Connect with us

Hi, what are you looking for?

News

ကျောင်းဆရာမအသတ်ခံရမှုဖြစ်စဥ်တွင် ၎င်းနှင့်ပြဿနာဖြစ်ဖူးသူများကို စာရင်းလုပ်ထား၍ စစ်ကောင်စီလိုက်လံဖမ်းဆီးနေ

ထို့အပြင် စစ်ကောင်စီ၏ ဝါဒဖြန့်လူမှုကွန်ရက်များ၏ အချက်အလက်တွင်မူ ဒေါ်လှလှသန်းက ၎င်းအန္တရာယ်ကျရောက်လာပါက တိုင်ကြားရမည့်သူများကို ကြိုတင်အသိပေးထားသည်ဟု ဆိုထားသည်။

–အသက်မပြည့်သေးသူအပါအဝင် ရက်ကွက်နေပြည်သူ ခြောက်ဦးကိုဖမ်းဆီးထား

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်တွင် ကျောင်းဆရာမ ဒေါ်လှလှသန်းအသတ်ခံရမှုတွင် ၎င်းနှင့်ပြဿနာဖြစ်ဖူးသည့် လူငယ်များကို စစ်ကောင်စီတပ်က လိုက်လံရှာဖမ်းဆီးနေရာ မတွေ့သဖြင့် မိဘများနှင့် အသက်မပြည့်သည့် လူငယ်များပါဖမ်းဆီးသွားကြောင်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် (၅)ရပ်ကွက်တွင် နေထိုင်သူများက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ၅ရက်)က ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)လုပ်ဆောင်ခြင်းမရှိသည့် မြောက်ဥက္ကလာပမြို့နယ်နေ ကျောင်းဆရာမ ဒေါ်လှလှသန်းသည် ၎င်းတာဝန်ကျရာ ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ အထက(၂) ကျောင်းသို့ အငှားယာဉ်ဖြင့်အသွား နွယ်နီလမ်းထိပ် မီးပွိုင့်မိနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်။

ထိုပစ်သတ်မှုကို Human Rights Defenders အဖွဲ့နှင့် Generation Z Defence Force ဟု အမည်ရသော အဖွဲ့တို့က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ၊ ဒေါ်လှလှသန်းသည် စစ်ကောင်စီရဲတပ်ဖွဲ့နှင့်ပေါင်း၍ စစ်အာဏာ ရှင်ဆန့်ကျင်သော ကျောင်းသားများကို ဒုက္ခပေးနေသူဖြစ်သဖြင့် သုံးကြိမ်တိုင်သတိပေးပြီး ရှင်းလင်းလိုက်ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့များက ထုတ်ပြန်အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါအဖွဲ့ နှစ်ခုက ဒေါ်လှလှသန်းကို သတိပေးထားသော ထုတ်ပြန်ချက်တစ်စောင်သည်လည်း အခင်းမဖြစ်မိ သုံးရက်ကတည်းက လူမှုကွန်ရက်တွင် တင်ထားသည်ကို တွေ့ရသည်။

ထို့အပြင် စစ်ကောင်စီ၏ ဝါဒဖြန့်လူမှုကွန်ရက်များ၏ အချက်အလက်တွင်မူ ဒေါ်လှလှသန်းက ၎င်းအန္တရာယ်ကျရောက်လာပါက တိုင်ကြားရမည့်သူများကို ကြိုတင်အသိပေးထားသည်ဟု ဆိုထားသည်။

“သမီးတို့ မေမေအန္တရာယ်တခုခုဖြစ်ရင် သူတို့ကိုတိုင်ပေးပါ။ သူတို့ကြောင့်”ဟု အစချီထားပြီး လူပုဂ္ဂိုလ်ရှစ်ဦး၏ အမည်များကို ရေးထားကာ တိုင်ကြားရမည့် တပ်ထောက်လှမ်းရေးအဖွဲ့၏ ဖုန်းနံပတ်နှစ်ခုကိုလည်း အဆို ပါစာတွင် ရေးသားထားသည်။

