Connect with us

Hi, what are you looking for?

News

အရပ်သားကား​ယောင်​ဆောင်ပြီး ကင်းပတ်​နေ​သော စစ်​ကောင်စီတပ်သားနှင့်ပျူ​စောထီးတို့ပါသည့်ကားကို YOS တိုက်ခိုက်

တိုက်ခိုက်မှုဖြစ်စဥ်တွင် သေဆုံးသွားသော စစ်ကောင်စီ နှင့် ပျူစောထီး အရေအတွက်ကိုလည်း စုံစမ်းနေသည်ဟု YSO က အသိပေးသည်။

People's Spring
People's Spring

အရပ်သားကားအယောင်ဆောင်၍ ကင်းပတ်နေသော စစ်ကောင်စီတပ်သားများ နှင့် ပျူစောထီးများပါရှိသည့် ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Urban Underground Revolution Force -YSOက ထုတ်ပြန်သည်။

နိုဝင်ဘာ၁၄ရက် ည၁၀နာရီ၂မိနစ်အချိန်တွင် ရေစကြိုမြို့နယ်တာတိုင်နှင့် မြောက်ပြင်ကြားတွင်မိုင်းနှစ်လုံးဆွဲတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီနှင့် ပျူစောထီးများစီးလာသည့် ကားမှာ အလုံးစုံနီးပါး ပျက်စီးခဲ့သည်ဟု YSOက ဆိုသည်။

တိုက်ခိုက်မှုဖြစ်စဥ်တွင် သေဆုံးသွားသော စစ်ကောင်စီ နှင့် ပျူစောထီး အရေအတွက်ကိုလည်း စုံစမ်းနေသည်ဟု YSO က အသိပေးသည်။

နိုဝင်ဘာ ၁၃ ရက်ကလည်းရေစကြိုမြို့နယ်၊ ပခန်းငယ်ရဲစခန်းအား YSO နှင့်အတူ ဒေသခံ ပြည်သူ့တပ်ဖွဲ့ ခုနစ်ခု ပူးပေါင်း၍ သိမ်းပိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook