Connect with us

Hi, what are you looking for?

News

PRAနှင့်ပုလဲPDFပူး​ပေါင်းတိုက်၍ စစ်​ကောင်စီတပ် ၂၀နည်းမနည်း​သေဆုံး

“စောင့်တိုက်တာ က သတင်းကြိုရတာပါတယ်။အရင်လို မိုင်းဆွဲတာမဟုတ်ဘဲ မောင်းပြန်တွေနဲ့ပဲ ဆော်တယ်။မိုင်းထားဖို့ အချိန်မရှိတော့လို့။ အဲဒါကြောင့် လည်းဒီထက်ပိုမသေတာ”ဟု ဗိုလ်ဂျပန်က ပြောသည်။

ခင်အေး-ပုလဲလမ်းမပေါ်တွင် PRAနှင့် ပုလဲ PDFတို့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂၀ ထက် မနည်းသေဆုံးကြောင်းပြည်သူ့တော်လှန်ရေးတပ်မတော်-PRA ဦးဆောင်သူ ဗိုလ်ဂျပန်က ပြောသည်။

ယ​နေ့(နိုဝင်ဘာ ၁၃ ရက်) မွန်းလွှဲ ၂ နာရီခွဲကစ၍ စစ်ကိုင်းဘက်က ဆင်းလာသည့် အရေအတွက် ၈၀ ကျော်ပါ စစ်ကောင်စီတပ်ကို သတင်းအရ စောင့်ဆိုင်းတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်​ကြောင်း ၎င်းက ဆိုသည်။

“စောင့်တိုက်တာ က သတင်းကြိုရတာပါတယ်။အရင်လို မိုင်းဆွဲတာမဟုတ်ဘဲ မောင်းပြန်တွေနဲ့ပဲ ဆော်တယ်။မိုင်းထားဖို့ အချိန်မရှိတော့လို့။ အဲဒါကြောင့် လည်းဒီထက်ပိုမသေတာ”ဟု ဗိုလ်ဂျပန်က ပြောသည်။

စစ်ကိုင်း-မကွေးအစပ် နတ်ထိပ်(ပုံတောင်)ဘက်မှဆင်းလာသော အင်အား ၈၀ခန့်ရှိ စစ်ကောင်စီတပ်အား ကျောက်ဖြူတောင်ကွေ့တွင် ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA) တပ်ရင်း(၂) နှင့် Pale PDF-Headquartersအဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။တိုက်ပွဲမှာ တစ်နာရီနီးပါးကြာမြင့်ခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် တော်လှန်ရေးအားကောင်းသည့် ပုလဲ ​မြို့နယ်အတွင်းသို့ စစ် ကြောင်းထိုး​နေပြီး ပုလဲဒေသအတွင်းအင်အား ၅၀၀နှင့်အထက် ရောက်ရှိနေပြီဟု PRAကဆိုသည်။

(တိုက်ပွဲ အပြီးတွင်မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့​သောPRA တပ်ဖွဲ့ဝင်များ )

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook