Connect with us

Hi, what are you looking for?

LuduNwayOo

News

အရပ်သားကား​ယောင်​ဆောင်ပြီး ကင်းပတ်​နေ​သော စစ်​ကောင်စီတပ်သားနှင့်ပျူ​စောထီးတို့ပါသည့်ကားကို YOS တိုက်ခိုက်

တိုက်ခိုက်မှုဖြစ်စဥ်တွင် သေဆုံးသွားသော စစ်ကောင်စီ နှင့် ပျူစောထီး အရေအတွက်ကိုလည်း စုံစမ်းနေသည်ဟု YSO က အသိပေးသည်။

People's Spring
People's Spring

အရပ်သားကားအယောင်ဆောင်၍ ကင်းပတ်နေသော စစ်ကောင်စီတပ်သားများ နှင့် ပျူစောထီးများပါရှိသည့် ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Urban Underground Revolution Force -YSOက ထုတ်ပြန်သည်။

နိုဝင်ဘာ၁၄ရက် ည၁၀နာရီ၂မိနစ်အချိန်တွင် ရေစကြိုမြို့နယ်တာတိုင်နှင့် မြောက်ပြင်ကြားတွင်မိုင်းနှစ်လုံးဆွဲတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီနှင့် ပျူစောထီးများစီးလာသည့် ကားမှာ အလုံးစုံနီးပါး ပျက်စီးခဲ့သည်ဟု YSOက ဆိုသည်။

တိုက်ခိုက်မှုဖြစ်စဥ်တွင် သေဆုံးသွားသော စစ်ကောင်စီ နှင့် ပျူစောထီး အရေအတွက်ကိုလည်း စုံစမ်းနေသည်ဟု YSO က အသိပေးသည်။

နိုဝင်ဘာ ၁၃ ရက်ကလည်းရေစကြိုမြို့နယ်၊ ပခန်းငယ်ရဲစခန်းအား YSO နှင့်အတူ ဒေသခံ ပြည်သူ့တပ်ဖွဲ့ ခုနစ်ခု ပူးပေါင်း၍ သိမ်းပိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။