Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လုပ်တဲ့ပွဲတွေ တက်လေ့ရှိတဲ့အဖွဲ့ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ ပဒိုရွှေမောင်းကို KNUထုတ်ပယ်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ KNUဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့ကို အဖွဲ့က ထုတ်ပယ်လိုက်ကြောင်း KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက အတည်ပြုပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ KNUဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း။ ဓာတ်ပုံ - စစ်ကောင်စီ

” အဖွဲ့အစည်းရဲ့မူဝါဒကို သတိပေးနေတဲ့ကြားထဲကပဲ အဖန်တလဲလဲ ကျူးလွန်ဖောက်ဖျက်ခဲ့လို့ပါ”

− ပဒိုစောတောနီး

နိုဝင်ဘာ-၁၈၊ ၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ KNUဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့ကို အဖွဲ့က ထုတ်ပယ်လိုက်ကြောင်း KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက အတည်ပြုပါတယ်။

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ ပဒိုစောရွှေမောင်းတို့ဟာ KNUက ချမှတ်တဲ့ စည်းကမ်းတွေ မလိုက်နာလို့ အဖွဲ့ရဲ့ (၁၃)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးက ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သတင်းတွေ အပေါ် ပဒိုစောတောနီးက အခုလိုပြောပြပါတယ်။

“အတည်ပြုပါတယ်ခင်ဗျ။ အဖွဲ့အစည်းရဲ့ မူဝါဒကို သတိပေးနေတဲ့ကြားထဲကပဲ အဖန်တလဲလဲကျူးလွန် ဖောက်ဖျက်ခဲ့လို့ပါခင်ဗျ”လို့ ပဒိုစောတောနီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကရင်သတင်းရင်းမြစ်တဦးကလည်း ပြီးခဲ့တဲ့ တပတ်လောက်က ကျင်းပခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ ပဒိုစောရွှေမောင်းတို့ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရတယ်လို့ ပြောပါတယ်။

အခုလို ဥက္ကဋ္ဌဟောင်းတဦးကို အဖွဲ့က ထုတ်ပယ်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး အခုလိုဖြစ်ရပ်အပေါ် စိတ်မကောင်းဖြစ်ရပေမယ့် ကာယကံရှင်ရဲ့ လုပ်ရပ်အပေါ် မူတည်ဖြစ်ပေါ်လာတာလို့လည်း သူက ပြောပါတယ်။ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးဟာ KNU ဥက္ကဋ္ဌအဖြစ် သက်တမ်းနှစ်ကြိမ်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

အခုလို ထုတ်ပယ်ရတာဟာ စစ်ကောင်စီက ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကို ၀ဏ္ဏကျော်ထင်ဘွဲ့ပေးအပ်တဲ့ ဖြစ်စဉ်တွေ၊ စစ်ကောင်စီ ကျင်းပတဲ့ အပစ်ရပ်စဲရေး NCA နှစ်ပတ်လည်ပွဲတွေ တက်ရောက်တာတွေ ကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။

” အဲဒီဘွဲ့တံဆိပ်တွေက သူနဲ့မဆိုင်ဘူးလေ။နောက်ပြီးတော့ အပစ်အခတ်ရပ်စဲရေး ကျင်းပတဲ့ပွဲတွေသွားတာ။ အဲဒါကျနော်တို့ အဖွဲ့အစည်းမူနဲ့ မကိုက်ညီဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အဖွဲ့အစည်းမူသဘောအရကတော့ ဥက္ကဋ္ဌဖြစ်စေ ဘယ်သူဖြစ်စေ ထုတ်သင့်ရင်ထုတ်မှာပဲလေ။ သူ(ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး)ကတော့ သူ့စိတ်နဲ့ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သူလုပ်တာပဲ ။ သူ့အခွင့်အရေးပဲလေ။ စိတ်တော့ ဘယ်ကောင်းမလဲ။ဒါပေမဲ့ သူ့လုပ်ရပ်က သူလုပ်တာပဲ”လို့ ကရင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

KNUဟာ စစ်တပ်ကို တိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပေမယ့် အဖွဲ့ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ၂၀၂၂ သင်္ကြန်အပြီး နှစ်ဆန်းတရက်နေ့မှာ ၀ဏ္ဏကျော်ထင်ဘွဲ့ ပေးခဲ့ပါတယ်။ ဒီလို ပေးအပ်တာဟာ စစ်တပ်က သွေးခွဲတာဖြစ်တယ်လို့ ပဒိုစောတောနီးက ပြောဲပားထားပါတယ်။

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ ပဒိုရွှေမောင်းတို့ဟာ ၂၀၂၃ နှစ်ကုန်ပိုင်းကလည်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို နေပြည်တော်မှာ သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီလို တွေ့ဆုံမှုဟာ KNUနဲ့ လုံး၀ မသက်ဆိုင်ကြောင်း ပဒိုစောတောနီးက ထိုစဉ်ကတည်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

KNUဟာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူနဲ့အတူ ရပ်တည်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။