Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာရှင်ကို တရားဝင်ဖြစ်စေမည့် ဆောင်ရွက်မှုများကိုအားမပေးကြောင်း KNU ပြော

အဆိုပါ လူထုတွေ့ဆုံပွဲကို KNU ဦးဆောင်သည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ပြည်သူလူထုများ တွေ့ဆုံကာ လက်ရှိ နိုင်ငံရေးအခင်းအကျင်း နှင့် ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးဆိုင်ရာ တို့နှင့်ပါတ်သက်ပြီး ဆွေးနွေးဟောပြောမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ပြည်သူလူထုများ တွေ့ဆုံပွဲပြုလုပ်နေစဉ်၊ဓာတ်ပုံ - KNU
ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ပြည်သူလူထုများ တွေ့ဆုံပွဲပြုလုပ်နေစဉ်၊ဓာတ်ပုံ - KNU

▪️စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမည်ဆိုသည်မှာပျက်သွားပြီဖြစ်သည့် ၂၀၀၈ခြေဥကို ပြန်အသက်သွင်းရန် ကြိုးပမ်းခြင်းဟု ရှင်းပြ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပျက်သွားပြီးဖြစ်ကြောင်းနှင့် ၂၀၂၃ ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်နေသည့် စစ်ကောင်စီ၏ ရည်ရွယ်ချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင်များက ပြောကြားသည်။

နိုဝင်ဘာ ၁၁ရက်က KNU ဖားအံခရိုင် လှိုင်းဘွဲ့မြို့နယ် တကောရွာ၌ ကျင်းပသည့် လူထုတွေ့ဆုံပွဲ၌ ကရင်နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်တစ်ဦးက လာမည့် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီမှ ကျင်းပမည့် ရွေးကောက်ပွဲ အပေါ် KNU သဘောထားကို မေးမြန်းခဲ့ရာ အထက်ပါအတိုင်း ပြန်လည်ရှင်းပြခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ပြည်သူလူထုများ တွေ့ဆုံပွဲပြုလုပ်နေစဉ်၊ဓာတ်ပုံ - KNU
ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ပြည်သူလူထုများ တွေ့ဆုံပွဲပြုလုပ်နေစဉ်၊ဓာတ်ပုံ – KNU

အဆိုပါ လူထုတွေ့ဆုံပွဲကို KNU ဦးဆောင်သည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ပြည်သူလူထုများ တွေ့ဆုံကာ လက်ရှိ နိုင်ငံရေးအခင်းအကျင်း နှင့် ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးဆိုင်ရာ တို့နှင့်ပါတ်သက်ပြီး ဆွေးနွေးဟောပြောမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

KNU အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစကတည်းက လက်မခံကြောင်း၊ တပ်မတော် သည် အရပ်သားအစိုးရထံမှ အာဏာသိမ်းလိုက်သည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း ပျက်သွားပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုနားလည် တတ်ကျွမ်းသည့် ပညာရှင်များတို့သည်လည်း တပ်မတော်မှ အာဏာသိမ်းလိုက်သည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပျက်ဆီးသွားခဲ့ပြီးဖြစ်ကြောင်း KNU ဘက်က ရှင်းပြခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ၂၀၂၃တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် အာဏာသိမ်း စစ်ကောင်စီမှ တရားဝင်မှုရရှိရေးအတွက်ကြိုးပမ်းခြင်းသာ ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်အသက်သွင်းခြင်းသာဖြစ်သောကြောင့် KNUအနေဖြင့် ဒီမိုကရေစီကျင့်စဉ် နည်းလမ်းကို လက်ခံသော်လည်း အာဏာရှင်ကို တရားဝင်ဖြစ်စေမည့် ဆောင်ရွက်မှုများတို့ကို အားမပေးကြောင်း KNU၏ သဘောထားကို ရှင်းပြခဲ့သည်ဟု ဖော်ပြထားသည်။

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ပြည်သူလူထုများ တွေ့ဆုံပွဲပြုလုပ်နေစဉ်၊ဓာတ်ပုံ - KNU
ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ပြည်သူလူထုများ တွေ့ဆုံပွဲပြုလုပ်နေစဉ်၊ဓာတ်ပုံ – KNU

ယခုတွေ့ဆုံပွဲသို့ KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ တွဲဘက် အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ KNLA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ ဗဟိုအမြဲတမ်းကော်မတီဝင် ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေး တို့တက်ရောက်ခဲ့သည်။ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်ကြသည့် KNU/KNLA PC မှ ဒုဥက္ကဌ ဗိုလ်ချုပ် ဒေါက်တာနော်ကပေါ်ထူး၊ BGF ဥက္ကဌ ဗိုလ်ချုပ်စောထွန်းလှိုင်၊ ဘာသာရေးခေါင်းဆောင်များနှင့် ကရင်နိုင်ငံရေးပါတီ တာဝန့်ရှိသူများလည်း တက်ရောက်ခဲ့သည်ဟုဆိုသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများတို့မှ ခေါင်းဆောင်ကိုယ်စားလှယ်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ KNU ဖားအံခရိုင်ရှိ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့နယ်၊ နဘူးမြို့နယ်၊ ထီလုံမြို့နယ်၊ ဒုံရင်းမြို့နယ်တို့မှ မြို့နယ်ခေါင်းဆောင်များ၊ ကျေးနယ်အုပ်စုမှူးများ၊ ရပ်မိရပ်ဖခေါင်းဆာင်များ နှင့် ပြည်သူလူထုများ စုစုပေါင်း (၁၅၀၀)ကျော် တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်သည်

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

သတင်း

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။