Connect with us

Hi, what are you looking for?

သတင်း

ထိုးစစ်ဆင်လာတဲ့စစ်တပ်ကို ချင်းပူးပေါင်းတပ် တိုက်ခိုက် ဗိုလ်မှူးအပါအဝင် သေဆုံးမှုများ၊လက်နက်များသိမ်းရဟု ချင်းပြည်ကောင်စီ ထုတ်ပြန်

​တော်လှန်​ရေးမဟာမိတ်ပူးပေါင်းတပ်​တွေနဲ့ စစ်တပ်အကြား နိုဝင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်အရာရှိ အပါအဝင်တပ်ဖွဲ့ဝင် ၁၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ကြောင်း ချင်းပြည်ကောင်စီ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့(နိုဝင်ဘာ ၁၈ရက်)မှာ ထုတ်ပြန်ပါတယ်။

ထိုးစစ်ဆင်လာတဲ့စစ်တပ်ကို ချင်းပူးပေါင်းတပ် တိုက်ခိုက်မှုအတွင်း သိမ်းရသော လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - CMD

နိုဝင်ဘာ-၁၈၊ ၂၀၂၅။ပုရစ်/People’s Spring

​တော်လှန်​ရေးမဟာမိတ်ပူးပေါင်းတပ်​တွေနဲ့ စစ်တပ်အကြား နိုဝင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်အရာရှိ အပါအဝင်တပ်ဖွဲ့ဝင် ၁၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ကြောင်း ချင်းပြည်ကောင်စီ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့(နိုဝင်ဘာ ၁၈ရက်)မှာ ထုတ်ပြန်ပါတယ်။

ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ချင်းအမျိုးသားတပ်မတော်နဲ့ ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ချင်းလဲန်းအစိုးရတပ်ဖွဲ့ရဲ့ စစ်ကြောင်း (၁) နဲ့ စစ်ကြောင်း (၂)တို့ဟာ စစ်ကိုင်းတိုင်းကလေးမြို့နယ်၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ ချင်းပြည်နယ် ဖလမ်းမြို့နယ်နဲ့ တီးတိန်မြို့နယ် တို့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

“ရန်သူမှ လေယာဉ်နှင့် ဒရုန်းတို့ကို အားပြုပြီး တိုက်ခိုက်နေသော်လည်း ချင်းလဲန်အစိုးရတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များသည် ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့် အရာရှိများ အပါအဝင် ရန်သူအင်အား ၁၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့သည်။စစ်သုံ့ပန်းတစ်ချို့ ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့သည်”လို့ ချင်းပြည်အစိုးရ ကာကွယ်ရေးဌာနက ထုတ်ပြန်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှု အခြေအနေတွေကို အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ချင်းပြည်အစိုးရ၊ စစ်ကြောင်း (၁)ဟာ ကလေးမြို့နဲ့ ဂန့်ဂေါမြို့အကြားမှာ မိတ်ဖက် Vakok PDF အပါအဝင် ကျောင်းသားတပ်မတော် (ABSDF) ၊ PDF ခရိုင်တပ်ရင်းများ၊ ပကဖများ၊ Yaw Defense Force (YDF) စတဲ့ မဟာမိတ်အဖွဲ့တွေနဲ့ လက်တွဲ ပြီး စစ်တပ်ကို တိုက်ခိုက်နေတာလို့ ဖော်ပြပါတယ်။

စစ်ကောင်စီက နိုဝင်ဘာလ ၆ ရက်မှာ Fighter Jetနဲ့လေးကြိမ်၊နိုဝင်ဘာလ ၁၄ ရက်မှာ Fighter Jet နဲ့ ခုနှစ်ကြိမ်၊ Y-12 နဲ့ တစ်ကြိမ်၊ နိုဝင်ဘာလ ၁၅ ရက်မှာ Fighter Jet နဲ့ နှစ်ကြိမ်၊ နိုဝင်ဘာလ ၁၆ ရက်မှာ Fighter Jet နဲ့ နှစ်ကြိမ်၊ Y-12နဲ့ ဗုံးအလုံး ၅၀ ခန့်၊ နိုဝင်ဘာလ ၁၇ ရက်မှာ Fighter Jetနဲ့ ၄ ကြိမ် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ချင်းပြည်အစိုးရ၊ စစ်ကြောင်း (၂)ဟာလည်း ဖလမ်းမြို့နဲ့ ဝေဘူလမြို့အကြား၊ တီးတိန်မြို့နဲ့ ခိုင်ကမ်းမြို့အကြားတို့မှာ စစ်ကောင်စီကို တိုက်ခိုက်နေတာလို့ အသိပေးပါတယ်။ ဒီလိုတိုက်ခိုက်ရာမှာ Chin National Defense Force (CNDF) ၊ PDF Zoland စတဲ့ မိတ်ဖက်အဖွဲ့တွေနဲ့ လက်တွဲ တိုက်ခိုက်နေတာဖြစ်ကြောင်း ဖော်ပြပါတယ်။ အဲဒီလိုတိုက်ခိုက်ရာမှာ စစ်ကောင်စီက နိုဝင်ဘာလ ၁၇ ရက်မှာ Fighter Jet နဲ့ နှစ်ကြိမ်၊ Y-12 နဲ့ တစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ ချင်းပြည်နယ်ဖလမ်းမြို့အပါအဝင် သူတို့ လက်လွှတ်ဆုံးရှုံထားရတဲ့ နယ်မြေတွေ ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ ဒီလိုထိုးစစ်ဆင်လာတာကိုချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ တပ်ဖွဲ့တွေနဲ့ ချင်းညီနောင်အဖွဲ့တွေ ပူးပေါင်းခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်တပ်က အင်အားအများအပြားနဲ့ထိုးစစ်ဆင်မှု​ကြောင့် သိုင်ငင်လမ်းဆုံ ၊​ဝေဘူလမြို့ စ​တဲ့​ဒေသအချို့ကို ​တော်လှန်​ရေးတပ်​တွေက ​ခေတ္တလက်လွတ်ခဲ့ရတယ်လို့ ​စစ်​​ရေးသတင်းရင်းမြစ်အချို့က ​ပြောပါတယ်။

“အခုလို အောင်မြင်မှု ရနိုင်တာကတော့ CC(ချင်းပြည်ကောင်စီ) ပဲဖြစ်ဖြစ်၊ CB(ချင်းညီနောင်) ပဲ ဖြစ်ဖြစ် ဘုံရန်သူကို ပထမဦးစားပေးပြီး အတူတ

ကွ စည်းလုံးပြီး တိုက်ပွဲဝင်တာကြောင့်ဖြစ်ပါတယ်။ ချင်းပြည်သူ အနေနဲ့ဆိုရင် အများကြီးဝမ်းသာပါတယ်။ ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ကတော့အားပေးတယ်။တိုက်တွန်းတယ်”လို့ ချင်းသတင်းရင်းမြစ်တဦးက ချင်းတော်လှန်ရေးအင်အားစု နှစ်ခုအကြား ညီညွတ်စွာနဲ့ စစ်ကောင်စီကို တိုက်ခိုက်နေမှုအပေါ် သဘောထားပြောပြပါတယ်။

ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီအတူတူ ပူးပေါင်းဆောင်ရွက်မှုကို အတူတကွ ပါဝင်ပေးဖို့ တက်နိုင်တဲ့ဘက်ကအားပေးဖို့လိုအပ်ပြီး ညီညွတ်ရေးပျက်ပြားစေမယ့် လှုံ့ဆော်မှု​တွေမလုပ်ဖို့လည်း ချင်းသတင်းရင်းမြစ်က တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။