Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အားလုံးချုပ်ငြိမ်းသည်အထိ အစွမ်းကုန်တိုက်ပွဲဝင်မည်ဟု ကတိပြုကြောင်း KSCCအဖွဲ့ဝင်များ ကြေညာ

KSCC သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ချိတ်ဆက်ပြီး NUGတွင် ကိုယ်စားလှယ်ပါဝင်မှုရှိသကဲ့သို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)တွင်လည်း ပါဝင်သည့်အဖွဲ့ဖြစ်သည်။

စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်အားလုံးချုပ်ငြိမ်းသည်အထိ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးရာ တိုက်ပွဲများတွင် အစွမ်းကုန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အပါအဝင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)ပြန်လည်ဖွဲ့စည်းရေး၌ပါဝင်မည့် အဖွဲ့အစည်းများစုပေါင်း၍ ကတိကဝတ်ဆိုင်ရာ ကြေညာချက်ကို ယနေ့ ထုတ်ပြန်သည်။

စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အားလုံးချုပ်ငြိမ်းသည်အထိ အစွမ်းကုန်တိုက်ပွဲဝင်မည်ဟု ကတိပြုကြောင်း KSCCအဖွဲ့ဝင်များ ကြေညာ
စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အားလုံးချုပ်ငြိမ်းသည်အထိ အစွမ်းကုန်တိုက်ပွဲဝင်မည်ဟု ကတိပြုကြောင်း KSCCအဖွဲ့ဝင်များ ကြေညာ

ယခု ကြေညာချက်ကို KNPP ဥက္ကဋ္ဌ ခူဦးရယ်၊ KNDF ဥက္ကဋ္ဌ ခွန်းဘီထူး၊ ကရင်နီပြည်နယ် ကြားကာလ ဥပဒေပြုရေးအဖွဲ့ ကိုယ်စားလှယ် မိုင်ကယ်ဘိုးရယ်၊ ကရင်နီပြည်အမျိုးသမီးများအင်အားစုကိုယ်စားလှယ် မူအန်းဂျလာ၊ ကရင်နီပြည်လူမျိုးစု လူငယ်အင်အားစု ကိုယ်စားလှယ် မူမာရီယာနှင့် ကရင်နီပြည်နယ် အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ် ဗညားတို့ လက်မှတ်ထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းအဖွဲ့များသည် KSCCပြန်လည်ဖွဲ့စည်းရေး၌ ပါဝင်သွားမည်ဟုဆိုသည်။

KSCC အတွင်းရှိ အဖွဲ့ဝင်အဖွဲ့အစည်းများအားလုံးသည် စစ်အာဏာရှင်နှင့် အာဏာရှင်မှန်သမျှ အမြစ်ပြတ်ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးတည်ဆောက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ကရင်နီပြည်နယ်၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ပြည်နယ်အချုပ် အခြာအာဏာပိုင်ဆိုင်ခွင့်တို့ကို တော်လှန်ရေးကာလကြားကာလမှစတင်၍ အပြည့်အ၀ အကောင်အထည်ဖော်ဆောင်ကျင့်သုံးသွားရန် လိုအပ်နေကြောင်း ကြေညာချက်၌ ဖော်ပြသည်။

KSCC သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ချိတ်ဆက်ပြီး NUGတွင် ကိုယ်စားလှယ်ပါဝင်မှုရှိသကဲ့သို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)တွင်လည်း ပါဝင်သည့်အဖွဲ့ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအဖွဲ့တွေအချင်းချင်းပွတ်တိုက်မှု ပိုများလာတာကို အချိန်မီပြင်ဆင်ဖို့လိုပြီး ဘုံရန်သူ စစ်အာဏာရှင်ကိုမမေ့ဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ဥက္ကဌ ခွန်းဗဟန်းထန်က သတိပေးပြောလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၂)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်အပြင် ဖိုဝါဒနဲ့ ဖိနှိပ်မှုမှန်သမျှကိုလည်း ဆန့်ကျင်တော်လှန်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ မတ်လ ၈ရက်မှာ တိုက်တွန်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ဒေသအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ နယ်မြေမငြိမ်သက်တဲ့ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၂၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။