Connect with us

Hi, what are you looking for?

LuduNwayOo

News

နတ်​မောက်​ဈေးမီး ဆိုင်ခန်း​​ပေါင်း ၂၄၂ ခန်း ဆုံးရှုံး၊ စစ်​ကောင်စီတပ်ကမီးရှို့ခြင်းဟု ပြည်သူများသုံးသပ်

“မြို့မစျေးက ဒေသခံတွေ အားထားရတဲ့စျေး။ မီးမလောင်ခင် ယခင်ရက်တွေကတည်းက စျေးထဲမှာ ဟိုပစ္စည်းပျောက်၊ ဒီပစ္စည်းပျောက်နဲ့။ ပြည်သူတွေအပြင်မထွက်ရဲချိန် စစ်တပ်ပဲလမ်းပေါ်ရှိတာ။ အခုလည်း သူတို့ ရည်ရွယ်ချက်ရှိရှိလုပ်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

နတ်မောက်မြို့မစျေး မီးလောင်မှုအတွင်း ဆိုင်ခန်းပေါင်း ၂၄၂ခန်း ဆုံးရှုံးခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီနပ်ကမီး ရှို့ခြင်းဟု ဒေသခံများက သုံးသပ်ကြသည်။

နတ်မောက်မြို့ရှိ အဓိကစျေးကြီးဖြစ်သော မြို့မစျေးသည် ယမန်နေ့(နိုဝင်ဘာ ၁၃)ညကိုးနာရီခန့်ကစ၍ မီးလောင်ခဲ့ပြီး ည ၁၁နာရီကျော်မှသာ မီးငြိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်ရသည့်အကြောင်းရင်းကို တိတ်ကျကျ မသိရသေးသော်လည်း အကြမ်းဖက်စစ်ကောင်စီက ရှို့ခြင်းဟု ဒေသခံများကပြောသည်။

“မြို့မစျေးက ဒေသခံတွေ အားထားရတဲ့စျေး။ မီးမလောင်ခင် ယခင်ရက်တွေကတည်းက စျေးထဲမှာ ဟိုပစ္စည်းပျောက်၊ ဒီပစ္စည်းပျောက်နဲ့။ ပြည်သူတွေအပြင်မထွက်ရဲချိန် စစ်တပ်ပဲလမ်းပေါ်ရှိတာ။ အခုလည်း သူတို့ ရည်ရွယ်ချက်ရှိရှိလုပ်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

ဆိုင်ခန်းမီးလောင်ဆုံးရှုံးခဲ့သော ဒေသခံတစ်ဦးကလည်း” “စစ်တပ်က လူထုကို ရိက္ခာ ဖြတ်တာနေမယ်။ ဈေးမီးလောင်မှ ကုန်ဈေးနှုန်းတက်မှာ။ လူထုက သူ့အပူနဲ့သူ ရှိနေမှ သူတို့ကို မတော်လှန်နိုင်မှာ ဆိုပြီး ယုတ်ပတ်တာ” ဟုသုံးသက်သည်။

Public Service Announcement

Public Service Announcement

ဗိုလ်ချုပ်အောင်ဆန်း၏ဇာတိဖြစ်သော မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် ဖြစ်ခဲ့သည့် နှစ်နာရီခန့်ကြာ မီးလောင်မှုအတွင်း ဆိုင်ခန်းပေါင်း ၂၄၂ခန်း ဆုံးရှုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။