Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်ကို စစ်တပ်လေကြောင်းတိုက်လို့ ပြည်သူ ၅ဦးသေဆုံး၊ ၃၀ကျော် ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်က ကံကြီးကျေးရွာကို စစ်ကောင်စီတပ်က မနေ့(နိုဝင်ဘာ၁၉ရက်)ညက လေကြောင်းတိုက်ခိုက်ခဲ့ရာ လူငယ်တွေအပါအဝင် ပြည်သူ၅ဦး သေဆုံးကာ ၃၀ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူထုနွေဦးက ရရှိသော ရုပ်ပုံများမှာ စာဖတ်သူပြည်သူများကြည့်ရှု့ရန်မသင့်တော်၍ ဖော်ပြခြင်းမရှိပါ။ မြိုင်မြို့နယ်က ကံကြီးကျေးရွာကို စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

နိုဝင်ဘာ-၂၀၊၂၀၂၅၊မေ၊မေရီ/ People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်က ကံကြီးကျေးရွာကို စစ်ကောင်စီတပ်က မနေ့(နိုဝင်ဘာ၁၉ရက်)ညက လေကြောင်းတိုက်ခိုက်ခဲ့ရာ လူငယ်တွေအပါအဝင် ပြည်သူ၅ဦး သေဆုံးကာ ၃၀ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၉ ရက် မနေ့ည ၁၂နာရီကျော်မှာ စစ်ကောင်စီတပ်က ကျေးရွာအတွင်း လေကြောင်းတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုမှာ အသက်(၁၇)နှစ်ဝန်းကျင်အရွယ် အမျိုးသား ၄ဦးနဲ့ အမျိုးသမီး ၁ဦး စုစုပေါင်း ၅ဦး သေဆုံးကာ ပြည်သူ ၃၀ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သေတာကလေးတွေ များတယ်။ဒဏ်ရာရပြင်းထန်တွေလည်းရှိတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူတွေပစ်မှတ်ထားကာ ကျေးရွာတွေကို လိုက်လံလေကြောင်းတိုက်ခိုက် နေတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လူသူအိပ်မောကျချိန် ကျေးရွာပေါ်တည့်တည့် ကြဲချခဲ့တာဖြစ်ကြောင်း၊ ပြည်သူထိခိုက်သေဆုံးတာတွေအပြင် နေအိမ်အများအပြားလည်း ပျက်စီးသွားကြောင်း အညာမြေတပ်ပေါင်းစုက အသိပေးပါတယ်။

ယခုလအတွင်း မြိုင်မြို့နယ်ကို စက်ကောင်စီတပ်က လေထီး၊ရဟတ်ယာဉ်တို့နဲ့ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ် နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာဒုတိယပတ်အတွင်းကလည်း မြိုင်မြို့နယ်အတွင်း ထိုးခဲ့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ပြည်သူ ၂ ဦးထက်မနည်း သတ်ဖြတ်ပြီး ၅ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသေးတယ်။

နိုဝင်ဘာ ၁၉ရက် မနေ့ကလည်း မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သပိတ်ကျင်းမြို့နယ်က လက်ပံပြန့်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၉ ရက် ညနေ ၄ နာရီခွဲခန့်မှာ သပိတ်ကျင်းမြို့နယ် ၊ လက်ပံပြန့်ကျေးရွာကို တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် လက်ပံပြန့်ကျေးရွာရှိ ပြည်သူ ၂ဦး အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူ ၃ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က အသိပေးပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊အရှေ့ခြမ်းက ယဉ်ကျေးရွာအနီးကို နေ့လယ် ၁ နာရီကျော်က မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ လာတဲ့ ဂျိုင်ရိုကော်ပတာ(Gyro copters) ၃ စီးနဲ့ ဗုံးသီးချလေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။