Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် KNDF ထံ လူထု၏ပူးပေါင်းပါဝင်လာမှု ပိုများလာ

နိုဝင်ဘာ ၁၃ရက်က KNDF တပ်ရင်း(၁၄)၏ သင်တန်း ဆင်းပွဲ ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် KNDF ပြောရေးဆိုခွင့်ရှိသူက လူထုပူးပေါင်းပါဝင်လာမှု အခြေအနေကို ပြောပြခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် ကရင်နီဒေသကာကွယ်ရေးတပ်ဖွဲ့(KNDF)ထံသို့ အဖွဲ့ဝင်အဖြစ် လူထု၏ ပူးပေါင်းပါဝင်လာမှု ပိုမိုများပြားလာကြောင်း KNDF ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

နိုဝင်ဘာ ၁၃ရက်က KNDF တပ်ရင်း(၁၄)၏ သင်တန်း ဆင်းပွဲ ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် KNDF ပြောရေးဆိုခွင့်ရှိသူက လူထုပူးပေါင်းပါဝင်လာမှု အခြေအနေကို ပြောပြခြင်းဖြစ်သည်။

KNDF အနေဖြင့် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်သည့် တိုက်ပွဲများ တစ်နေ့တစ်ခြား များလာသကဲ့သို့ ကျဆုံးသူများလည်းရှိလာကြောင်း၊ တစ်ဆက်တည်တွင် KNDFထံ လူထုပူးပေါင်းပါဝင်လာမှုလည် ပိုများလာကြောင်း ၎င်းက ဆိုသည်။

“KNDFရဲ့ စုဖွဲ့မှုပုံစံ KNDF ရဲ့အနေအထားတွေအားလုံးက ဒီပြည်နယ်မှာရှိနေတဲ့ လူငယ်ထုတွေရဲ့ အနေအထားတစ်ခုကို လူငယ်ထုရဲ့ သဘောထားတွေ ရှိနေတဲ့ အနေ အထားဖြစ်တော့ အားလုံးကတော့ပူးပေါင်းလာကြတဲ့ အနေအထားရှိတယ်လို့ ယူဆတယ်”ဟု KNDF ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

KNDFသည် နွေဦးတော်လှန်ရေးကာလတွင် ပေါ်ပေါက်လာသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီ ကရင်နီအမျိုသားတိုးတက်ရေးပါတီ(KNPP)၏ လက်အောက်ခံတပ်ဖြစ်သော ကရင်နီအမျိုးသာတပ်မတော်(KA)နှင့်အတူ စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

“KNDFနဲ့ KAနဲ့က အမြဲတမ်း စစ်ကောင်စီကို တော်လှန် ရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်နေတာရှိတယ်။ ဒါက စစ်အာဏာသိမ်းပြီးကတည်းက KNDFစ တင်ဖြစ်ပေါ်လာတဲ့ အနေအထားကနေ စပြီးတော့ အဲဒီလို ဖြစ်ခဲ့တာပေါ့။ KAနဲ့ KNDFနဲ့ကလောလောဆယ်ကတော့ အမိန့်စီးဆင်းမှု ပုံစံက တစ်နေရာတည်းပဲ ဖြစ်တယ်ဆိုတာတော့ ငြင်းလို့ မရဘူးပေါ့။ထိုနည်းတူ KNDFရဲ့ နောက်ထပ် အခြေအနေတစ်ခုက ဒီပြည်နယ်မှာ ရှိတဲ့မိခင်ဒေသအသီး သီးရဲ့လမ်း ညွှန်မှုကိုလည်းသွေဖယ်မှုမရှိအောင်လည်း လုပ်ဆောင်လေ့ရှိတဲ့ တော်လှန်ရေးတပ်တစ်ခုဆိုလည်း မမှားဘူးပေါ့”ဟု KNDF ပြောရေးဆို ခွင့်ရှိသူက ပြောသည်။

ကရင်နီလူမျိုးများနေထိုင်ရာ ကယားပြည်နယ်ရှိ မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် KNDF၊ KAတို့အပြင်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကလည်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမေလ ၂၀ရက်မှစ၍ ကရင်နီဒေသ၌ တိုက်ပွဲများ စတင်ခဲ့ရာ လက်ရှိတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook