Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၃)နယ်မြေရှိ စစ်ကောင်စီ၏ ဂိတ်စခန်းငယ် တိုက်ခိုက်သိမ်းပိုက်ခံရ၊ စစ်ကောင်စီတပ်သားများ လက်နက်ချ အညံခံ

“ကျွန်တော်တို့ ပြည်သူတွေလဲ မုန်းမြို့နယ်ထဲကရွာသူရွာသားတွေ ရွာလုံးကျွတ်ပြောင်းရွှေ့ နေကြရပါတယ်” ဟု ၎င်းက ဆိုသည်။ စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်တစ်စီးလည်း မုန်းဒေသသို့ ရောက်လာကြောင်း ဒေသခံက ပြောသည်။

KNU တပ်ဖွဲ့ဝင်များ ​ရှေ့တန်းတစ်​နေရာတွင်​တွေ့ရစဥ်။ ဓါတ်ပုံ-KNU
KNU တပ်ဖွဲ့ဝင်များ ​ရှေ့တန်းတစ်​နေရာတွင်​တွေ့ရစဥ်။ ဓါတ်ပုံ-KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေရှိ စစ်ကောင်စီ၏ ဂိတ်စခန်းငယ်တစ်ခုကိုယနေ့မနက်တွင် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း KNU သတင်းရင်းမြစ်က အတည်ပြုသည်။

KNU တပ်မဟာ(၃) ကျောက်ကြီးမြို့နယ် မုန်းမြို့နယ်ခွဲရှိ အောင်းလောင်းစိန် စစ်ကောင်စီတပ်စခန်းငယ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီ တပ်စခန်းမှ တပ်ဖွဲ့ဝင် ၇ဦးက လက်နက်ချ အညံ့ခံခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက သတင်းပေးပို့သည်။

ယင်းနှင့်ပတ်သက်ပြီး KNU သတင်းရင်းမြစ်က “စခန်းရတာဟုတ်တယ်။ စခန်းသေးသေးလေးပါ။ သူတို့ စခန်းက စစ်ဆေးရေးဂိတ်သဘောလောက်ပဲ” ဟု အတည်ပြုပြောကြားသည်။

လက်နက်ခဲယမ်း အချို့ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ဖမ်းဆီးရမိခဲ့ကြောင်းလည်း ၎င်းက အတည်ပြု ပြောကြားသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်က အထိနာ၍ ရဟတ်ယာဥ်ဖြင့်လာ​ရောက်တိုက်ခိုက်​နေစဥ်။ ။ဓါတ်ပုံ-CJ
စစ်​ကောင်စီတပ်က အထိနာ၍ ရဟတ်ယာဥ်ဖြင့်လာ​ရောက်တိုက်ခိုက်​နေစဥ်။ ။ဓါတ်ပုံ-CJ

သတင်းရင်းမြစ်တစ်ဦးကလည်း လက်ရှိတွင် KNU နှင့် စစ်ကောင်စီတပ်တို့ ကျောက်ကြီးမြို့နယ်ကျွန်းပင်ဆိပ်ရွာ၌ ထိတွေ့မှု ဖြစ်နေကြောင်း ပြောကြားသည်။

ဒေသခံတစ်ဦးကလည်း လက်ရှိတွင် စစ်ကောင်စီတပ်များ မုန်းမြို့သို့ ကား ၂စီးဖြင့်စစ်ကူဝင် လာကြောင်း၊ အင်အား ၄၀ ခန့်ရှိကြောင်းပြောကြားသည်။

“ကျွန်တော်တို့ ပြည်သူတွေလဲ မုန်းမြို့နယ်ထဲကရွာသူရွာသားတွေ ရွာလုံးကျွတ်ပြောင်းရွှေ့ နေကြရပါတယ်” ဟု ၎င်းက ဆိုသည်။ စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်တစ်စီးလည်း မုန်းဒေသသို့ ရောက်လာကြောင်း ဒေသခံက ပြောသည်။

KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးနှင့် မုန်းဒေသ၌ စစ်ကောင်စီတပ်များနှင့် နယ်မြေခံ KNU တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီးစစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်၍ ဒေသခံ ပြည်သူ သောင်းနှင့်ချီ စစ်ဘေးရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook