Connect with us

Hi, what are you looking for?

News

ကလေးမြို့နယ်တိုက်ပွဲစစ်ကောင်စီတပ်နှစ်ဦးသေ၊ အများအပြားဒဏ်ရာရ

နိုဝင်ဘာ ၃ရက်တိုက်ပွဲတွင်စစ်ကောင်စီတပ်သား ၅၀ခန့်သေဆုံးကာအထိနာခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကလေးမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ဆက်လက်မွှေ‌နှောက်နေသည်ဟု ဒေသခံများကပြောသည်။

တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည့် ကလေးမြို့နယ်တွင် ယနေ့(နိုဝင်ဘာ၅ ရက်)တွင်လည်းအာဏာသိမ်းစစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံး၍ အများအပြားထိခိုက်ဒဏ်ရာရသွားကြောင်း PDF (ကလေး)ကထုတ်ပြန်သည်။

ယနေ့နံနက် ၈ နာရီခွဲခန့်တွင် ကလေးမြို့ဘက်မှ ဦးတည်မောင်းနှင်လာသောစစ်ကားသုံးစီးပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများ၏ယာဉ်တန်းကို သာယာကုန်းရွာနှင့် ထောက်ကြံ့ရွာကြားတွင် PDF (ကလေး)တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား တစ်စီးထိမှန်ကာ ပက်လက်လှန်သွားခဲ့ပြီးနှစ်ဦးသေဆုံး၍ အများအပြား ထိခိုက်ဒဏ်ရာရသွားကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နိုဝင်ဘာ ၃ရက်တိုက်ပွဲတွင်စစ်ကောင်စီတပ်သား ၅၀ခန့်သေဆုံးကာအထိနာခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကလေးမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ဆက်လက်မွှေ‌နှောက်နေသည်ဟု ဒေသခံများကပြောသည်။

ကားအစီး ၃၀ ကျော်ပါဝင်သည့် အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းသည် မှန်တောကျေးရွာအတွင်း ဝင်ရောက်၍ ရမ်းကားပစ်ခတ်မှုများကြောင့် ရွာအတွင်းမှ နေအိမ်အမြာက်အများပျက်စီးခဲ့သည်ဟုPDF (Kalay)က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

နေအိမ် ၁၁ လုံးအတွင်းမှ တန်ဖိုးငွေ သိန်းနှစ်ရာကျပ်
တန်ဖိုးရှိသည့် အဖိုးတန်ပစ္စည်းများစွာအပြင်နာတာရှည်ရောဂါခံစားနေရသူတစ်ဦး၏ အိမ်မှအောက်စီဂျင်စက်အကြီးတစ်လုံးကိုပါ လုယူသယ်ဆောင်သွားခဲ့သည်ဟုဖော်ပြထားသည်။ ထို့အပြင်ဒေသခံတောင်သူတစ်ဦး၏ နွားရောင်းရငွေ ၂၁သိန်းကိုလည်း သေနတ်ထောက် ခြိမ်းခြောက်လုယူသွားခဲ့သည်ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

နိုဝင်ဘာ ၄ရက်က တိုက်ပွဲသည် ကလေးမြို့နယ်တွင် တာဝန်ကျနေသည့် စစ်ကောင်စီ ဗိုလ်မှုးသန်းနိုင်၏မယားငယ်စီးလာသောကားကို PDFကတားရပ်မပေးသဖြင့်သေနတ် ဖြင့်ပစ်ခတ်ရာအပြန်အလှန်ပစ်ခတ်ပြီးသေနတ်မှန်သေဆုံးသွားရာမှစ၍ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။သို့သော် အဆိုပါသတင်းကို People’s Spring သတင်းဌာနကသီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။