Connect with us

Hi, what are you looking for?

News

ရွှေပြည်သာ (၄)ရပ်ကွက်ရာအိမ်မှူးကို စစ်​ကောင်စီတပ်က မှားယွင်းပစ်သတ်

“ဆိုင်ကယ်ရပ် မပေးလို့ သုံးချက်လောက်ပစ် သံကြားရတာ။ပထမတော့ ခြိမ်းခြောက်ပစ်တာလို့ပဲသိတာ။နောက်မှ လူသေတယ်။သေတဲ့သူကလည်း ရာအိမ်မှူးတင်မောင်သန်းဖြစ်နေတာ”ဟု အမှတ် ၄ ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

People's Spring
People's Spring

ရွှေပြည်သာမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လမ်းပိတ်စစ်ဆေးစဥ် ဆိုင်ကယ်ရပ်မပေးသည့် ရာအိမ်မှူးကို အကြမ်းဖက်စစ်​ကောင်စီတပ်က ပစ်သတ်လိုက်ကြောင်း ဒေသခံများက ​ပြောသည်။

ယ​နေ့(နိုဝင်ဘာ ၁၄ ရက်) နံနက် ၁၁ နာရီခန့်က အမှတ် (၄)ရပ်ကွက် တော်ဝင်လမ်းအတွင်း ပစ်ခတ်မှုဖြစ်ပွားရာ အဆိုပါရပ်ကွက်ရာအိမ်မှူး ဦးတင်မောင်သန်း ​ပစ်သတ်ခံရခြင်းဖြစ်သည်။

“ဆိုင်ကယ်ရပ် မပေးလို့ သုံးချက်လောက်ပစ် သံကြားရတာ။ပထမတော့ ခြိမ်းခြောက်ပစ်တာလို့ပဲသိတာ။နောက်မှ လူသေတယ်။သေတဲ့သူကလည်း ရာအိမ်မှူးတင်မောင်သန်းဖြစ်နေတာ”ဟု အမှတ် ၄ ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ထို့အပြင် နိုဝင်ဘာ ၁၃ ရက်ကလည်း ရွှေပြည်သာမြို့နယ်ရှိအာဏာသိမ်းစစ်​ကောင်စီခန့်ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

၎င်းမှာအမှတ်(၁၁)ရပ်ကွက် ရာအိမ်မှုး စိန်မြင့်(ခ)ဗိုလ်စိန် ဖြစ်ပြီး နေအိမ်အပြင်ရှိနေစဥ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူ ရာအိမ်မှုးသည် ရပ်ကွက်အတွင်း ဒလန်ဟု အများကသတ်မှတ်ထားကာ စစ်ကောင်စီတပ်သားများနှင့် တွဲသွားတွဲလာရှိကြောင်း ဒေသခံအချို့က ​သတ်မှတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။