Connect with us

Hi, what are you looking for?

News

PRAနှင့်ပုလဲPDFပူး​ပေါင်းတိုက်၍ စစ်​ကောင်စီတပ် ၂၀နည်းမနည်း​သေဆုံး

“စောင့်တိုက်တာ က သတင်းကြိုရတာပါတယ်။အရင်လို မိုင်းဆွဲတာမဟုတ်ဘဲ မောင်းပြန်တွေနဲ့ပဲ ဆော်တယ်။မိုင်းထားဖို့ အချိန်မရှိတော့လို့။ အဲဒါကြောင့် လည်းဒီထက်ပိုမသေတာ”ဟု ဗိုလ်ဂျပန်က ပြောသည်။

ခင်အေး-ပုလဲလမ်းမပေါ်တွင် PRAနှင့် ပုလဲ PDFတို့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂၀ ထက် မနည်းသေဆုံးကြောင်းပြည်သူ့တော်လှန်ရေးတပ်မတော်-PRA ဦးဆောင်သူ ဗိုလ်ဂျပန်က ပြောသည်။

ယ​နေ့(နိုဝင်ဘာ ၁၃ ရက်) မွန်းလွှဲ ၂ နာရီခွဲကစ၍ စစ်ကိုင်းဘက်က ဆင်းလာသည့် အရေအတွက် ၈၀ ကျော်ပါ စစ်ကောင်စီတပ်ကို သတင်းအရ စောင့်ဆိုင်းတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်​ကြောင်း ၎င်းက ဆိုသည်။

“စောင့်တိုက်တာ က သတင်းကြိုရတာပါတယ်။အရင်လို မိုင်းဆွဲတာမဟုတ်ဘဲ မောင်းပြန်တွေနဲ့ပဲ ဆော်တယ်။မိုင်းထားဖို့ အချိန်မရှိတော့လို့။ အဲဒါကြောင့် လည်းဒီထက်ပိုမသေတာ”ဟု ဗိုလ်ဂျပန်က ပြောသည်။

စစ်ကိုင်း-မကွေးအစပ် နတ်ထိပ်(ပုံတောင်)ဘက်မှဆင်းလာသော အင်အား ၈၀ခန့်ရှိ စစ်ကောင်စီတပ်အား ကျောက်ဖြူတောင်ကွေ့တွင် ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA) တပ်ရင်း(၂) နှင့် Pale PDF-Headquartersအဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။တိုက်ပွဲမှာ တစ်နာရီနီးပါးကြာမြင့်ခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် တော်လှန်ရေးအားကောင်းသည့် ပုလဲ ​မြို့နယ်အတွင်းသို့ စစ် ကြောင်းထိုး​နေပြီး ပုလဲဒေသအတွင်းအင်အား ၅၀၀နှင့်အထက် ရောက်ရှိနေပြီဟု PRAကဆိုသည်။

(တိုက်ပွဲ အပြီးတွင်မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့​သောPRA တပ်ဖွဲ့ဝင်များ )

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား