Connect with us

Hi, what are you looking for?

သတင်း

တိုက်စစ်သို့​ပြောင်းရန်အထူးကွန်မန်ဒိုတပ်ဖွဲ့စည်းလိုက်ပြီးပြည်သူများပါဝင်ကူညီရန် အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ (၇) ၊ တပ်ရင်း – ၇၀၃ ထုတ်ပြန်

ထိုပျူစောထီးတို့သည် စစ်ကောင်စီတပ်နှင့်ပူးပေါင်း၍ တစ်လတစ်ကြိမ် နီးစပ်ရာရွာများကို စစ်ကြောင်းထိုးကာရိက္ခာနှင့် အဖိုးတန်ပစ္စည်းများကို လုယက်ကြီး ရွာသားအချို့ကို သတ်ဖြတ်ခြင်းနှင့် နေအိမ်များကို မီးရှို့တို့ကိုလည်း လက်မရွံလုပ်တတ်သည်။

(တပ်ရင်း - ၇၀၃ မှ PDF တပ်ဖွဲ့ဝင်တစ်ဦး​​လေ့ကျင့်​နေစဥ် ။ဓါတ်ပုံ-တပ်ရင်း ၇၀၃)
(တပ်ရင်း - ၇၀၃ မှ PDF တပ်ဖွဲ့ဝင်တစ်ဦး​​လေ့ကျင့်​နေစဥ် ။ဓါတ်ပုံ-တပ်ရင်း ၇၀၃)

ခုခံတွန်းလှန်စစ်မှ တိုက်စစ်သို့ကူးပြောင်းရန် အထူးတိုက်ခိုက်ရေးကွန်မန်ဒိုတပ်ဖွဲ့ ဖွဲ့စည်းလိုက်ပြီး ပြည်သူများ ပါဝင်ကူညီကြရန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ ၇ ၊ တပ်ရင်း ၇၀၃ က ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

မြေပြင်မှတိုက်ခိုက်ရေးတပ်ခွဲများကိုတပ်ဆင်ထားသည့် လက်နက်များသည် ခုခံကာကွယ်စစ်ကိုသာ စွမ်းဆောင်နိုင်ပြီး တိုက်စစ်ကို မကြာခင် ကူးပြောင်းတော့မည်ဟု​ဖော်ပြထားသည်။ တိုက်စစ်အတွက် အထူးတိုက်ခိုက်ရေးကွန်မန်ဒို တပ်ဖွဲ့ကို ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ပြီး လက်နက်နှင့် စစ်အသုံးဆောင် ပစ္စည်းများလိုအပ်လျက်ရှိသည်ဟုလည်း တပ်ရင်း ၇၀၃ ကအသိ​ပေးသည်။

ထို​ကြောင့်တပ်ရင်း ၇၀၃ကဆောင်ရွက်မည့် Fundraising Program များတွင် ပါဝင်ပေးကြရန်လည်းလည်းတပ်ရင်း ၇၀၃ က ပြည်သူများကိုနှိုး​ဆော်သည်။

“တပ်မဟာ၇ က စစ်ကောင်စီတပ်တွေကို ကောင်းကောင်း ဒုက္ခပေးနေတဲ့ တပ်မဟာတစ်ခုဖြစ်ပါတယ်။ ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာတိုက်ပွဲမှာဆိုရင် စစ်ကောင်စီတပ်သား ၄၀
လောက်ကို သုတ်သင်နိုင်ခဲ့ပါတယ်။ အဲ့တိုက်ပွဲနောက်ပိုင်းမှာ တစ်နှစ်အတွင်းမှာ တပ်မဟာ ၇ ရဲ့လှုပ်ရှားမှုတွေက အများကြီးရှိခဲ့ပါတယ်”ဟုတပ်မဟာ ၇ ၊တပ်ရင်း ၇၀၃တပ်ရင်းမှူး စိုးမိုးကပြောသည်။

Public Service Announcement

Public Service Announcement

တပ်ရင်း ၇၀၃ ၏ထုတ်ပြန်ချက်အရ ဂန့်ဂေါခရိုင်မြောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ လက်သပ်မွေးထားသည့် ပျူစောထီးအဖွဲ့များအများအပြားရှိနေသည်ဟုသိရသည်။

ထိုပျူစောထီးတို့သည် စစ်ကောင်စီတပ်နှင့်ပူးပေါင်း၍ တစ်လတစ်ကြိမ် နီးစပ်ရာရွာများကို စစ်ကြောင်းထိုးကာရိက္ခာနှင့် အဖိုးတန်ပစ္စည်းများကို လုယက်ကြီး ရွာသားအချို့ကို သတ်ဖြတ်ခြင်းနှင့် နေအိမ်များကို မီးရှို့တို့ကိုလည်း လက်မရွံလုပ်တတ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့်လက်နက်ခဲယမ်းမပြည့်စုံသေးသောကြောင့် စစ်ကြောင်း အချို့ကို မတားဆီးနိုင်၍ ဆုံးရှုံးများရှိနေသည်ဟုလည်းသိရသည်။

ထို​ကြောင့်စစ်ဘေးသင့်နယ်မြေများကိုအပြည့်အဝထိန်းချုပ်နိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကအစဉ်တစိုက်ကြိုးစားလျက်ရှိသည်ဟု တပ်ရင်း ၇၀၃ ကထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။