Connect with us

Hi, what are you looking for?

သတင်း

တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ဇွန် ၁၇ ရက်ကလည်း စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေက အများပြည်သူတွေ နေ့စဉ်သွားလာနေကျလမ်းဖြစ်တဲ့ ကမမောင်းနဲ့ ကတိုင်တိ ကားလမ်းတလျှောက်ကို သွားလာခွင့်ပိတ်ပင်တားဆီးတာမက ခရီးသွားပြည်သူတွေသွားလာပါက ပစ်ခတ်မယ်လို့ သတင်းဖြန့်ပြီးခြိမ်းခြောက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါသေးတယ်။

တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ
တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ

မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နယ်ခြားစောင့်တပ်(BGF)က ဒေသခံတွေကို ခြိမ်းခြောက်ခဲ့တယ်လို့ တပ်မဟာ ၅ ထံက သိရပါတယ်။

ဇွန် ၁၈ ရက်နေ့ မနက် ၈ နာရီ မိနစ် ၄၀ အချိန်က ဖာပွန်မြို့တောင်ဘက်က စစ်ကောင်စီရဲ့ ဝေမှုံအခြေစိုက်တပ်စခန်းကနေ ဖာပွန်ခရိုင် ဘူးသိုမြို့နယ် မယ်ကလောကျေးရွာအုပ်စု ဒေလော်ပူကျေးရွာထဲကို အမြောက်လက်နက်ကြီးနဲ့ တမင်ရည်ရွယ်ပစ်ခတ်ခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာဖြစ်တယ်လို့ တပ်မဟာ ၅ က ဆိုပါတယ်။

ဇွန် ၁၇ ရက်ကလည်း စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေက အများပြည်သူတွေ နေ့စဉ်သွားလာနေကျလမ်းဖြစ်တဲ့ ကမမောင်းနဲ့ ကတိုင်တိ ကားလမ်းတလျှောက်ကို သွားလာခွင့်ပိတ်ပင်တားဆီးတာမက ခရီးသွားပြည်သူတွေသွားလာပါက ပစ်ခတ်မယ်လို့ သတင်းဖြန့်ပြီးခြိမ်းခြောက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါသေးတယ်။

ဒါ့အပြင် ကတိုင်တိကျေးရွာထဲကို အပြင်လူတွေ လုံး၀ဝင်ထွက်သွားလာတာတွေမပြုလုပ်ဖို့နဲ့ ရွာပြင်ဘက်ကိုထွက်ခွာတဲ့ ရွာသူရွာသားတွေကို တွေ့ရှိကြားသိပါက ဒဏ်ငွေဆောင်ရမယ်လို့လည်း နယ်ခြားစောင့်တပ် BGF က ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်က ထုတ်ပြန်ခြိမ်းခြောက်ထားကြောင်း တပ်မဟာ ၅ ထံကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။