Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင်အစုအဖွဲ့ဟောင်းကို ဖယ်ရှားပြီး နိုင်ငံတော်သစ်တည်ဆောက်ရာတွင် စစ်ရေး၊ နိုင်ငံရေးပြုပြင်စရာများရှိလာမည်ဟု ယာယီသမ္မတပြော

ABSDF တပ်ဖွဲ့ဝင် မျိုးဆက်သစ်ရဲဘော်များအား လေ့ကျင့်စုဖွဲ့မှုများ ပြုလုပ်နိုင်ခဲ့ပြီး ညီနောင်မဟာမိတ် အသီးသီးနှင့်အတူ လက်တွဲတိုက်ပွဲဝင်နေကြပြီဖြစ်ကြောင်း အသိပေးထားပြီး လူမျိုးပေါင်းစုံတော်လှန်ရေးမှသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းစေရမည်ဟု ဖော်ပြခဲ့သည်။

ယာယီသမ္မတ ဒူဝါလရှီးလာ
ယာယီသမ္မတ ဒူဝါလရှီးလာ

▪️မျိုးဆက်သစ်များအားကောင်းသည့် စစ်ရေးစုဖွဲ့မှုတည်ဆောက်နိုင်ရေး လမ်းညွှန်ကူညီပေးရန် ABSDFအား တိုက်တွန်း

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး(ABSDF)ဖွဲ့စည်းတည်ထောင်ခြင်း (၃၄) နှစ်ပြည့်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလာက ရုပ်သံမှတဆင့် မိန့်ခွန်းပြောကြားခဲ့ရာ ABSDF အနေဖြင့် တော်လှန် သောမျိုးဆက်သစ်များ၏ ရှေ့ဆောင်လမ်းပြများအဖြစ် မြန်မာ့နွေဦးတော်လှန်ရေးတွင် ဆက်လက်ကူညီပေးကြရန် မေတ္တာရပ်ခံခဲ့သည်။

“အနာဂတ်နိုင်ငံတော်သစ်ဟာ စစ်အာဏာရှင်အစုအဖွဲ့ဟောင်းကို ပြတ်ပြတ်သားသား ရှင်းလင်းဖယ်ရှားနိုင်ပြီး ဒီမိုကရက်တစ် အသစ်တွေကို အစုအဖွဲ့အသစ် ခိုင်ခိုင်မာမာ အာမခံချက်ရှိရှိနဲ့ အောင်အောင်မြင်မြင် တည်ဆောက်နိုင်ဖို့ အထူးလိုအပ်ကြောင်း ပြောချင်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့ အတွက်ဆိုရင် စစ်ရေးအရ တော်လှန်ပြုပြင်စရာတွေ ရှိလာပါလိမ့်မယ်။ နိုင်ငံရေးအရလည်း တော်လှန်ပြုပြင်စရာတွေရှိလာပါလိမ့်မယ်။ ဒါ့အပြင် အမြင်သစ် အတွေးသစ် အယူအဆသစ်တွေကို ကြိုဆိုလက်ခံပြီး သွေးသစ်၊ မျိုးဆက်သစ်၊ အင်အားသစ်တွေနဲ့ တည်ဆောက်စရာ တွေအမြောက်အများရှိလာပါလိမ့်မယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

Public Service Announcement

Public Service Announcement

ABSDFကို ၁၉၈၈ နိုဝင်ဘာ ၁ရက်တွင် ဖွဲ့စည်းတည် ထောင်ခဲ့ရာ ယနေ့သည် တပ်ဦးဖွဲ့စည်းမှု (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။

“တော်လှန်ရေးသက်တမ်း ၃၄နှစ်အထိ ရပ်တည် လာနိုင်တဲ့ တော်လှန်ရေးအစုအဖွဲ့တစ်ခုဟာ တော်လှန်ရေးအတွေ့အကြုံအကြုံတွေ ရင့်ကျက်ပြည့်၀တဲ့အချိန်ကာလကို ရောက်လာခဲ့ပြီ လို့ ကျနော့်အနေနဲ့ယူဆပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

၁၉၈၈ လူထုတော်လှန်ရေးက မွေးဖွားလိုက်သည့် ABSDFအနေဖြင့် ယခု ၂၀၂၁ မြန်မာ့နွေဦးတော်လှန် ရေးက တော်လှန်သော မျိုးဆက်သစ်များကို လက်ဆင့်ကမ်းနိုင်ခဲ့ခြင်းများစွာ ရှိမည်ဟု ယုံကြည် ကြောင်း ၎င်းက ဆိုသည်။ ထိုသို့လက်ဆင့်ကမ်းရာတွင် စစ်ရေးမဟာဗျူဟာ၊ နည်းဗျူဟာများကို သွန်သင်လမ်းပြနိုင်ခြင်းများ ပါဝင်နိုင်လိမ့်မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

“တော်လှန်သော မျိုးဆက်အချင်းချင်း လက်ဆင့်ကမ်းသွင်သင်နိုင်တာတွေရှိသလို အားကောင်းတဲ့ စစ်ရေးစုဖွဲ့မှုတွေကို အမြင်ကျယ်ကျယ် အမြှော်အမြင်ရှိရှိနဲ့ ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို မြန်မာ့နွေဦးတော်လှန်ရေး မျိုးဆက်သစ်တွေကို လမ်းညွှန်သင်ကြားပေးဖို့ ကျနော့်အနေနဲ့ ထပ်လောင်းပြောကြားချင်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကဏ္ဍများစွာက ကူညီပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများ ရှိနေပြီး ဖြစ်ကြောင်း၊လက်ရှိ ABSDF တော်လှန်ရေးတပ်ဦးနှင့် နီးကပ်ထိစပ်နေသည့် တော်လှန်သောမျိုးဆက်သစ်များကလည်း ကျောင်းသားတော်လှန်ရေးတပ်ဦး၏ တော်လှန်ရေးခွန်အားများနှင့်စွမ်းရည်များကို ခံယူတည်ဆောက်ရန် တိုက်တွန်းလိုကြောင်း ယာယီသမ္မတက ပြောသည်။

ABSDFကလည်း တပ်ဦး ဖွဲ့စည်းတည်ထောင်ခြင်း ၃၄ နှစ်ပြည့် ကြေညာချက် ထုတ်ပြန်ခဲ့ရာ နွေဦးတော်လှန်ရေးနှင့်အတူ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး၏ စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲဝင်မှုများ နိုင်ငံအနှံ့ ကျယ်ပြန့်လာသကဲ့သို့ ABSDF အနေဖြင့် စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး သံတမန် ရေး လုပ်ငန်းစဉ်များကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ABSDF တပ်ဖွဲ့ဝင် မျိုးဆက်သစ်ရဲဘော်များအား လေ့ကျင့်စုဖွဲ့မှုများ ပြုလုပ်နိုင်ခဲ့ပြီး ညီနောင်မဟာမိတ် အသီးသီးနှင့်အတူ လက်တွဲတိုက်ပွဲဝင်နေကြပြီဖြစ်ကြောင်း အသိပေးထားပြီး လူမျိုးပေါင်းစုံတော်လှန်ရေးမှသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းစေရမည်ဟု ဖော်ပြခဲ့သည်။