Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်က အရာတော်မြို့နယ်၊ ဝါးရောင်းရွာကိုဝင်ရောက်စီးနင်း

“ရွာက တက်ကြွလှုပ်ရှားသူတွေနဲ့ CDM ဝန်ထမ်းတွေကို လာဖမ်းတာ။ဒါပေမယ့် ကြိုသိရတော့ အကုန်တိမ်ရှောင်ကြပြီးပြီ”ဟုရှောင်တိမ်းနေရသည့် ရွာခံတစ်ယောက်ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊အရာတော် မြို့နယ်ဝါးရောင်းကျေးရွာကို စစ်ကြောင်း (၃)ကြောင်း အင်အား(၁၀၀)ကျော်ဖြင့်ယနေ့ ‌ဝင်ရောက်စီးနင်းနေကြောင်းအရာတော်မြို့နယ်တော်လှန်ရေးအင်အားစု(ARA) ကထုတ်ပြန်သည်။

“နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ပုံပါဗျ။ အရာတော် မြောက်ခြမ်းက စစ်ခွေးတွေက နှံ့သလောက်ဖြစ်နေပြီ။ ‌အခုက တောင်ဘက် တကြော ဘက် လှည့်လာတယ်”ဟု ARAမှဗိုလ်ရာဇာကလည်း ပြောသည်။

အကြမ်းဖက်စစ်တပ်ကအရာတော်မြို့နယ်အနောက်တောင်ဘက်ရှိ ဝါးရောင်းကျေးရွာကိုယနေ့ဝင်ရောက်စီးနင်းသဖြင့် ဒေသခံများထွက်ပြေးနေရသည်ဟုလည်းဟုလည်းARAက ယနေ့(နိုဝင်ဘာ ၅ရက်)တွင်အသိပေးသည်။

“ရွာက တက်ကြွလှုပ်ရှားသူတွေနဲ့ CDM ဝန်ထမ်းတွေကို လာဖမ်းတာ။ဒါပေမယ့် ကြိုသိရတော့ အကုန်တိမ်ရှောင်ကြပြီးပြီ”ဟုရှောင်တိမ်းနေရသည့် ရွာခံတစ်ယောက်ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ဝါးရောင်းကျေးရွာသို့ ဝင်ရောက်စဥ်ဒေသခံများကိူဖမ်းဆီး၍လူသားဒိုင်းအဖြစ်အသုံးပြုခဲ့သည်ဟုလည်းဒေသခံအချို့ကပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်တပ်မှာ ဝါးရောင်းကျေး ရွာစာသင်ကျောင်းနှင့် ရွာအနောက်ဘုန်းကြီးကျောင်းထဲတွင် ဖြန့်ခွဲတပ်စွဲထားပြီး ရွာတွင် အထိုင်ချလျှက်ပင်ရှိသေးသည်ဟု ဒေသခံများက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။