Connect with us

Hi, what are you looking for?

News

ဖယ်ခုံ၌ တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးဟု PDF ထုတ်ပြန်

ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ဦးသေဆုံးပြီး PDFနှင့် မဟာမိတ်တပ်ဖွဲ့ဝင်များဘက်က တစ်ဦးကျဆုံးခဲ့ကြောင်း ထပ်မံ၍ထုတ်ပြန် ဖော်ပြထားသည်။

ဓာတ်ပုံ - ဒီးမော့ဆို PDF

–PDFဘက်မှ တစ်ဦးကျဆုံးပြီး အရပ်သားအချို့လည်း လက်နက်ကြီးထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေး ရွာတွင် ယနေ့(နိုဝင်ဘာ၅ရက်) တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ဒဏ်ရာရသူရှိခဲ့သည်ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်သည်။

အဆိုပါဒေသသို့ စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာ၍ ဒီးမော့ဆို PDF အပါအဝင် ဒေသတွင်းရှိ PDFတပ်များ၊ ကရင်နီတပ်ဖွဲ့များကပူးပေါင်း၍ ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ဦးသေဆုံးပြီး PDFနှင့် မဟာမိတ်တပ်ဖွဲ့ဝင်များဘက်က တစ်ဦးကျဆုံးခဲ့ကြောင်း ထပ်မံ၍ထုတ်ပြန် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – ဒီးမော့ဆို PDF

ကနဦး ထုတ်ပြန်ချက်တွင် ဒီးမော့ဆို PDFမှ ဒဏ်ရာပြင်းထန်သူ ၂ဦးရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ ထိုးစစ်ကို ၃ရက်ကြာ အပြင်းအထန် ကြိုးစားကာကွယ်ခဲ့ကြောင်း၊ သို့ရာတွင် လက်နက်အင်အားမမျှ၍ ယနေ့ နေ့လည်ပိုင်းတွင် PDFနှင့် မဟာမိတ်တပ်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဒီးမော့ဆို PDFက ထုတ်ပြန်သည်။

ဓာတ်ပုံ – ဒီးမော့ဆို PDF

စစ်ကောင်စီတပ်များက ခေါင်းအိကျေးရွာရှိ တောင်ပေါ်တွင်ဆက်လက်နေရာယူထားကာ ကျေးရွာနေပြည်သူလူတို့ကို လက်နက်ကြီးများဖြင့် ဆက်လက် ခြိမ်းခြောက်ပစ်ခတ်မှုများ ပြုလုပ်နေ၍ ဒေသခံများစွာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း ဆိုသည်။ ယနေ့တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်၍ ခေါင်းအိကျေးရွာ အုပ်စု၊ လတူးကျေးရွာနေ စပါးပုတ်နေသော အပြစ်မဲ့ပြည်သူတစ်ဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရပြီး အရေးပေါ် ကုသနေရသည်ဟု ဖော်ပြထားသည်။

ထို့အပြင် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်၍ ပြည်သူများအနေဖြင့် ခေါင်းအိကျေးရွာအုပ်စုအတွင်းသို့ သွားလာခြင်းမပြုကြရန်လည်း ဒီးမော့ဆို PDFက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။