ဒေါ်လှလှသန်းပစ်ခတ်ခံရပြီး နာရီပိုင်းအတွင်းမှာပင် ဒဂုံမြို့သစ်အရှေ့ပိုင်း (၅)ရပ်ကွက်နေ ပြည်သူအချို့ကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့သည်။

“ဖမ်းသွားတဲ့အထဲက ကောင်မလေးနှစ်ယောက်ဆို အသက်မပြည့်သေးဘူး။ ပတ္တမြား(၃)လမ်း ထဲမှာနေတာ။အဲဒီ ကျောင်ဆရာမနဲ့က ဖေ့စ်ဘွတ်ခ်မှာ ရန်ငြိုးရှိတယ်ဆိုပြီး ဖမ်းသွားတယ်လို့ သိရတယ်”ဟု အရှေ့ဒဂုံ (၅)ရက်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ထို့အပြင် ဒေါ်လှလှသန်းနှင့် ပြဿနာဖြစ်ဖူးသည့် ကျောင်းသားမှာ ဇေယျာဟုအမည်ရပြီး ၎င်းသည် နေအိမ်မှထွက်သွားသည်မှာ ၃ လခန့်ရှိပြီဖြစ်ကြောင်း၊ ၎င်းကို မတွေ့သဖြင့် စစ်ကောင်စီတပ်က ၎င်း၏မိဘနှစ်ပါးကို နံနက် ၁၁ နာရီခန့်တွင် ဖမ်းဆီးသွားကြောင်း သိရသည်။

“ပြီးခဲ့တဲ့ မတ်လလောက်က ပြဿနာဖြစ်ဖူးတာ။ဘယ်ကစလဲဆိုတော့ သူက Non CDM ပြီးတော့။ သူ့သမက်လား၊ သူ့သားလားက စစ်တပ်အရာရှိ တစ်ယောက်။အဲဒီမှာ ကလေးတွေက သူ့ကို ဒလန်အဖြစ် စွပ်စွဲတယ်။နောက် မြောက်ဥက္ကလာမှာ ဆန္ဒပြတုန်းက အဲ့ဒီဆရာမက ကလေးတွေကို ဖမ်းခိုင်းတာတွေရှိတယ်။ဒါကို သူ့က မိဘစုံစုံလင်းလင်းနဲ့တောင်းပန်ရမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ မလာရင် ရဲခေါ်ဖမ်းမယ်လဲ ပြောတယ်”ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကျောင်းဆရာမနှင့်ပြဿနာဖြစ်ဖူးသော လူငယ်များအနက်မှ တစ်ဦးဖြစ်သည့် အရှေ့ဒဂုံ (၅)ရပ်ကွက်နေ ဇေယျာကို နေအိမ်တွင် သွားရောက်ဖမ်းဆီးရာ မတွေ့သဖြင့် ၎င်း၏ မိဘနှစ်ပါးဖြစ်သည့် ဦးမင်းအောင်နှင့် ဒေါ်မြင့်မြင့်ခင်တို့ကို ကနဦး စတင်ဖမ်းဆီးခဲ့သည်။

ထို့နောက် အရှေ့ဒဂုံ (၅) ရပ်ကွက်နေ မဆောင်းလေပြေနှင့် ၎င်း၏ဖခင်အပါအဝင် အသက်(၁၆)နှစ်အရွယ် ကျောင်းသူ မဇူးဇူးဟန်နီနှင့် မဝင့်ဝါနိုင်တို့ကို ထပ်မံဖမ်းဆီးခဲ့သည်။

ကိုစညီညီနိုင် ဆိုသူကို အရှေ့ဒဂုံ (၃)ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ဖမ်းဆီးခဲ့ပြီး မဆောင်လေပြေ၏ ဖခင်ကိုမှု နိုဝင်ဘာ ၅ ရက်ညပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်နှင့် ပတ်သက်ပြီး စစ်ကောင်စီအဖွဲ့က ခုနစ်ဦးကို ဖမ်းဆီးခဲ့ရာ တစ်ဦးပြန်လွှတ်ပေးသဖြင့် လက်ရှိတွင် စုစုပေါင်း ခြောက်ဦးကိုဖမ်းဆီးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။