Connect with us

Hi, what are you looking for?

News

ချောင်းဦးနယ်တွင် စစ်ကောင်စီယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက်ရာ ဒလန်တစ်ဦးအပါအဝင်ရှစ်ဦးသေဟု မြောင်PDF ထုတ်ပြန်

တိုက်ပွဲ ဖြစ်စဥ်မှာ နိုဝင်ဘာ ၅ ရက်က ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာအား အကြမ်းဖက်စစ်တပ်က ကားနှစ်စီးအသုံးပြုကာ ဝင်ရောက်မွှေနှောက်ပစ်ခတ်ခဲ့မှုများ ပြုလုပ်ခဲ့သည်။

People's Spring
People's Spring

ချောင်းဦးမြို့နယ် မထိသာကျေးရွာအနီး ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ မဟာမိတ်ပူးပေါင်းပျောက်ကြားတပ်ဖွဲ့က စစ်ကောင်စီယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင် စီတပ်သား ခုနစ်ဦးနှင့် ဒလန်တစ်ဦးသေဆုံးကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ (MSPDF)က ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ နိုဝင်ဘာ ၅ ရက်က ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာအား အကြမ်းဖက်စစ်တပ်က ကားနှစ်စီးအသုံးပြုကာ ဝင်ရောက်မွှေနှောက်ပစ်ခတ်ခဲ့မှုများ ပြုလုပ်ခဲ့သည်။

ထို့အပြင် ၎င်းတို့အပြန် ဆင်ဖြူရှင် -ချောင်းဦးလမ်း မထိသာကျေးရွာအနီး ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းလေးဖွဲ့၏ မဟာမိတ်ပျောက်ကြားတပ်ဖွဲ့က ပဒေသာငါးလုံးတွဲဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

“Mark II တစ်စီးနဲ့ ကန်တာယာဥ်တစ်စီး စုစုပေါင်း ၂၀ ကျော် ၃၀ လောက်ရှိမယ်။အသေ အပျောက်ကြားရတာက စုစုပေါင်းရှစ်ဦး၊နောက် ဒဏ်ရာရ တဲ့သူတွေက လည်းများတယ်လို့ သိရတယ်”ဟု MSPDF၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အောင်မြင်စွာမိုင်းခွဲမှုအပြီးတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း လေးဖွဲ့၏ မဟာမိတ်ပျောက်ကြားတပ်ဖွဲ့မှ တစ်စုံတစ်ဦးမျှဒဏ်ရာမရဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။