Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ်က အရာတော်မြို့နယ်၊ ဝါးရောင်းရွာကိုဝင်ရောက်စီးနင်း

“ရွာက တက်ကြွလှုပ်ရှားသူတွေနဲ့ CDM ဝန်ထမ်းတွေကို လာဖမ်းတာ။ဒါပေမယ့် ကြိုသိရတော့ အကုန်တိမ်ရှောင်ကြပြီးပြီ”ဟုရှောင်တိမ်းနေရသည့် ရွာခံတစ်ယောက်ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊အရာတော် မြို့နယ်ဝါးရောင်းကျေးရွာကို စစ်ကြောင်း (၃)ကြောင်း အင်အား(၁၀၀)ကျော်ဖြင့်ယနေ့ ‌ဝင်ရောက်စီးနင်းနေကြောင်းအရာတော်မြို့နယ်တော်လှန်ရေးအင်အားစု(ARA) ကထုတ်ပြန်သည်။

“နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ပုံပါဗျ။ အရာတော် မြောက်ခြမ်းက စစ်ခွေးတွေက နှံ့သလောက်ဖြစ်နေပြီ။ ‌အခုက တောင်ဘက် တကြော ဘက် လှည့်လာတယ်”ဟု ARAမှဗိုလ်ရာဇာကလည်း ပြောသည်။

အကြမ်းဖက်စစ်တပ်ကအရာတော်မြို့နယ်အနောက်တောင်ဘက်ရှိ ဝါးရောင်းကျေးရွာကိုယနေ့ဝင်ရောက်စီးနင်းသဖြင့် ဒေသခံများထွက်ပြေးနေရသည်ဟုလည်းဟုလည်းARAက ယနေ့(နိုဝင်ဘာ ၅ရက်)တွင်အသိပေးသည်။

“ရွာက တက်ကြွလှုပ်ရှားသူတွေနဲ့ CDM ဝန်ထမ်းတွေကို လာဖမ်းတာ။ဒါပေမယ့် ကြိုသိရတော့ အကုန်တိမ်ရှောင်ကြပြီးပြီ”ဟုရှောင်တိမ်းနေရသည့် ရွာခံတစ်ယောက်ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ဝါးရောင်းကျေးရွာသို့ ဝင်ရောက်စဥ်ဒေသခံများကိူဖမ်းဆီး၍လူသားဒိုင်းအဖြစ်အသုံးပြုခဲ့သည်ဟုလည်းဒေသခံအချို့ကပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်တပ်မှာ ဝါးရောင်းကျေး ရွာစာသင်ကျောင်းနှင့် ရွာအနောက်ဘုန်းကြီးကျောင်းထဲတွင် ဖြန့်ခွဲတပ်စွဲထားပြီး ရွာတွင် အထိုင်ချလျှက်ပင်ရှိသေးသည်ဟု ဒေသခံများက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။