်စီသတင်းပေးဟုဆိုသူအမျိုးသမီးတစ်ဦးအသတ်ခံရ "ညနေ ၄ နာရီကျော်လောက်က ပစ်တာ။ပစ်ပြီးလို့ နာရီဝက်ကျော်လောက်မှာ စခ တွေရောက်လာတယ်။ပြီးတော့ တစ်နာရီကျော် လောက် လမ်းပိတ်ပြီး စစ်တာတွေလုပ်ခဲ့တယ်"ဟု ၄၀ ရပ်ကွက်နေသူတစ်ဦးက ပြော သည်။ LuduNwayOoနိုဝင်ဘာ 13, 2021
News အရာတော်-မုံရွာကားလမ်းတွင်စစ်ကောင်စီကားတစ်စီးကိုမိုင်းဆွဲတိုက်ခိုက်ပြီး၊ မိုင်လာရှင်းသောစစ်သားများပါထိ့ အကြမ်းဖက်စစ်ကောင်စီက အရာတော်ရှိကျေးရွာများကိုရွာလုံးကျွတ်မီးရှို့ခြင်းနှင့်အမျိုးသားများကို PDF ဟု သတ်မှတ်၍ အကြမ်းဖက်သတ်ဖြတ်ခြင်းများပြုလုပ်နေသည်။ LuduNwayOoနိုဝင်ဘာ 13, 2021
News ဆမီးသို့ အင်အားဖြည့်လာသည့် စစ်ကြောင်းကို တိုက်ခိုက်စစ်ကောင်စီတပ်မှ ၁၁ဦးသေဟု ပလက်ဝCDF ပြော အခြေအနေက ယာဉ် ၂စီးနဲ့ အင်အာ ၆၀ ပလက်၀ မြို့နယ် ရဲ့ မြို့နယ်ခွဲ ဆမီးမြို့ကို အင်အားဖြည့်ဖို့လာတာ။ အဲဒါ ကျွန်တော်တို့ ပလက်၀နယ်ဘက်ကို ရောက်တဲ့အတွက် ကျွန်တော်တို့ ကြားကနေ ခြုံခိုပြီးတိုက်တာ” ဟု ၄င်က ပြောသည်။ LuduNwayOoနိုဝင်ဘာ 13, 2021
News စစ်ကောင်စီခန့်သံတမန် ၅ ဦးကို ဂျပန်အစိုးရလက်ခံ၊ မြန်မာနိုင်ငံရှိ ဂျပန်နိုင်ငံသားတွေအပေါ် သက်ရောက်မှုရှိလာမှာစိုးရိမ်တာကြောင့် လက်ခံရခြင်းဖြစ်တယ်လို့ဆို ဂျပန်အစိုးရဟာ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ဂျပန်နိုင်ငံသားတွေကို အကာအကွယ်ပေးရေးမှာ ဆိုးရွားတဲ့သက်ရောက်မှုတွေရှိလာနိုင်တာကို စိုးရိမ်တာကြောင့် စစ်ကောင်စီခန့်သံတမန်တွေကို ငြင်းဆန်ဖို့မတတ်နိုင်ဘူးလို့ နိုင်ငံခြားရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ LuduNwayOoနိုဝင်ဘာ 13, 2021
News ရွှေပြည်သာမြို့နယ်ရှိ စစ်ကောင်စီခန့်ရာအိမ်မှူးသေနတ်ဖြင့်ပစ်ခံရ၍သေဆုံး ယနေ့(နိုဝင်ဘာ ၁၃ ရက်)နံနက် ၈ နာရီအချိန်ခန့်ကရွှေပြည်သာမြို့နယ် အမှတ် ၁၁ရပ်ကွက် ရာအိမ်မှုး စိန်မြင့်(ခ)ဗိုလ်စိန်ကို နေအိမ် အပြင်၌ ရှိနေစဥ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 13, 2021
News စစ်ကောင်စီတပ်ယာဥ်တန်း ၃၀ကျော်ကို တိုက်ခိုက်ရာ ၁၅ဦးထက်မနည်းသေဟု ယောPDF ထုတ်ပြန် တိုက်ပွဲ ဖြစ်စဥ်မှာ နိုဝင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့ကာ ဗိုလ်အဆင့်တစ်ဦး သေဆုံးသူကို စစ်ကောင်စီမှ ရဟတ်ယာဉ်နှင့် သယ်ဆောင်သွားပြီး ရေမျက်နီ စခန်းမှူးလည်း ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း (YDF) မှ အတည်ပြုသည်။ LuduNwayOoနိုဝင်ဘာ 13, 2021
News တိုက်ရည်ခိုက်ရည်ရှိသည့် စစ်သားနည်းပါးခြင်းကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများနေဟု KNU တပ်မဟာ(၅)တာဝန်ရှိသူ သုံးသပ် “သူတို့မှာ တိုက်ရည်ခိုက်ရည်ကျွမ်းကျင်တဲ့ စစ်သားအဟောင်းတွေက သိပ်တောင်မရှိတော့ဘူးထင်တယ်။ နောက်လာတဲ့ စစ်သားက တပ်သားအသစ်တွေများတယ်လို့ ယူဆရတာပေါ့နော်။ သူတို့က တိုက်ပွဲမှာလည်း ကျွမ်းကျင်မှုသိပ်မရှိသေးဘူး။ ထိတွေ့မှု သိပ်နည်းသေးတဲ့ တပ်ဖွဲ့တွေဖြစ်မယ်လို့တော့ ယူဆတာပေါ့နော်” ၎င်းက ဆိုသည်။ LuduNwayOoနိုဝင်ဘာ 13, 2021