သတင်း မြောင်မြို့နယ်၊ တမဆေးကန်တိုက်ပွဲ စစ်ကောင်စီတပ်လေကြောင်းပစ်ကူသုံးသော်လည်း စစ်သား ၂၀ ကျော်သေ တိုက်ပွဲဖြစ်ပွားစဉ် အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများဖြင့် မနားတမ်းပြန်လည်ပစ်ခတ်မှုကြောင့် ဒေသခံ မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှPDFရဲဘော် တစ်ဦးကျဆုံးခဲ့ရပြီး ( ၇ ) ဦးဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း Seven People Defence Forceက ပြောသည်။ LuduNwayOoမေ 30, 2022
သတင်း ဝင်းရေးမြို့နယ်ထဲ ဒီမနက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ ကေအဲန်ယူ-ဝင်းရေးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသခံလူထု (၁၀၀၀၀)နီးပါးဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။ LuduNwayOoမေ 30, 2022
သတင်း လေးကေကော်ကို BGF တွေဝင်လာနေတာကြောင့် တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ KNLA ပြော စစ်ကောင်စီရဲ့ သေဘောဘိုးစခန်းဟာ KNLA ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီးတဲ့နောက် စခန်းကိုပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် စစ်ကောင်စီဟာ BGF တပ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ပြီး စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။ LuduNwayOoမေ 28, 2022
သတင်း မတ္တရာမြို့နယ်တိုက်ပွဲတွင် ရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်း MDY-PDFထုတ်ပြန် ရဲဘော်မိုးတိမ်(ကိုယ်ပိုင်အမှတ် P1-1204-0020)သည် မေ ၂၄ ရက်က မတ္တရာမြို့နယ်အတွင်း တိုက်ပွဲလေးကြိမ်ဖြစ်ခဲ့ရာ စစ်မြေပြင်တွင်တပ်နှင့်လမ်းကွဲသွားခဲ့ပြီး တောတွင်းတစ်နေရာတွင် ကျဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။ LuduNwayOoမေ 28, 2022
သတင်း ဖားကန့်တွင် စစ်ကောင်စီတပ်နှင့် KIA/PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ် ဖားကန့်မြို့တွင် မေလ ၂၃ ရက်က ဖြစ်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးသေဆုံးခဲ့ပြီးနောက် စစ်ကောင်စီဘက်က ယခုကဲ့သို့ တပ်အချိန်းအပြောင်းပြုလုပ်လာခြင်းဟု ဒေသခံများက သုံးသပ်ကြသည်။ LuduNwayOoမေ 28, 2022
သတင်း အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်၍ ဂန့်ဂေါ – ထီးလင်းလမ်းပိုင်းနှင့် မြစ်သာတမံဆည်ပေါ်သို့ သွားလာခြင်းမပြုရန် ဂန့်ဂေါ PDF(တောင်ပိုင်း) သတိပေး ယမန်နေ့က ရဟတ်ယာဉ်များဖြင့် ၂နာရီခန့်ပစ်ခတ်ပြီးနောက် ဘုရားကုန်း(ဆည်ဦးစေတီ) တွင် စစ်ကောင်စီတပ်သား ၁၀၀ခန့် တပ်စွဲလိုက်သည်ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF)က အသိပေးထားသည်။ LuduNwayOoမေ 27, 2022
သတင်း ပုလောတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် တစ်ဦးသေ၊ လေးဦးဒဏ်ရာရ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ယနေ့ဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးရှိသော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။ LuduNwayOoမေ 26, 2022
News ပလက်၀မြို့အနီး AAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ကူနေဟု ဒေသခံပြော တိုက်ပွဲများ ပြန်ဖြစ်လာပါက ၂၀၁၅ နောက်ပိုင်းကတည်းက လမ်းခရီးသွားလာရေး အခက်အခဲရှိနေသည့်ဒေသ၌ ပိုမိုတင်းကြပ်မှုများ ဖြစ်လာနိုင်ကြောင်း ဒေသခံက ပြောသည်။ LuduNwayOoမေ 26, 2022
News မြင်းမူမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် အထိနာ၊ ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်နှစ်ဦးကျဆုံး တိုက်ပွဲဖြစ်ပွားပြီး ၁၅ မိနစ်ခန့်အကြာတွင် မိုင်းကွင်းပေါ်သို့ ခြေလျင်လျှောက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းထိသွားခဲ့ပြီး ၉ဦးခန့်ဆေးရုံရောက်သွားကြောင်း၊ ယမန်နေ့ (မေလ ၂၅ ရက်)တွင် ဆေးရုံရောက်သူများအနက် အကြမ်းဖက်စစ်သားအချို့ သေဆုံးကြောင်း MMU PDFက ပြောသည်။ LuduNwayOoမေ 26, 2022
News PDFမန္တလေးနှင့်စစ်ကောင်စီတပ် မတ္တရာတွင်တိုက်ပွဲလေးကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ၁၃ဦးသေ ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး(PDF မန္တလေး)နှင့်စစ်ကောင်စီတပ်တို့ မတ္တရာမြို့နယ်အတွင်း မေ ၂၄ ရက်ကတိုက်ပွဲ လေးကြိမ်ဖြစ်ပွားရာ စစ်ကောက်စီတပ်မှ ၁၃ ဦးသေဆုံးပြီး အများပြားဒဏ်ရာရရှိသွားကြောင်း PDF မန္တလေးကသတင်းထုတ်ပြန်သည်။ LuduNwayOoမေ 26, 2022