သတင်း မြိုင်မြို့နယ်ကို စစ်တပ်လေကြောင်းတိုက်လို့ ပြည်သူ ၅ဦးသေဆုံး၊ ၃၀ကျော် ဒဏ်ရာရ မကွေးတိုင်း၊ မြိုင်မြို့နယ်က ကံကြီးကျေးရွာကို စစ်ကောင်စီတပ်က မနေ့(နိုဝင်ဘာ၁၉ရက်)ညက လေကြောင်းတိုက်ခိုက်ခဲ့ရာ လူငယ်တွေအပါအဝင် ပြည်သူ၅ဦး သေဆုံးကာ ၃၀ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooနိုဝင်ဘာ 21, 2025
သတင်း ကနီကို စစ်တပ်က ဂျက််ဖိုက်တာနှစ်စီးနဲ့ ဗုံးထပ်ကြဲ၊ တောင်သူ ၁ဦးသေဆုံး စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကို စစ်ကောင်စီက ဒီနေ့(နိုဝင်ဘာ ၁၈ရက်)မှာ စစ်ကောင်စီကဂျက််ဖိုက်တာနှစ်စီးနဲ့လေကြောင်းကနေ ဗုံးကြဲလို့ အဒေသခံတောင်သူ တစ်ဦး ထပ်မံသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။ ludunwayooနိုဝင်ဘာ 18, 2025
သတင်း ဖားကန့်မှာ ဒေသခံတွေ ကျောက်တူးတဲ့နေရာကို စစ်ကောင်စီ ဗုံးကြဲ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့(နိုဝင်ဘာ ၁၈ရက်) နေ့ခင်းပိုင်းမှာ ဒေသခံတွေကျောက်တူးနေကြတဲ့နေရာကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲလို့ အရပ်သားတွေ ထိခိုက်မှုတွေရှိခဲ့ပါတယ်။ ludunwayooနိုဝင်ဘာ 18, 2025
သတင်း ထိုးစစ်ဆင်လာတဲ့စစ်တပ်ကို ချင်းပူးပေါင်းတပ် တိုက်ခိုက် ဗိုလ်မှူးအပါအဝင် သေဆုံးမှုများ၊လက်နက်များသိမ်းရဟု ချင်းပြည်ကောင်စီ ထုတ်ပြန် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေနဲ့ စစ်တပ်အကြား နိုဝင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်အရာရှိ အပါအဝင်တပ်ဖွဲ့ဝင် ၁၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ကြောင်း ချင်းပြည်ကောင်စီ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့(နိုဝင်ဘာ ၁၈ရက်)မှာ ထုတ်ပြန်ပါတယ်။ ludunwayooနိုဝင်ဘာ 18, 2025
သတင်း စစ်တပ်လုပ်တဲ့ပွဲတွေ တက်လေ့ရှိတဲ့အဖွဲ့ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ ပဒိုရွှေမောင်းကို KNUထုတ်ပယ် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ KNUဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့ကို အဖွဲ့က ထုတ်ပယ်လိုက်ကြောင်း KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက အတည်ပြုပါတယ်။ ludunwayooနိုဝင်ဘာ 18, 2025
သတင်း ကျောက်ဖြူကစာသင်ကျောင်း ပစ်မှတ်ထားစစ်ကောင်စီတိုက်ခိုက်မှု ကျောင်းသားတွေအချိန်မီရွှေ့ပြောင်းနိုင်လို့ အထိအခိုက်မရှိဟု AAထုတ်ပြန် ကျောက်ဖြူမြို့နယ်က စာသင်ကျောင်းကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လေကြောင်း၊ အသေခံဒရုန်းတို့နဲ့ တိုက်ခိုက်ပြီး ကျောင်းသားတွေ အချိန်မီရွှေ့ပြောင်းနိုင်ခဲ့လို့ အထိအခိုက်မရှိခဲ့တာလို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။ ludunwayooနိုဝင်ဘာ 18, 2025
သတင်း သာပေါင်းတိုက်ပွဲမှာ စစ်တပ် အထိနာနေ ဧရာဝတီတိုင်း၊သာပေါင်းမြို့နယ် နဲ့ လေးမျက်နှာမြို့နယ်မှာစစ်တပ်နဲ့ အာရက္ခတပ်တော်(AA)ဦးဆောင်တဲ့ပူးပေါင်းတပ်တွေ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး နိုဝင်ဘာလ၁၆ရက်တိုက်ပွဲမှာလည်း စစ်တပ်ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်အချို့ကပြောတယ်။ ludunwayooနိုဝင်ဘာ 18, 2025
သတင်း မချမ်းဘောမှာ KIAတိုက်ခိုက်လို့ စစ်တပ် အထိနာ ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ်အထိနာခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။ ludunwayooနိုဝင်ဘာ 18, 2025
သတင်း မောတောင်မြို့ပြန်ဝင်နိုင်ဖို့ စစ်တပ်က လေကြောင်းက အင်အားဖြည့်တာ၊ ဗုံးကြဲတာလုပ်နေ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မြန်မာ-ထိုင်းနယ်စပ်က မောတောင်မြို့ကို စစ်တပ်က ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားလျက်ရှိရာ လေကြောင်းက အင်အားဖြည့်တာ၊ ဗုံးကြဲတိုက်ခိုက်တာ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooနိုဝင်ဘာ 18, 2025
သတင်း စစ်တပ်ကြောင့် ပေါက်နယ်မြောက်ပိုင်းက ဒေသခံ သုံးသောင်းကျော် ဘေးလွတ်ရာတိမ်းရှောင် မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခုနဲ့ ထိုးစစ် ဆင်လာတာကြောင့် ကျေးရွာ ၄၀ကျော်က ဒေသခံပြည်သူ သုံးသောင်းကျော်ဟာ ဘေးလံတ်ရာတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ် လူသားစာနာဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။ ludunwayooနိုဝင်ဘာ 18, 2025