Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တံတိုင်းပဲခြားခြား၊ သံတိုင်ပဲခြားခြား အာဏာရှင်ကို အတူတိုက်ပွဲဝင်မည်ဟုထောင်တွင်းမှနိုင်ကျဥ်းများ သတင်းစကားပါး

အခြားရဲဘော်နိုင်ကျဥ်းတစ်ဦးကမူ ထောင်ထဲ အမိုးအ ကာအောက်နေရပြီး ကိုယ့်ရဲဘော်များက မိုးထဲလေထဲတွင် အသက်နှင့်ရင်းပြီး တိုက်ပွဲဝင်နေကြသည်ကို တွေးမိပြီး စိတ်မကောင်းဖြစ်ရသည့်အပြင် အကြွေးတင်သလိုခံစားရကြောင်း ရင်ဖွင့်သည်။

(အင်းစိန်​​​ထောင်ကို အ​ပေါ်စီးမှ​တွေ့ရစဥ်)
(အင်းစိန်​​​ထောင်ကို အ​ပေါ်စီးမှ​တွေ့ရစဥ်)

▪︎အကြောက်တရားနှင့်ခြောက်လည်း မကြောက်တရားဖြင့် တွန်းလှန်မည်

တံတိုင်းပဲခြားခြား၊ သံတိုင်ပဲခြားခြား စစ်အာဏာရှင်ကို အတူတိုက်ပွဲဝင်သွားမည်ဟု အင်းစိန်ထောင်အပါအဝင် အကျဥ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဥ်းသားများက ပြည်သူလူထုထံ သတင်းစကားပါးသည်။

စစ်အာဏာရှင်ကိုတော်လှန်ရင်း အကြောင်းအမျိုးမျိုးဖြင့် မတရားဖမ်းဆီးအကျဥ်းချခံထားရသော အကျဥ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဥ်းသားများက ယခုတော် လှန်ရေးကာလ နှစ်နှစ်ပြည့်တွင် ၎င်းတို့၏ ရဲဘော်ရဲဘက်များကတဆင့် ​အထက်ပါအတိုင်း ပြည်သူလူထုထံ သ တင်းစကားပါးလိုက်ခြင်း ဖြစ်သည်။

“ပေးဆပ်ထားတဲ့ ဘဝတွေ အသက်တွေအတွက် သင် ပုန်းချေတယ်ဆိုတာ မရှိဘူး။ ဘယ်အခြေမျိုးမှာမဆို ဘယ်နေရာပဲရောက်ရောက် အာဏာရှင်ကို အဆုံးထိ တိုက်ပွဲဝင်ပါမယ်လို့ ခံယူထားတယ်။ အကြောက်တရားနဲ့ခြောက်လည်း မကြောက်တရားနဲ့ တွန်းလှန်မယ်။ ဒီပွဲဟာ ပြည်သူ့အောင်ပွဲ တို့အောင်ပွဲ”ဟု နိုင်ကျဥ်းတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ယခုအချိန် ပြည်သူလူထုနှင့် တော်လှန်ရေး ညီအစ်ကိုများ အသက်စွန့်ပြီး စစ်အာဏာရှင်ကို တိုက်သည့်ပွဲတွင် ပါဝင်ခွင့်မရတော့ဘဲ ထောင်ထဲမှာနေပြီး တတ်နိုင်သည့်ဘက်က စစ်အာဏာရှင်ကို ဆက်ပြီးတော်လှန်နေမည်ဖြစ်သလို အပြင်က ညီအစ်ကိုများ ဘေးကင်းစေဖို့ ဘုရား သခင်ထံ နေ့တိုင်းဆုတောင်းပေးနေကြောင်း အခြားနိုင်ကျဥ်းတစ်ဦးက သတင်းစကားပါးသည်။

Public Service Announcement

Public Service Announcement

“ညီအစ်ကို တယောက်ချင်းစီတိုင်းနဲ့ ဘုရားသခင်အတူပါရှိလမ်းပြပြီး တရားသော စစ်တိုက်ခိုက်…ဘုရားသခင်ပေါင်းစည်းပေးပါစေ။ တိုက်ပွဲတိုင်း အောင်မြင်ပါစေ”ဟု ၎င်းက ဆန္ဒပြုသည်။

အခြားရဲဘော်နိုင်ကျဥ်းတစ်ဦးကမူ ထောင်ထဲ အမိုးအ ကာအောက်နေရပြီး ကိုယ့်ရဲဘော်များက မိုးထဲလေထဲတွင် အသက်နှင့်ရင်းပြီး တိုက်ပွဲဝင်နေကြသည်ကို တွေးမိပြီး စိတ်မကောင်းဖြစ်ရသည့်အပြင် အကြွေးတင်သလိုခံစားရကြောင်း ရင်ဖွင့်သည်။

အလားတူ အကျဥ်းထောင်ထဲရောက်နေသည့် အခြားနိုင်ကျဥ်းတစ်ဦးကလည်း တော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသောညီအစ်ကိုမောင်နှများနှင့် အကျဥ်းထောင်ပြင်ပမှာရှိနေပြီး နိုင်ရာဝန်ထမ်းကာ တိုက်ပွဲဝင်နေသူများ၊ ၎င်းကဲ့သို့ လွတ်လပ်ခွင့်ဆုံးရှုံးနေရသော ညီအစ်ကို မောင်နှမများအားလုံးကို တစ်သက်မေ့မည်မဟုတ်ဘဲ ထာဝရ လေးစားနေမည်ဟု ဆိုသည်။

“ကိုကိုယ်တိုင် အကျဥ်းကျခဲ့ပေမယ့် အပြင်မှာရှိတဲ့ အင် အားစုတွေ၊ ညီတွေ၊ အစ်ကိုတွေ တော်လှန်ရေးကို အဆုံး သတ်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ ကျနော်တို့ နေတဲ့ အကျဥ်းထောင်ပေါ်ကနေ လေယာဥ်တွေ ဖြတ်သန်းတိုင်း ရဲဘော်ရဲဘက်တွေ အားလုံးဘေးကင်းပါစေလို့ ဆု တောင်းခဲ့ပါတယ်။ အကျဥ်းထောင်ထဲမှာလည်း စည်းလုံးစွာနဲ့ အင်အားစုတစ်ရပ်အနေနဲ့ ရှိနေဆဲပါ”ဟု နောက်ထပ် နိုင်ကျဥ်းတစ်ဦးက ပြောသည်။

အထက်ပါကဲ့သို့ အကျဥ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဥ်းသားများက ၎င်းတို့၏ရဲဘော်ရဲဘက်များနှင့် ပြည် သူလူထုထံ သတင်းစကားပါးရာတွင် တော်လှန်ရေးကာ လ နှစ်နှစ်အတွင်း စွန့်လွှတ်ပေးဆပ်ရမှုများရှိခဲ့ကြသော် လည်း ယခုအချိန်ထိ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေကြသော ရဲ ဘော်များအား လေးစားသကဲ့သို့ အဘက်ဘက်မှ ပါဝင်အားဖြည့်နေကြသည့် ပြည်သူလူထုအားလည်း ဦးညွတ်ဂုဏ်ပြုကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။