News ဖယ်ခုံဒေသတွင် စစ်ကောင်စီတပ်ထိုးစစ်ကြောင့် စစ်ရှောင်ဦးရေ ၂,၀၀၀ ကျော်ရှိလာ ဖယ်ခုံမြို့အတွင်း စစ်ဘေးရှောင်နေရသည့် ကျေးရွာများမှာ ရွှေပြည်အေး(ကသဲ)၊ခေါင်းအိ၊လွယ်လုံနှင့် လွယ်ဝှဲကျေးရွာတို့ ဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 4, 2021
News မတူပီ-ပလက်၀လမ်းတိုက်ပွဲ စစ်ကောင်စီတပ်မှ ၂၀ခန့်သေဟု CDF ထုတ်ပြန် စစ်ကောင်စီတပ်များသည် မတူပီ - ပလက်၀လမ်း တွီရှစ်ရွာသို့ ဝင်ရောက်ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း ဖော်ပြထားသည်။ LuduNwayOoနိုဝင်ဘာ 4, 2021
News တရုတ်ဝမ်ပေါင်ကုမ္ပဏီကို ပို့ကုန်ရငွေဒေါ်လာသန်း၁၀၀ ပြည်တွင်းပြန်ယူမလာလျှင်တရားစွဲမည်ဟု စစ်ကောင်စီ၏ ဗဟိုဘဏ်ခြိမ်းခြောက် အခုဗဟိုဘဏ်က ဒေါ်လာအရံငွေပြတ်တော့မယ်ဆိုတော့ ပို့ကုန်လုပ်ငန်းရှင်တွေကို တင်းကျပ်လာတဲ့ သဘောပဲ။ လုပ်ငန်းရှင်တွေကလဲ ကျပ်ငွေက မတည်ငြိမ်တော့ ပို့ကုန်ရငွေတွေကို ပြည်တွင်းမယူလာချင်ကြဘူး။ ပြည်တွင်းမှာက ဒေါ်လာငွေပြတ်လပ်တော့မယ့် ခေါင်းလောင်းသံပေါ့ LuduNwayOoနိုဝင်ဘာ 4, 2021
News တက္ကသိုလ်တွေပြန်ဖွင့်ဖို့ ကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့စစ်ကောင်စီစီစဉ် စစ်ကောင်စီဟာအာဏာသိမ်းပြီးနောက် တိုင်းပြည် ပုံမှန်အတိုင်းလည်ပတ်နေတယ်ဆိုပြီး နိုင်ငံတကာကို ပြသချင်တဲ့အတွက် ကျောင်းတွေ၊တက္ကသိုလ်တွေကို ဖွင့်လှစ်ဖို့စိုင်းပြင်းနေတာပါ။ LuduNwayOoနိုဝင်ဘာ 3, 2021
News ကျပ်သိန်း၂၀၀ထက်ပိုသော ရောင်းဝယ်မှုနှင့် ဝန်ဆောင်မှုများ ဘဏ်စနစ်ဖြင့် ငွေပေးချေရမည်ဟု စစ်ကောင်စီ ၏ ဗဟိုဘဏ်ဆိုပြန် ငွေပေးချေမှုစနစ် ပိုမိုထိရောက်စွာ အကောင် အထည်ဖော်ရန် အခြေပစ္စည်း(အိမ်၊ခြံ၊မြေ)နှင့် ကုန်ပစ္စည်းရောင်းခြင်း၊ဝယ်ခြင်း၊လွှဲပြောင်းခြင်းများအတွက် ငွေပေးချေမှုကို ကျပ်သိန်း ၂၀၀ထက် မပိုစေရဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဆိုသည်။ LuduNwayOoနိုဝင်ဘာ 3, 2021
News မင်းတပ်-မတူပီလမ်းတိုက်ပွဲစစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေ၊ အသက် ၇၀ကျော်CDFတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး အောက်တိုဘာ ၃၀ရက်ကလည်း မတူပီ- ပလက်၀ လမ်း တွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို မတူပီ CDFက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ LuduNwayOoနိုဝင်ဘာ 3, 2021
News ကလေးမြို့နယ်တိုက်ပွဲစစ်ကောင်စီတပ် ၄၇ ဦးသေ ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ဦးကျဆုံး ယနေ့တိုက်ပွဲတွင်သေဆုံးသွားသောစစ်ကောင်စီတပ်သားအလောင်း ၄၇ လောင်းကလေးစစ်ကောင်စီဆေးရုံသို့ရောက်လာသည်ဟုအတည်ပြုနိုင်ကြောင်း ကလေး PDF ကထုတ်ပြန်သည်။ ပြည်သူ့တပ်ဖွဲ့များဘက်က ၁ ဦးကျဆုံးခဲ့သည်။ LuduNwayOoနိုဝင်ဘာ 3, 2021
News အောက်တိုဘာလအတွင်း စစ်ကောင်စီရဲ့ မတရားဖမ်းဆီးမှုနဲ့ သတ်ဖြတ်မှုစာရင်း စစ်ကောင်စီရဲ့အညှိုးထားတိုက်ခိုက်မှုကြောင့် အောက်တိုဘာလအတွင်းမှာ အရပ်သား ပြည်သူ ၇၉ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ LuduNwayOoနိုဝင်ဘာ 3, 2021
News မြောင်မြို့နယ်တွင်စစ်ကောင်စီတပ်ကခရီးတင်ကားများအသုံးပြုနေ၍ ခရီးသည်တင်ကားသွားလာခွင့်ကိုတားမြစ် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်အား ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြန်လည်ခုခံတိုက်ခိုက်နေကြသည်။ LuduNwayOoနိုဝင်ဘာ 3, 2021
News ကရင်ပြည်နယ်နေ့ပွဲတော်ကျင်းပဖို့စီစဥ်နေတဲ့စစ်ကောင်စီက ဘားအံမှာ ပုဒ်မ ၁၄၄ ထုတ်ပြန် ဘားအံမြို့နယ်အတွင်း လမ်းမကြီးနဲ့ အများပြည်သူသွားရာလမ်း လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်နဲ့ အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ လူ ၅ ဦး ဒါမှမဟုတ် ၅ ဦးထက်ပိုပြီး စုဝေးတာမပြုလုပ်ဖို့၊ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။ LuduNwayOoနိုဝင်ဘာ 3, 2021