Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အားလုံးချုပ်ငြိမ်းသည်အထိ အစွမ်းကုန်တိုက်ပွဲဝင်မည်ဟု ကတိပြုကြောင်း KSCCအဖွဲ့ဝင်များ ကြေညာ

KSCC သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ချိတ်ဆက်ပြီး NUGတွင် ကိုယ်စားလှယ်ပါဝင်မှုရှိသကဲ့သို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)တွင်လည်း ပါဝင်သည့်အဖွဲ့ဖြစ်သည်။

စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်အားလုံးချုပ်ငြိမ်းသည်အထိ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးရာ တိုက်ပွဲများတွင် အစွမ်းကုန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အပါအဝင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)ပြန်လည်ဖွဲ့စည်းရေး၌ပါဝင်မည့် အဖွဲ့အစည်းများစုပေါင်း၍ ကတိကဝတ်ဆိုင်ရာ ကြေညာချက်ကို ယနေ့ ထုတ်ပြန်သည်။

စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အားလုံးချုပ်ငြိမ်းသည်အထိ အစွမ်းကုန်တိုက်ပွဲဝင်မည်ဟု ကတိပြုကြောင်း KSCCအဖွဲ့ဝင်များ ကြေညာ
စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အားလုံးချုပ်ငြိမ်းသည်အထိ အစွမ်းကုန်တိုက်ပွဲဝင်မည်ဟု ကတိပြုကြောင်း KSCCအဖွဲ့ဝင်များ ကြေညာ

ယခု ကြေညာချက်ကို KNPP ဥက္ကဋ္ဌ ခူဦးရယ်၊ KNDF ဥက္ကဋ္ဌ ခွန်းဘီထူး၊ ကရင်နီပြည်နယ် ကြားကာလ ဥပဒေပြုရေးအဖွဲ့ ကိုယ်စားလှယ် မိုင်ကယ်ဘိုးရယ်၊ ကရင်နီပြည်အမျိုးသမီးများအင်အားစုကိုယ်စားလှယ် မူအန်းဂျလာ၊ ကရင်နီပြည်လူမျိုးစု လူငယ်အင်အားစု ကိုယ်စားလှယ် မူမာရီယာနှင့် ကရင်နီပြည်နယ် အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ် ဗညားတို့ လက်မှတ်ထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းအဖွဲ့များသည် KSCCပြန်လည်ဖွဲ့စည်းရေး၌ ပါဝင်သွားမည်ဟုဆိုသည်။

KSCC အတွင်းရှိ အဖွဲ့ဝင်အဖွဲ့အစည်းများအားလုံးသည် စစ်အာဏာရှင်နှင့် အာဏာရှင်မှန်သမျှ အမြစ်ပြတ်ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးတည်ဆောက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ကရင်နီပြည်နယ်၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ပြည်နယ်အချုပ် အခြာအာဏာပိုင်ဆိုင်ခွင့်တို့ကို တော်လှန်ရေးကာလကြားကာလမှစတင်၍ အပြည့်အ၀ အကောင်အထည်ဖော်ဆောင်ကျင့်သုံးသွားရန် လိုအပ်နေကြောင်း ကြေညာချက်၌ ဖော်ပြသည်။

KSCC သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ချိတ်ဆက်ပြီး NUGတွင် ကိုယ်စားလှယ်ပါဝင်မှုရှိသကဲ့သို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)တွင်လည်း ပါဝင်သည့်အဖွဲ့ဖြစ်သည်။

You May Also Like

သတင်း

ပင်လောင်းမြို့နယ် နမ်းနိန်းရွာ၌ ပြည်သူ ၂၂ဦးကို စစ်ကောင်စီတပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

သတင်း

၁၉၈၈တွင် ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်ရပ်သည် နိုင်ငံ၏ ဒီမိုကရေစီအရေးလှုပ်ရှားမှု၏ အထင်ကရမှတ်တိုင်တစ်ခုဖြစ်သော ရှစ်လေးလုံး အရေးတော်ပုံ ပေါ်ပေါက်လာစေရေးအတွက် တွန်းအားတစ်ခုဖြစ်စေခဲ့ကြောင်း NUCCက ဆိုသည်။

သတင်း

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)ကလည်းမတ်လ ၄ရက်တွင် ကရင်နီပြည်သူလူထု ထံသို့ လုံခြုံရေးဆိုင်ရာ အသိပေး တိုက်တွန်းနိုးဆော်ချက်တစ်ရပ်ကိုထုတ်ပြန်ခဲ့ရာလက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှု အန္တရာယ်မှ ကာကွယ်နိုင်ရန် အချက်များကို ဖော်ပြခဲ့သည်။