Connect with us

Hi, what are you looking for?

သတင်း

မချမ်းဘောမှာ KIAတိုက်ခိုက်လို့ စစ်တပ် အထိနာ

ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ်အထိနာခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။

၂၀၂၅ အောက်တိုဘာ ၁၃ရက်က မချမ်းဘောမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီပူးပေါင်းတပ် ကျန်ခဲ့တဲ့ စစ်အသုံးအဆောင်တွေ။ ဓာတ်ပုံ - CJ

နိုဝင်ဘာ-၁၇၊ ၂၀၂၅။ ပုရစ်/People’s Spring

ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ်အထိနာခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။

နိုဝင်ဘာ ၁၆ရက်က မချမ်းမြို့နယ် မလိခမြစ်နားမှာ စစ်ကောင်စီတပ်စစ်ကြောင်းကို KIAပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ် ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တဦးက အသိပေးထားပါတယ်။ စစ်ကောင်စီတပ်ဟာ ပူတာအိုမြို့နယ် တန်ဂျာရွာဘက်ကို ပြေးသွားတာလို့ ဆိုပါတယ်။

အဲဒီ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး အခြားကချင်သတင်းရင်းမြစ်တဦးကလည်း အတည်ပြုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဟာ ခေါင်လန်ဖူးဘက်ကို စစ်ကူဖို့ သွားတာမှာ အတိုက်ခံရတာလို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဆီက လက်နက်ခဲယမ်းတွေရရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ဆိုပေမယ့် သေဆုံးထိခိုက်အခြေအနေတွေကို ဆက်လက်စုံစမ်းနေဆဲပါ။

KIAပူးပေါင်းတပ်တွေဟာ ၂၀၂၅အောက်တိုဘာလကစပြီး ခေါင်လန်ဖူးမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာ အောက်တိုဘာအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်စခန်း ၄ခုသိမ်းရထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြားထားပါတယ်။

ကချင်ဒေသ စစ်ရေးအခြေအနေတွေ မေးမြန်းဖို့ KIA သတင်းပြန်ကြား ရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

KIAနဲ့ စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ ဖားကန့်မြို့နယ်မှာလည်း တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ်။ ဗန်းမော်တိုက်ပွဲဟာ ၁၁လကျော်ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိမြို့ပေါ်မှာ KIAနဲ့ စစ်ကောင်စီ အပြန်အလှန် ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ဆက်တိုက်ရှိနေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဖားကန့်ဒေသမှာလည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်တာ၊ လက်နက်ကြီးတွေ ရမ်းသမ်း ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ KIAက အသိပေးထားပါတယ်။

နိုဝင်ဘာ ၁၃ရက် ညနေကလည်း ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီးပစ်ခတ်ခဲ့လို့ ဒေသခံ ကလေးငယ် ၁ဦး အပါအဝင် ပြည်သူ ၂ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးက ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။