သတင်း စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အားလုံးချုပ်ငြိမ်းသည်အထိ အစွမ်းကုန်တိုက်ပွဲဝင်မည်ဟု ကတိပြုကြောင်း KSCCအဖွဲ့ဝင်များ ကြေညာ KSCC သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ချိတ်ဆက်ပြီး NUGတွင် ကိုယ်စားလှယ်ပါဝင်မှုရှိသကဲ့သို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)တွင်လည်း ပါဝင်သည့်အဖွဲ့ဖြစ်သည်။ LuduNwayOoဇန်နဝါရီ 20, 2023
သတင်း စစ်အာဏာရှင်စနစ်ဆိုးကို ဝိုင်းဝန်းတော်လှန်ရမည်ဟု TNLA အထွေထွေအတွင်းရေးမှူးပြောကြား တအာင်း(ပလောင်)လူမျိုးများအနေဖြင့် ဆိုးဝါးသည့် မင်းအောင်လှိုင် စစ်အာဏာရှင် လက်ထက် ဆယ်စုနှစ်အတွင်း၌ ပင် စုစည်းမှုလုပ်ဆောင်နိုင်ခဲ့သည်ဟု ၎င်းကဆိုသည်။ LuduNwayOoဇန်နဝါရီ 16, 2023
သတင်း ပြည်သူနှင့်စစ်အာဏာရှင်အကြားဖြစ်သည့် စစ်ပွဲဖြစ်၍ အောင်ပွဲသည်လက်တကမ်းတွင်ရှိဟု CNF ဥက္ကဋ္ဌပြော ချင်းပြည်ကာကွယ်ရန်အတွက် ချင်းလူမျိုးတိုင်းတွင် တာဝန်ရှိသည့်အလျောက် မိမိတို့ ပခုံးပေါ် ကျရောက်လာသည့် အမျိုးသားရေးတာဝန်ကို ကျေပွန်စွာ ထမ်းရွက်ရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ LuduNwayOoဇန်နဝါရီ 2, 2023
သတင်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နိုင်ငံရေးအင်အားစုအသီးသီးနှင့် လက်တွဲဆောင်ရွက်နေဟု NLD ထုတ်ပြန် ယခင်ထက်ပိုမိုဆိုးရွားစွာ ရင်ဆိုင်နေရသော ယနေ့ကာလတွင်လည်း NLD သည် ချမှတ်ထားပြီးသောမူဝါဒများ၊ လက်တွေ့ကျသောလုပ်ငန်းစဉ်များကို ပါတီဝင် အသီးသီးက ရောက်ရှိရာနေရာတွင် ကျရာတာဝန်များကို ဦးလည်မသုဉ် ထမ်းရွက်နေကြောင်း အသိပေးသည်။ LuduNwayOoဇန်နဝါရီ 2, 2023
သတင်း စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ပအိုဝ်းပြည်သူများ ပို၍တိုက်ပွဲဝင်ကြရန် PNFC ပန်ကြား PNFCက ယနေ့(ဒီဇင်ဘာ ၁၁ရက်) ကျင်းပသည့် (၇၃)နှစ်မြောက် ပဒေသရာဇ်စနစ်ဆိုးဆန့်ကျင်တော်လှန်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် အထပ်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။ LuduNwayOoဒီဇင်ဘာ 11, 2022
သတင်း အာဏာရှင်ကို တရားဝင်ဖြစ်စေမည့် ဆောင်ရွက်မှုများကိုအားမပေးကြောင်း KNU ပြော အဆိုပါ လူထုတွေ့ဆုံပွဲကို KNU ဦးဆောင်သည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ပြည်သူလူထုများ တွေ့ဆုံကာ လက်ရှိ နိုင်ငံရေးအခင်းအကျင်း နှင့် ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးဆိုင်ရာ တို့နှင့်ပါတ်သက်ပြီး ဆွေးနွေးဟောပြောမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 13, 2022
သတင်း စစ်အာဏာရှင်အစုအဖွဲ့ဟောင်းကို ဖယ်ရှားပြီး နိုင်ငံတော်သစ်တည်ဆောက်ရာတွင် စစ်ရေး၊ နိုင်ငံရေးပြုပြင်စရာများရှိလာမည်ဟု ယာယီသမ္မတပြော ABSDF တပ်ဖွဲ့ဝင် မျိုးဆက်သစ်ရဲဘော်များအား လေ့ကျင့်စုဖွဲ့မှုများ ပြုလုပ်နိုင်ခဲ့ပြီး ညီနောင်မဟာမိတ် အသီးသီးနှင့်အတူ လက်တွဲတိုက်ပွဲဝင်နေကြပြီဖြစ်ကြောင်း အသိပေးထားပြီး လူမျိုးပေါင်းစုံတော်လှန်ရေးမှသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းစေရမည်ဟု ဖော်ပြခဲ့သည်။ LuduNwayOoနိုဝင်ဘာ 1, 2022
သတင်း စစ်အာဏာရှင်ကိုဆန့်ကျင်ခဲ့သည့် မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူခြင်းအပေါ် NLD ဝမ်းနည်းကြောင်း သဝဏ်လွှာပို့ ခေတ်အဆက်ဆက် စစ်အာဏာရှင်တို့၏ ကိုယ်ကျိုးရှာ ဖိနှိပ်အနိုင်ကျင့်မှုများကို နစ်နာခဲ့ရသူ ပြည်သူတို့ရှေ့မှ မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးခဲ့သောကြောင့် ဆရာတော်ကို စစ်ကောင်စီတပ်က ၆လကြာ ဖမ်းဆီးအကျဉ်းချထားခဲ့သည်။ LuduNwayOoအောက်တိုဘာ 31, 2022
သတင်း လေကြောင်းတိုက်ခိုက်ခံမှုဝမ်းနည်းဖွယ်ရာဖြစ်ရပ်ကို အာဏာရှင်စစ်ကောင်စီအားတွန်းလှန်သည့် တော်လှန်ရေးခွန်အားအဖြစ်သို့ အရှိန်မြှင့်တင်သွားမည်ဟု KIO ထုတ်ပြန် အာဏာရှင်စစ်ကောင်စီတပ်၏ ရက်စက်ကြမ်းကြုတ်သည့် ရွံရှာဖွယ် လုပ်ရပ်ကို ဖိနှိပ်ခံပြည်သူများ၏ သမိုင်းမှတ်ကျောက်အဖြစ် မှတ်တမ်းတင်ထားရန် KIO က တိုက်တွန်းသည်။ LuduNwayOoအောက်တိုဘာ 25, 2022
သတင်း မြန်မာပြည်သူများ၏ ပိုင်းဖြတ်ချက်ကြီးမားသော စစ်အာဏာရှင်သုတ်သင်ရေးသန္နိဋ္ဌာန်ကို အထူးလေးစားဂုဏ်ယူကြောင်း လူ့ဘောင်သစ်ပါတီ ဖော်ပြ ယနေ့ကျရောက်သော DPNS စတင်တည်ထောင်ခြင်း (၃၄)နှစ်မြောက် အထိမ်းအမှတ်နေ့တွင် ပါတီ၏ သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ရာ ဖော်ပြခြင်းဖြစ်သည်။ LuduNwayOoအောက်တိုဘာ 14, 2022