Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖယ်ခုံ၌ တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးဟု PDF ထုတ်ပြန်

ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ဦးသေဆုံးပြီး PDFနှင့် မဟာမိတ်တပ်ဖွဲ့ဝင်များဘက်က တစ်ဦးကျဆုံးခဲ့ကြောင်း ထပ်မံ၍ထုတ်ပြန် ဖော်ပြထားသည်။

ဓာတ်ပုံ - ဒီးမော့ဆို PDF

–PDFဘက်မှ တစ်ဦးကျဆုံးပြီး အရပ်သားအချို့လည်း လက်နက်ကြီးထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေး ရွာတွင် ယနေ့(နိုဝင်ဘာ၅ရက်) တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ဒဏ်ရာရသူရှိခဲ့သည်ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်သည်။

အဆိုပါဒေသသို့ စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာ၍ ဒီးမော့ဆို PDF အပါအဝင် ဒေသတွင်းရှိ PDFတပ်များ၊ ကရင်နီတပ်ဖွဲ့များကပူးပေါင်း၍ ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ဦးသေဆုံးပြီး PDFနှင့် မဟာမိတ်တပ်ဖွဲ့ဝင်များဘက်က တစ်ဦးကျဆုံးခဲ့ကြောင်း ထပ်မံ၍ထုတ်ပြန် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – ဒီးမော့ဆို PDF

ကနဦး ထုတ်ပြန်ချက်တွင် ဒီးမော့ဆို PDFမှ ဒဏ်ရာပြင်းထန်သူ ၂ဦးရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ ထိုးစစ်ကို ၃ရက်ကြာ အပြင်းအထန် ကြိုးစားကာကွယ်ခဲ့ကြောင်း၊ သို့ရာတွင် လက်နက်အင်အားမမျှ၍ ယနေ့ နေ့လည်ပိုင်းတွင် PDFနှင့် မဟာမိတ်တပ်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဒီးမော့ဆို PDFက ထုတ်ပြန်သည်။

ဓာတ်ပုံ – ဒီးမော့ဆို PDF

စစ်ကောင်စီတပ်များက ခေါင်းအိကျေးရွာရှိ တောင်ပေါ်တွင်ဆက်လက်နေရာယူထားကာ ကျေးရွာနေပြည်သူလူတို့ကို လက်နက်ကြီးများဖြင့် ဆက်လက် ခြိမ်းခြောက်ပစ်ခတ်မှုများ ပြုလုပ်နေ၍ ဒေသခံများစွာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း ဆိုသည်။ ယနေ့တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်၍ ခေါင်းအိကျေးရွာ အုပ်စု၊ လတူးကျေးရွာနေ စပါးပုတ်နေသော အပြစ်မဲ့ပြည်သူတစ်ဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရပြီး အရေးပေါ် ကုသနေရသည်ဟု ဖော်ပြထားသည်။

ထို့အပြင် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်၍ ပြည်သူများအနေဖြင့် ခေါင်းအိကျေးရွာအုပ်စုအတွင်းသို့ သွားလာခြင်းမပြုကြရန်လည်း ဒီးမော့ဆို PDFက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။