Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ ၃ နယ်မြေထဲ စစ်ရေးလှုပ်ရှားမှုတွေကြောင့် စာသင်ကျောင်း ၁၃ ကျောင်းပိတ်ထားရ

လတ်တလောမှာ ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်အတွင်းရှိ ပြည်သူလူထုတွေဟာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေကြောင့် ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

KNU တပ်မဟာ ၃ နယ်မြေထဲ စစ်ရေးလှုပ်ရှားမှုတွေကြောင့် စာသင်ကျောင်း ၁၃ ကျောင်းပိတ်ထားရ
KNU တပ်မဟာ ၃ နယ်မြေထဲ စစ်ရေးလှုပ်ရှားမှုတွေကြောင့် စာသင်ကျောင်း ၁၃ ကျောင်းပိတ်ထားရ

ကေအဲန်ယူ-ခလယ်လွီထူခရိုင် တပ်မဟာ ၃ နယ်မြေ မူး(မုန်း)မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် စာသင်ကျောင်း (၁၃)ကျောင်း ပိတ်ထားခဲ့ရပြီး ကျောင်းသားကျောင်းသူတွေနဲ့ ဆရာဆရာမတွေ တိမ်းရှောင်ထွက်ပြေးခဲ့ရတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၂ ရက်ကစပြီး ကေအဲန်ယူထိန်းချုပ်နယ်မြေ မူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်ခဲ့ပြီး နယ်မြေခံ KNLA တပ်မဟာ ၃ နဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ကာ ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာပါ။

Public Service Announcement
Public Service Announcement

ဒါ့အပြင် ကေအဲန်ယူ-မူးမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၂)ရွာက စာသင်ကျောင်းတွေလည်း ဖွင့်လှစ်နိုင်ခြင်းမရှိတော့ပဲ ရပ်တန့်ခဲ့ရပြီး အဆိုပါကျောင်းတွေမှာ ကျောင်းသားကျောင်းသူနဲ့ ဆရာဆရာမ ဦးရေ စုစုပေါင်း(၆၀၀) လည်း တိမ်းရှောင်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။

လတ်တလောမှာ ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်အတွင်းရှိ ပြည်သူလူထုတွေဟာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေကြောင့် ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။

သတင်း

အဟာရပြည့်​အောင်​ကြွေးရမယ့်ညွန်ကြားပြီးဘက်ဂျက်​မ​ပေးလို့ အသားကျွေးဖို့ ကျောင်းသားမိဘတွေဆီကပိုက်ဆံကောက်

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။