Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဖြူကစာသင်ကျောင်း ပစ်မှတ်ထားစစ်ကောင်စီတိုက်ခိုက်မှု ကျောင်းသားတွေအချိန်မီရွှေ့ပြောင်းနိုင်လို့ အထိအခိုက်မရှိဟု AAထုတ်ပြန်

ကျောက်ဖြူမြို့နယ်က စာသင်ကျောင်းကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လေကြောင်း၊ အသေခံဒရုန်းတို့နဲ့ တိုက်ခိုက်ပြီး ကျောင်းသားတွေ အချိန်မီရွှေ့ပြောင်းနိုင်ခဲ့လို့ အထိအခိုက်မရှိခဲ့တာလို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ကျောက်ဖြူမြို့နယ်က နေရာ ၅နေရာထက်မနည်းကို လေကြောင်းတိုက်ခိုက် အပြီး တွေ့ရစဉ်။ဓာတ်ပုံ - AA

နိုဝင်ဘာ-၁၈၊၂၀၂၅။အိမ်သွင်/People’s Spring

ကျောက်ဖြူမြို့နယ်က စာသင်ကျောင်းကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လေကြောင်း၊ အသေခံဒရုန်းတို့နဲ့ တိုက်ခိုက်ပြီး ကျောင်းသားတွေ အချိန်မီရွှေ့ပြောင်းနိုင်ခဲ့လို့ အထိအခိုက်မရှိခဲ့တာလို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

မနေ့က နိုဝင်ဘာ ၁၇ရက် မနက်ပိုင်းကနေ ညပိုင်းအထိ စစ်ကောင်စီက ကျောက်ဖြူမြို့နယ်က နေရာ ၅နေရာထက်မနည်းကို လေကြောင်း၊ အသေခံဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ AAက ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ၁၇ ရက် နေ့လယ် ၁၂နာရီခွဲခန့်မှာ ကျောက်ဖြူမြို့နယ်က လိပ်တင်ကျေးရွာစာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲပြီး ၁၂နာရီ၃၉မိနစ်မှာ အသေခံဒရုန်း ၁စင်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နေ့လယ် ၁၂နာရီ၃၅မိနစ်ခန့်မှာ ကျောက်ကလေကျေးရွာကို လေကြောင်းက‌ ပေါင် ၅၀၀ ဗုံး ၂လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ညနေ ၄ နာရီ၃၀မိနစ်ခန့်မှာ အမြင့်ကျွန်း တံတားအနီးကို Y-12 လေယာဉ်နဲ့ ဗုံး အလုံး ၆၀ခန့် ကြဲချခဲ့တယ်လို့ AAက ထုတ်ပြန်ထားပါတယ်။

ညနေ ၈နာရီ၁၇မိနစ်မှာလည်း မင်းရပ်တိုက်နယ်၊ မင်းရပ်ရွာနဲ့ သံချောင်းကျေးရွာအနီးပတ်ဝန်းကျင်ကို လေကြောင်းကနေ ဗုံးကြဲပြီး ဇင်ချောင်းကမ်းခြေမှာ နေရာယူထားတဲ့ စစ်သင်္ဘော၂စီးပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စာသင်ကျောင်းပစ်မှတ်ထားတိုက်ခိုက်တဲ့ဖြစ်စဉ်မှာ ကျောင်းသား၊ ကျောင်းသူတွေကို အချိန်မီရွှေ့ပြောင်းနိုင်ခဲ့လို့ ထိခိုက်သေဆုံးမှုမရှိခဲ့ပေမယ့် စာသင်ကျောင်းအနီးက ဝက် ၂ကောင် သေဆုံးခဲ့ပြီး စာသင်ကျောင်းအဆောက်အအုံပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး နိုဝင်ဘာ ၁၄ရက်က AAက ယာယီဆုတ်ခွာခဲ့တဲ့ မင်းပြင်ရေဒါစခန်းရှေ့မှာ ဝါဒဖြန့်ချီဖို့ဓာတ်ပုံရိုက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ကျော် ဒရုန်းနဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုရုပ်သံကို AAက ထုတ်ပြန်ခဲ့ပါတယ်။ AAရဲ့ စစ်ရေးဗျူဟာကျွမ်းကျင်မှုနဲ့ စစ်ကောင်စီရဲ့ ရန်ဖြစ်မှုကိုနှိုင်းယှဉ် လှောင်ပြောင်ခံရလို့ စစ်ကောင်စီအုပ်စု အလွန်အထိနာခဲ့ပါတယ်။

