Connect with us

Hi, what are you looking for?

News

မုံရွာတွင်တန်​ဆောင်မုန်းလပြည့်မှစ၍ ဆိုင်ကယ်တစ်စီးလျှင်အမျိုးသားနှစ်ဦးစီးလျှင်​၊အမျိုးသမီး​နောက်မှအမျိုးသားစီးလျှင်သေနတ်ဖြစ်ပစ်မည်ဟုစစ်​ကောင်စီခြိမ်း​ခြောက်

အကြမ်းဖက်စစ်ကောင်စီကို ခုခံတိုက်ခိုက်နေကြသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ဆိုင်ကယ်များဖြင့် လာရောက်ပစ်ခတ်နေကြ၍ ယခုလိုအမိန့်ထုတ်ပြန်ကာခြိမ်းခြောက်ခြင်းဖြစ်ကြောင်း မြို့ခံများက ​ပြောသည်။

(မိတ္ထီလာမြို့တွင်အာဏာသိမ်းစစ်​ကောင်စီတပ်ဖွဲ့ဝင်များကဆိုင်ကယ်တစ်စီးလျှင်အမျိုးသားနှစ်ယောက်အတူမစီးရန် စစ်ဆေးနေစဥ်။)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့(နိုဝင်ဘာ ၁၈)မှစတင်ကာ အမျိုးသားနှစ်ဦးဆိုင်ကယ်တစ်စီးထဲအတူစီးပါက ​သေနတ်ဖြင့်ပစ်ခတ်မည်ဟု အကြမ်းဖက်စစ်ကောင်စီက ခြိမ်းခြောက်နေကြောင်းဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက မုံရွာမြို့၌ ဆိုင်ကယ်တစ်စီးတွင် အမျိုးသား နှစ်ဦး မစီးရန်၊ အမျိုးသမီးတစ်ဦးနောက်တွင် အမျိုးသားတစ်ဦး လိုက်ပါစီးနင်းခြင်းမပြုရန် မြို့အဝင်နှင့်စစ်ဆေးရေးဂိတ်များတွင် စာကပ်ထားကြောင်း၊နိုဝင်ဘာလ ၁၅ ရက်နေ့အထိပညာပေးကာလအဖြစ် စစ်ဆေးဆောင်ရွက်မည်ဟုဆိုပြီး နိုဝင်ဘာလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့များတွင် ဖမ်းဆီးမည်ဖြစ်ကြောင်း၊နိုဝင်ဘာ၁၈မှစ၍ နောက်ရက်များတွင် အမေးအမြန်းမရှိ ပစ်ခတ်ဆောင်ရွက်ခြင်းများ ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီက ပြည်သူလူထုအား ခြိမ်းခြောက်သည်။

အမျိုးသားတစ်ဦးနောက်တွင် အမျိုးသမီးတစ်ဦးလိုက်ပါစီးနင်းနိုင်ပြီး အမျိုးသမီးနှစ်ဦးအတူစီးနင်းနိုင်သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီကို ခုခံတိုက်ခိုက်နေကြသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ဆိုင်ကယ်များဖြင့် လာရောက်ပစ်ခတ်နေကြ၍ ယခုလိုအမိန့်ထုတ်ပြန်ကာခြိမ်းခြောက်ခြင်းဖြစ်ကြောင်း မြို့ခံများက ​ပြောသည်။

Public Service Announcement

Public Service Announcement

“ဆိုင်ကယ်ကယ်ရီတွေကော အထူးသဖြင့် ဆီစျေးတက်လို့ အလုပ်ကိုဆိုင်ကယ်တစ်စီးထဲအတူသွားနေရတဲ့သူတွေ ဘယ်လိုလုပ်ကြမလဲ။”ဟု မြို့ခံတစ်ဦးက ပြောသည်။

မုံရွာမြို့တင်မက ရန်ကုန်၊ မန္တလေးရှိမြို့နယ်အချို့၊ မိတ္ထီလာအပါအဝင်ဒေသအချို့တွင် ဆိုင်ကယ်တစ်စီးလျှင်အမျိုးသားနှစ်ဦးမစီးရန်အပါအဝင် အမျိုးစုံသောတင်းကြပ်မှုများပြုလုပ်နေသည်။ယခင်စစ်အစိုးရလက်ထက်အပါအဝင် ​ခေတ်အဆက်ဆက် ဆိုင်ကယ်တစ်စီးလျှင် အမျိုးသားနှစ်ဦးမစီးရန်၊ အမျိုးသမီး​နောက်မှ အမျိုးသားလိုက်မလိုက်ရန်
ကန့်သတ်မှုမျိုးမရှိခဲ့​ဖူးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။