သတင်း စစ်အာဏာရှင်အား တိုက်ခိုက်မည့် အထူးတိုက်ခိုက်ရေးကွန်မန်ဒိုတပ်ဖွဲ့လေ့ကျင့်နေမှု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ(၇)ထုတ်ပြန် ပြည်သူပိုင်နေအိမ်များ မီးရှို့၊လုယက်ပြီး စစ်ကြောင်းထိုးသတ်ဖြတ်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ကို ခုခံကာကွယ်ရန်အပါအဝင် စစ်ကောင်စီတပ်၏ စစ်စခန်းများ၊ မြို့သိမ်းတိုက်ပွဲများနှင့် အထူးစစ်ဆင်ရေးများကို ကွန်မန်ဒိုအထူးတပ်ဖွဲ့က ဆောင်ရွက်သွားမည်ဟု ဆိုသည်။ LuduNwayOoဇူလိုင် 7, 2022
သတင်း KNU တပ်မဟာ ၃ နယ်မြေထဲ စစ်ရေးလှုပ်ရှားမှုတွေကြောင့် စာသင်ကျောင်း ၁၃ ကျောင်းပိတ်ထားရ လတ်တလောမှာ ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်အတွင်းရှိ ပြည်သူလူထုတွေဟာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေကြောင့် ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။ LuduNwayOoဇူလိုင် 4, 2022
သတင်း KNU တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ် ဖမ်းသွားသည့် ဘီးလင်း NLD အမတ်ကို အဆက်အသွယ်မရသေး ဦးကျော်မျိုးမင်းနှင့်အတူ ခေါ်ဆောင်ခံရသူ နှစ်ဦးမှာ တော်လှန်ရေးရဲဘော် များဖြစ်သည့် ရဲဘော် ပန်းမြင့်နှင့် ရဲဘော်ကိုကိုမောင်တို့ ဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ ဇွန် ၃၀ ရက်တွင်ကျဆုံးကြောင်းကို KNU တပ်မဟာ(၁) သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ရေး ကော်မတီက ယနေ့ထုတ်ပြန်ထားသည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း ဖာပွန်ခရိုင်တွင် ဇွန်လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးအပါအဝင် ၉၀ကျော်သေဟု KNU တပ်မဟာ(၅) အသိပေး တိုက်ပွဲများအတွင်း KNLAဘက်မှ တစ်ဦးကျဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်၍ အရပ်သား သုံးဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 2, 2022
သတင်း KNU တပ်မဟာ(၃)နယ်မြေရှိ စစ်ကောင်စီ၏ ဂိတ်စခန်းငယ် တိုက်ခိုက်သိမ်းပိုက်ခံရ၊ စစ်ကောင်စီတပ်သားများ လက်နက်ချ အညံခံ “ကျွန်တော်တို့ ပြည်သူတွေလဲ မုန်းမြို့နယ်ထဲကရွာသူရွာသားတွေ ရွာလုံးကျွတ်ပြောင်းရွှေ့ နေကြရပါတယ်” ဟု ၎င်းက ဆိုသည်။ စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်တစ်စီးလည်း မုန်းဒေသသို့ ရောက်လာကြောင်း ဒေသခံက ပြောသည်။ LuduNwayOoဇူလိုင် 2, 2022
သတင်း တပ်မဟာ(၅)နယ်မြေတွင် နယ်ကျွံဝင်လာသည့် စစ်ကောင်စီယာဥ်ကို တိုက်ခိုက်ရာ ယာဥ်ပေါ်ပါလာသူ အကုန်သေဟု BPLA အသိပေး အဆိုပါယာဥ်မှာ ပျက်စီးသွားပြီး ယာဥ်ပေါ်ပါ ရန်သူ ငါးဦးစလုံး သေဆုံးကာ (၄၀) မမ - ၁ လက်၊ AK - ၂ လက်၊ M4 carbine - ၁ လက်၊ G3 - ၁ လက်၊... LuduNwayOoဇူလိုင် 2, 2022
သတင်း လက်နက်ကြီးငယ်နဲ့ပစ်ခတ်၊ ရွာသားတွေကိုမောင်းထုတ်တဲ့ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၃ ထိတွေ တိုက်ပွဲဖြစ် စစ်ကောင်စီတပ်ရဲ့စစ်ရေးလှုပ်ရှားမှုကြောင်း ကေအဲန်ယူ-မုန်းမြို့နယ်ထဲက ကျေးရွာ(၂)ရွာနဲ့ ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာပေါင်း(၂၈)ရွာက ဒေသခံပြည်သူဦးရေ (၁၆၁၃၇)ဦး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။ LuduNwayOoဇွန် 29, 2022
သတင်း တပ်မဟာ ၆ နယ်မြေ ဒီမနက်အစောထဲက တိုက်ပွဲဖြစ်နေ မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့ မနက် ၄ နာရီအချိန်ကစပြီး KNLA KNDO ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကာ နှစ်ဖက်ထိခိုက်မှုတွေလည်းရှိခဲ့တယ်လို့ ပူးပေါင်းအဖွဲ့ထံကနေ သိရပါတယ်။ LuduNwayOoဇွန် 26, 2022
သတင်း တိုက်စစ်သို့ပြောင်းရန်အထူးကွန်မန်ဒိုတပ်ဖွဲ့စည်းလိုက်ပြီးပြည်သူများပါဝင်ကူညီရန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ (၇) ၊ တပ်ရင်း – ၇၀၃ ထုတ်ပြန် ထိုပျူစောထီးတို့သည် စစ်ကောင်စီတပ်နှင့်ပူးပေါင်း၍ တစ်လတစ်ကြိမ် နီးစပ်ရာရွာများကို စစ်ကြောင်းထိုးကာရိက္ခာနှင့် အဖိုးတန်ပစ္စည်းများကို လုယက်ကြီး ရွာသားအချို့ကို သတ်ဖြတ်ခြင်းနှင့် နေအိမ်များကို မီးရှို့တို့ကိုလည်း လက်မရွံလုပ်တတ်သည်။ LuduNwayOoဇွန် 21, 2022
သတင်း တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့အမျိုးသမီးတစ်ဦး ဒဏ်ရာရ ဇွန် ၁၇ ရက်ကလည်း စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေက အများပြည်သူတွေ နေ့စဉ်သွားလာနေကျလမ်းဖြစ်တဲ့ ကမမောင်းနဲ့ ကတိုင်တိ ကားလမ်းတလျှောက်ကို သွားလာခွင့်ပိတ်ပင်တားဆီးတာမက ခရီးသွားပြည်သူတွေသွားလာပါက ပစ်ခတ်မယ်လို့ သတင်းဖြန့်ပြီးခြိမ်းခြောက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါသေးတယ်။ LuduNwayOoဇွန် 20, 2022