News မြန်မာနိုင်ငံကို လာမယ့် ခရီးသည်တွေ ကွာရင်းတင်း ၇ ရက် ဝင်ရမယ်လို့စစ်ကောင်စီကြေညာ အဲဒီနောက် ပြည်တွင်းမှာ ကွာရင်တင်း ၇ ရက်ဝင်ရမှာဖြစ်ကာ ကွာရင်းတင်းကာလအတွင်းကိုဗစ် ထပ်စစ်မှာဖြစ်ပြီး ကုန်ကျစရိတ်ကိုကာယကံရှင်က ကျခံရမှာဖြစ်ပါတယ်။ LuduNwayOoနိုဝင်ဘာ 5, 2021
News ပျူစောထီးတစ်ဦးနှင့်စစ်ကောင်စီသတင်းပေးအုပ်ချုပ်ရေးမှူးဟုဆိုသူတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ အဆိုပါပျူစောထီးအဖွဲ့ဝင် နေအိမ်မှ လက်လုပ်သေနတ်နှစ်လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ပူးပေါင်းအဖွဲ့၏ ပစ်ခတ်မှုကြောင့် ပျူစောထီးထွန်းဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပေါက်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း MGPDFက ဖော်ပြသည်။ LuduNwayOoနိုဝင်ဘာ 5, 2021
News ၁၁ နှစ်ကြာဖော်ပြလာသောရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာအချက်အလက်များကို စစ်ကောင်စီဖယ်ရှား၊ ပြည်ပရင်းနှီးမြှပ်နှံမှုမရှိတော့၍ ၂၀၁၀ရှေ့စစ်အစိုးရခေတ်ကကဲ့သို့ပြန်လုပ်ခြင်းဟုသုံးသပ် အာဏာလုစစ်ကောင်စီလက်ထက်တွင် ရင်းနှီးမြှပ်နှံမူများဝင်ရောက်မူမရှိသောကြောင့် ဖော်ပြရန် ကိန်းဂဏန်းများမရှိသောကြောင့် ယခုလိုပယ်ဖျက်လိုက်ခြင်းဖြစ်သည်ဟု ရင်းနှီးမြှပ်နှံမူဆိုင်ရာအကြံပေးကုမ္ပဏီပိုင်ရှင်တစ်ဦးကပြောသည်။ LuduNwayOoနိုဝင်ဘာ 5, 2021
News မန္တလေးမြို့ပေါ်က မြို့နယ်နဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးအချို့ကို စစ်ကောင်စီ သေနတ်ထုတ်ပေး ပစ္စတို နဲ့ခြောက်လုံးပြုး အသုံးပြုခွင့်ပြုလိုက်တာလို့ ချမ်းမြသာစည်မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနဲ့နီးစပ်သူကပြောပါတယ်။ LuduNwayOoနိုဝင်ဘာ 5, 2021
News အောက်တိုဘာလအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၇၀ကျော်သေဟု KNU ထုတ်ပြန် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ အောက်တိုဘာလအတွင်း တိုက်ပွဲ ၂၇၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၇၁ ဦးသေဆုံးကာ ၂၆၆ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု KNU ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ LuduNwayOoနိုဝင်ဘာ 5, 2021
News တန့်ဆည် အထက(၂)အနီး ဗုံးပေါက်စဉ် စစ်ကောင်စီတပ်မှရမ်းပစ်၍ အမျိုးသမီးတစ်ဦးသေဆုံး စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် အမျိုးသမီးမှာ တန့်ဆည်အထက(၂)အနီးနေထိုင်သူဖြစ်ပြီး ဦးကျော်လွင်ဆိုသူ၏သမီးဖြစ်ကြောင်း ဒေသခံတစ်ဦးက အတည်ပြုသည်။ LuduNwayOoနိုဝင်ဘာ 5, 2021
News ရေဦးမြို့နယ်၊ တင်းတမ်ရံရွာအဝင်တဲတွင် စု၍ဂိမ်းကစားပြီးစကားပြောနေသောလူငယ်များကို စစ်ကောင်စီတပ်ကဖမ်းဆီးကာPDF ဟုလုပ်ကြံဓါတ်ပုံရိုက်ဝါဒဖြန့် "ဘာ PDF မဟုတ်ပါဘူးဗျာ။ သူတို့မှာ လက်နက်ဆိုလို့ လေးခွတောင်မပါပါဘူး။ မနေ့က မိုးအေးအေးနဲ့ဆိုတော့ ကလေးတွေက ရွာထိပ်တဲမှာစုထိုင်ပြီး ဂိမ်းဆော့ စကားပြောနေကြတုန်း ရောက်လာပြီး ဖမ်းသွားတာပဲ"ဟု ဒေသခံတစ်ဦးက ပြောသည်။ LuduNwayOoနိုဝင်ဘာ 5, 2021
ဗီဒီယို ဖယ်ခုံတွင် ယနေ့နံနက်စ၍ တိုက်ပွဲဖြစ်ပွားနေ ဖယ်ခုံမြို့နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား ယမန်နေ့(နိုဝင်ဘာ ၄ရက်)တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ကျော်သေဆုံးကြောင်း ထုတ်ပြန်ထားသည်။ LuduNwayOoနိုဝင်ဘာ 5, 2021
News ဖယ်ခုံတိုက်ပွဲတွင်စစ်ကောင်စီတပ် ၂၀ကျော်သေ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာနှင့် စက်တော်ကျေးရွာ အနီးတဝိုက်တွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် အလယ်ပိုင်းတိုင်း PDFမှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်းဖော်ပြထားသည်။ LuduNwayOoနိုဝင်ဘာ 5, 2021
News မန္တလေးတွင် စစ်ကောင်စီ၏သတင်းပေး ဒလန်တစ်ဦး နေအိမ်တွင် ပစ်သတ်ခံရ အဆိုပါပစ်ခတ်မှုကြောင့် ဦးမျိုးနိုင်သည် နေရာတွင်ပွဲချင်းပြီးသေဆုံးသွားကြောင်း ထုတ်ပြန်ချက်က ဆို သည်။ LuduNwayOoနိုဝင်ဘာ 4, 2021