Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ်ဆိုးကို ဝိုင်းဝန်းတော်လှန်ရမည်ဟု TNLA အထွေထွေအတွင်းရေးမှူးပြောကြား

တအာင်း(ပလောင်)လူမျိုးများအနေဖြင့် ဆိုးဝါးသည့် မင်းအောင်လှိုင် စစ်အာဏာရှင် လက်ထက် ဆယ်စုနှစ်အတွင်း၌ ပင် စုစည်းမှုလုပ်ဆောင်နိုင်ခဲ့သည်ဟု ၎င်းကဆိုသည်။

(TNLA မှ တာဝန်ရှိသူများအား‌ တွေ့ရစဥ်၊ ဓာတ်ပုံ - TNLA)
(TNLA မှ တာဝန်ရှိသူများအား‌ တွေ့ရစဥ်၊ ဓာတ်ပုံ - TNLA)

စစ်အာဏာရှင်စနစ်ဆိုးကို ဝိုင်းဝန်းတော်လှန်သွားမည်ဖြစ်ကြောင်း တအာင်းတပ်မတော် (PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တားဘုန်းကျော်က ပြောကြားသည်။

ဇန်နဝါရီ ၁၂ရက်က ကျရောက်သည့် နှစ်(၆၀)ပြည့် တော်လှန်ရေးနေ့ နှင့်ပတ်သက်ပြီး ဗိုလ်မှူးချုပ် တားဘုန်းကျော်၏ ပြောကြားချက်ကို TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်ခဲ့သည်။

တအာင်း တော်လှန်ရေးကာလအတွင်း ပေးဆပ်ရမှုများ ဆုံးရှုံးရမှုများ ရှိသော်လည်း လက်ရှိ အချိန်တွင် လွတ်မြောက်ရေးပန်းတိုင်မှာ ပိုမိုရှင်းလင်းလာပြီဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဆယ်စုနှစ်ကာလအတွင်း PSLF/TNLA အနေဖြင့် လူထုနှင့်အတူ ရပ်တည်ပြီး ဒေသကို ကာကွယ်လှုပ်ရှားလာခဲ့ရာ ယခုအချိန်တွင် ပေးဆပ်မှု၏ ရလဒ်အချို့ အသီးအပွင့်အချို့အား ရရှိလာပြီဖြစ်ကြောင်း ဗိုလ်မှူးချုပ်တားဘုန်းကျော်က ပြောသည်။

လက်ရှိ အချိန်တွင် အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံအနှံ့ လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးစုံကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုနှင့် ပြစ်မှု မျိုးစုံတို့ကို မကြောက်မရွံ့ကျူးလွန်နေသည်ဟု TNLAက ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီကနေ့ အခြေအနေမှာ မြန်မာနိုင်ငံမှာ လက်ရှိ ကျွန်တော်တို့ အားလုံးက စစ်အာဏာရှင် တကယ်ဆိုးဆိုးဝါးဝါးဖြစ်တဲ့ လူသားချင်း စာနာစိတ်လုံး၀ ကင်းမဲ့တဲ့ အာဏာရှင်စနစ်အောက်မှာ ရောက်နေရတယ်။ ကျွန်တော်ထင်တယ် မြန်မာပြည် တနံတလျား အနှံ့အပြားမှာ အားလုံးက မီးလောင်အမှောင်တိုက် သွင်းခံရတယ်။ ဖိနှိပ်မှုတွေ ချုပ်ချယ်မှုတွေ စစ်အာဏာရှင်ရဲ့ တကယ့်ဆိုးရွားတဲ့ အနိဌာရုံကို အကုန်ခံစားနေရတာဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြောသည်။

တအာင်း(ပလောင်)လူမျိုးများအနေဖြင့် ဆိုးဝါးသည့် မင်းအောင်လှိုင် စစ်အာဏာရှင် လက်ထက် ဆယ်စုနှစ်အတွင်း၌ ပင် စုစည်းမှုလုပ်ဆောင်နိုင်ခဲ့သည်ဟု ၎င်းကဆိုသည်။

“အခု ဒီမင်းအောင်လှိုင် စစ်အာဏာရှင် ဆိုးဝါးတဲ့ လက်ထက်မှာ ကျနော်တို့ တအာင်း(ပလောင်)လူမျိုးအတွက် တခု ကျွန်တော်တို့ ကောက်ရိုးမျှင်တစ်မျှင်ဖြစ်လာတာက အခု ဆယ်စုနှစ်အတွင်းမှာ PSLF/TNLAကို ကျွန်တော်တို့ အားလုံးတက်ညီ လက်ညီ အနစ်နာခံပြီး ဝိုင်းပြီး ထူထောင်ရပ်တည်နိုင်တဲ့အတွက်ကြောင့် ဆိုးဝါးတဲ့ အာဏာရှင် စနစ်အောက်မှာတောင်မှ ကျွန်တော်တို့က စုစည်းညီညွတ်မှုတွေ သေချာလုပ်နိုင်တယ်။ ကျနော်တို့ရဲ့ စစ်ရေး လုပ်ငန်း၊ ကျွန်တော်တို့ နိုင်ငံရေး လုပ်ငန်း စဉ်တွေ ကျွန်တော်တို့ ပညာရေး၊ ကျန်းမာရေး စသဖြင့် လူထု အကျိုးပြုတဲ့ လုပ်ငန်းစဉ်တွေ တကယ်ဆိုးဝါးနေတဲ့အခြေအနေမှာတောင် အတက်နိုင်ဆုံး စုစည်းနိုင်တယ်။” ဟု ဗိုလ်မှူးချုပ်တားဘုန်းကျော်က ပြောသည်။

မျိုးဆက်သစ်များက တက်ညီလက်ညီ ဝိုင်းလုပ်ကြ၍ ထိုက်သင့်သလောက် အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း ရှေ့ဆက်သွားရမည့် လမ်းများရှိနေကြောင်း ၎င်းကဆိုသည်။

“ဒီအာဏာရှင်စနစ်ဆိုးကြီးကို ဝိုင်းတော်လှန်ရမယ့် အချိန်တွေလည်း အများကြီးရှိပါသေးတယ်” ဟု ဗိုလ်မှူးချုပ်တားဘုန်းကျော်က ပြောသည်။

PSLF/TNLA အနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု နည်းပါးခဲ့သော လက်နက်ကိုင်တပ်ဖွဲဖြစ်သည်။ သို့ရာတွင် ၂၀၂၂ ဒီဇင်ဘာလတွင် PSLF/TNLA စခန်းရှိရာ နမ့်ဆန်မြို့နယ် ကုန်းသာရွာကို စစ်ကောင်စီတပ်က လေကြောင်းချီ စစ်ဆင်ရေးပြုလုပ်ခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အတွေးအမြင်

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”

Facebook