အဲဒီနောက်ပိုင်းလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေပိုမိုပြုလုပ်လာတယ်လို့ သိရပါတယ်။

AAက ကျောက်ဖြူမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ဇန်နဝါရီလက စတင်အရှိန်မြှင့်ခဲ့တာပါ။ ဓညဝတီရေတပ်စခန်းဌာနချုပ်အနီး ကာကင်းတွေကို သိမ်းယူနိုင်တဲ့အထိ စစ်ရေးအသာစီးရခဲ့ပြီးနောက် မတ်လ ၂၈ရက်က ငလျင်ကြောင့် အပစ်ရပ်ထားစဉ် စစ်ရေးအရှိန်လည်း လျော့ကျသွားခဲ့ပါတယ်။ အဲဒီကာလမှာ စစ်ကောင်စီကလေကြောင်းကနေအင်အားဖြည့်ပြီး AA ထိန်းချုပ်ထားတဲ့နေရာတွေကို လေကြောင်း၊လက်နက်ကြီး၊ဒရုန်းတွေနဲ့ပစ်သလို ပင်လယ်ထဲကနေလည်း ရေတပ်က ပစ်ခတ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း စစ်ကြောင်းတွေထိုးလာပြီး AA ထိန်းချုပ်ထားတဲ့စခန်းအချို့ကိုပြန်လည်သိမ်းယူသွားခဲ့ပါတယ်။ သြဂုတ်လနဲ့ စက်တင်ဘာလဆန်းမှာတော့ တိုက်ပွဲတွေပြန်ပြင်းထန်လာပြီး လက်ရှိအချိန်အထိ ဆက်လက်ပြင်းထန်နေပါတယ်။

တပ်ပျက်နေတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့၊ ရွာတွေက အရပ်သားပြည်သူတွေကိုပစ်မှတ်ထားပြီး တိုက်ခိုက်နေလို့ လုံခြုံရေးသတိပြုကြဖို့ လေကြောင်း၊ ရေကြောင်း၊လက်နက်ကြီးရန်နဲ့ပတ်သက်တဲ့အရေးပေါ် သတိပေးချက်ကို AA က ထုတ်ပြန်ထားသလို မနေ့က ထုတ်ပြန်ချက်မှာလည်းကျောက်ဖြူမှာ စစ်ရှုံးနေတဲ့စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေပိုပြုလုပ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့က စစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီလေးခုကို ရင်းနှီးမြှုပ်နှံမှုတွေ ရုတ်သိမ်းလိုက်တယ်လို့ Justice For Myanmar(JFM)က အသိပေးထားပါတယ်။

သတင်း

မနက်ဖြန်မှာ ဈေးဆိုင်ပိတ်မယ့်သူတွေကို ချိတ်ပိတ်ကာ ဖမ်းဆီးထောင်ချမယ်လို့ ဈေးတွေမှာ စစ်အုပ်စုနဲ့ပျူစောထီးတွေက လိုက်လံ ခြိမ်းခြောက်နေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က လှေဆိပ်ကို ဒီ‌နေ့ ဒီဇင်ဘာ ၉ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီက ဂျက််ဖိုက်တာနဲ့လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား နှစ်ဦး ဒဏ်ရာရပြီး စက်လှေတစ်စီးနစ်မြုပ်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အနီးကို စစ်ကောင်စီတပ်က ဒီကနေ့ ဒီဇင်ဘာ ၉ရက် နေ့လည်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook