Connect with us

Hi, what are you looking for?

LuduNwayOo

News

ရွှေပြည်သာ (၄)ရပ်ကွက်ရာအိမ်မှူးကို စစ်​ကောင်စီတပ်က မှားယွင်းပစ်သတ်

“ဆိုင်ကယ်ရပ် မပေးလို့ သုံးချက်လောက်ပစ် သံကြားရတာ။ပထမတော့ ခြိမ်းခြောက်ပစ်တာလို့ပဲသိတာ။နောက်မှ လူသေတယ်။သေတဲ့သူကလည်း ရာအိမ်မှူးတင်မောင်သန်းဖြစ်နေတာ”ဟု အမှတ် ၄ ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

People's Spring
People's Spring

ရွှေပြည်သာမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လမ်းပိတ်စစ်ဆေးစဥ် ဆိုင်ကယ်ရပ်မပေးသည့် ရာအိမ်မှူးကို အကြမ်းဖက်စစ်​ကောင်စီတပ်က ပစ်သတ်လိုက်ကြောင်း ဒေသခံများက ​ပြောသည်။

ယ​နေ့(နိုဝင်ဘာ ၁၄ ရက်) နံနက် ၁၁ နာရီခန့်က အမှတ် (၄)ရပ်ကွက် တော်ဝင်လမ်းအတွင်း ပစ်ခတ်မှုဖြစ်ပွားရာ အဆိုပါရပ်ကွက်ရာအိမ်မှူး ဦးတင်မောင်သန်း ​ပစ်သတ်ခံရခြင်းဖြစ်သည်။

“ဆိုင်ကယ်ရပ် မပေးလို့ သုံးချက်လောက်ပစ် သံကြားရတာ။ပထမတော့ ခြိမ်းခြောက်ပစ်တာလို့ပဲသိတာ။နောက်မှ လူသေတယ်။သေတဲ့သူကလည်း ရာအိမ်မှူးတင်မောင်သန်းဖြစ်နေတာ”ဟု အမှတ် ၄ ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ထို့အပြင် နိုဝင်ဘာ ၁၃ ရက်ကလည်း ရွှေပြည်သာမြို့နယ်ရှိအာဏာသိမ်းစစ်​ကောင်စီခန့်ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

၎င်းမှာအမှတ်(၁၁)ရပ်ကွက် ရာအိမ်မှုး စိန်မြင့်(ခ)ဗိုလ်စိန် ဖြစ်ပြီး နေအိမ်အပြင်ရှိနေစဥ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူ ရာအိမ်မှုးသည် ရပ်ကွက်အတွင်း ဒလန်ဟု အများကသတ်မှတ်ထားကာ စစ်ကောင်စီတပ်သားများနှင့် တွဲသွားတွဲလာရှိကြောင်း ဒေသခံအချို့က ​သတ်မှတ်ထားသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။