Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တိုက်စစ်သို့​ပြောင်းရန်အထူးကွန်မန်ဒိုတပ်ဖွဲ့စည်းလိုက်ပြီးပြည်သူများပါဝင်ကူညီရန် အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ (၇) ၊ တပ်ရင်း – ၇၀၃ ထုတ်ပြန်

ထိုပျူစောထီးတို့သည် စစ်ကောင်စီတပ်နှင့်ပူးပေါင်း၍ တစ်လတစ်ကြိမ် နီးစပ်ရာရွာများကို စစ်ကြောင်းထိုးကာရိက္ခာနှင့် အဖိုးတန်ပစ္စည်းများကို လုယက်ကြီး ရွာသားအချို့ကို သတ်ဖြတ်ခြင်းနှင့် နေအိမ်များကို မီးရှို့တို့ကိုလည်း လက်မရွံလုပ်တတ်သည်။

(တပ်ရင်း - ၇၀၃ မှ PDF တပ်ဖွဲ့ဝင်တစ်ဦး​​လေ့ကျင့်​နေစဥ် ။ဓါတ်ပုံ-တပ်ရင်း ၇၀၃)
(တပ်ရင်း - ၇၀၃ မှ PDF တပ်ဖွဲ့ဝင်တစ်ဦး​​လေ့ကျင့်​နေစဥ် ။ဓါတ်ပုံ-တပ်ရင်း ၇၀၃)

ခုခံတွန်းလှန်စစ်မှ တိုက်စစ်သို့ကူးပြောင်းရန် အထူးတိုက်ခိုက်ရေးကွန်မန်ဒိုတပ်ဖွဲ့ ဖွဲ့စည်းလိုက်ပြီး ပြည်သူများ ပါဝင်ကူညီကြရန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ ၇ ၊ တပ်ရင်း ၇၀၃ က ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

မြေပြင်မှတိုက်ခိုက်ရေးတပ်ခွဲများကိုတပ်ဆင်ထားသည့် လက်နက်များသည် ခုခံကာကွယ်စစ်ကိုသာ စွမ်းဆောင်နိုင်ပြီး တိုက်စစ်ကို မကြာခင် ကူးပြောင်းတော့မည်ဟု​ဖော်ပြထားသည်။ တိုက်စစ်အတွက် အထူးတိုက်ခိုက်ရေးကွန်မန်ဒို တပ်ဖွဲ့ကို ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ပြီး လက်နက်နှင့် စစ်အသုံးဆောင် ပစ္စည်းများလိုအပ်လျက်ရှိသည်ဟုလည်း တပ်ရင်း ၇၀၃ ကအသိ​ပေးသည်။

ထို​ကြောင့်တပ်ရင်း ၇၀၃ကဆောင်ရွက်မည့် Fundraising Program များတွင် ပါဝင်ပေးကြရန်လည်းလည်းတပ်ရင်း ၇၀၃ က ပြည်သူများကိုနှိုး​ဆော်သည်။

“တပ်မဟာ၇ က စစ်ကောင်စီတပ်တွေကို ကောင်းကောင်း ဒုက္ခပေးနေတဲ့ တပ်မဟာတစ်ခုဖြစ်ပါတယ်။ ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာတိုက်ပွဲမှာဆိုရင် စစ်ကောင်စီတပ်သား ၄၀
လောက်ကို သုတ်သင်နိုင်ခဲ့ပါတယ်။ အဲ့တိုက်ပွဲနောက်ပိုင်းမှာ တစ်နှစ်အတွင်းမှာ တပ်မဟာ ၇ ရဲ့လှုပ်ရှားမှုတွေက အများကြီးရှိခဲ့ပါတယ်”ဟုတပ်မဟာ ၇ ၊တပ်ရင်း ၇၀၃တပ်ရင်းမှူး စိုးမိုးကပြောသည်။

Public Service Announcement

Public Service Announcement

တပ်ရင်း ၇၀၃ ၏ထုတ်ပြန်ချက်အရ ဂန့်ဂေါခရိုင်မြောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ လက်သပ်မွေးထားသည့် ပျူစောထီးအဖွဲ့များအများအပြားရှိနေသည်ဟုသိရသည်။

ထိုပျူစောထီးတို့သည် စစ်ကောင်စီတပ်နှင့်ပူးပေါင်း၍ တစ်လတစ်ကြိမ် နီးစပ်ရာရွာများကို စစ်ကြောင်းထိုးကာရိက္ခာနှင့် အဖိုးတန်ပစ္စည်းများကို လုယက်ကြီး ရွာသားအချို့ကို သတ်ဖြတ်ခြင်းနှင့် နေအိမ်များကို မီးရှို့တို့ကိုလည်း လက်မရွံလုပ်တတ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့်လက်နက်ခဲယမ်းမပြည့်စုံသေးသောကြောင့် စစ်ကြောင်း အချို့ကို မတားဆီးနိုင်၍ ဆုံးရှုံးများရှိနေသည်ဟုလည်းသိရသည်။

ထို​ကြောင့်စစ်ဘေးသင့်နယ်မြေများကိုအပြည့်အဝထိန်းချုပ်နိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကအစဉ်တစိုက်ကြိုးစားလျက်ရှိသည်ဟု တပ်ရင်း ၇၀၃ ကထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

မြဝတီမြို့နယ်အတွင်း ကျန်နေသည့် ခမရ(၃၅၇)၊ ခမရ (၂၇၅)နှင့် သင်္ဃန်းညီနောင်ဗျူဟာစခန်း တို့ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ယနေ့တွင် ခမရ (၃၇၅)နှင့် သင်္ဃန်းညီနောင်ဗျူဟာစခန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။