Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်တိုက်ပွဲစစ်​ကောင်စီတပ်​အထိနာ

ခင်ဦးမြို့နယ်ပကဖအဖွဲ့ကဦးဆောင်၍ KSOအဖွဲ့အပါအဝင် မဟာမိတ်ဒေသခံကာကွယ်ရေးအဖွဲ့များက နင်းမိုင်း တိုက်မိုင်း ဆွဲမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄၈ ဦး သေဆုံးသွားကြောင်း KURDAF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(ပါဝင်တိုက်ခိုက်ခဲ့သည့်အဖွဲ့တစ်ဖွဲ့ဖြစ်သော KSO အဖွဲ့အား တွေ့ရစဥ်။ ။ဓါတ်ပုံ-KSO)
(ပါဝင်တိုက်ခိုက်ခဲ့သည့်အဖွဲ့တစ်ဖွဲ့ဖြစ်သော KSO အဖွဲ့အား တွေ့ရစဥ်။ ။ဓါတ်ပုံ-KSO)

●အင်အား ၉၀ ပါစစ်​ကောင်စီတပ်စစ်​ကြောင်းမှာ​မိုင်းအစုံထိ၍သေဆုံးဒဏ်ရာရသူများပြီး ၂၅ ဦးဝန်းကျင်သာအ​ကောင်းတိုင်းကျန်ဟု​တော်လှန်​ရေးအင်အားစုများ​ပြော

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်​ကောင်စီတပ်နှင့် ဒေသတွင်း PDFများ ယမန်​နေ့(ဇူလိုင် ၂၂)ကတစ်နေကုန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်​ကောင်စီတပ်ဘက်က ​သေဆုံးဒဏ်ရာရမှုများကြောင်းဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်သည် ဇူလိုင်လ ၁၈ရက်ကစပြီး ခင်ဦးမြို့နယ်ရှိ ငါးယုံကြီး၊ ရှားတော၊ ရှင်မင်းဒွေ၊ အင်တိုင်းကြီး စသည့်ရွာများကို ၄ ရက်ဆက်​နေအိမ်များဖျက်ဆီးမီးရှို့၊ ပြည်သူများကိုဖမ်းဆီးသတ်ဖြန်ကာအကြမ်းဖက်ခဲ့သည်။အဆိုပါ အကြမ်းဖက်စစ်တပ်သည်ဇူလိုင်လ ၂၂ရက်နေ့နံနက်ပိုင်းတွင်မြစ်တော်ရွာဘက်မှ မြင်းဒေါင်းရွာအနီးသို့စစ်ကြောင်းထိုးလာခဲ့သည်။

ထိုစစ်ကြောင်းမှာယမန်​နေ့ ညနေ ၄နာရီခွဲခန့်တွင် ခင်ဦးနယ်မှ ရေဦးမြို့ဘက်သို့ ပြန်လာစဥ် ရေဦး-ခင်ဦး လမ်းပိုင်း မြင်းဒေါင်းကျေးရွာအနီး၌ မိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – KURDAF က သတင်းထုတ်ပြန်သည်။

ခင်ဦးမြို့နယ်ပကဖအဖွဲ့ကဦးဆောင်၍ KSOအဖွဲ့အပါအဝင် မဟာမိတ်ဒေသခံကာကွယ်ရေးအဖွဲ့များက နင်းမိုင်း တိုက်မိုင်း ဆွဲမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄၈ ဦး သေဆုံးသွားကြောင်း KURDAF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – Kurdaf အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက “အဓိက က သူတို့ အဲဒီလမ်းက ပြန်ခဲ့တော့မယ်ဆိုတာ ကြို သတင်းရပါတယ်။ စစ်ကြောင်း စထိုးတော့ လူသားဒိုင်း အမြဲနီးပါးပါတော့ ဆွဲခွင့်မသာခဲ့ပါဘူး။ မိုင်းစုံသွားတာရော လက်ဆမှန်သွားတာကြောင့် အဲလောက် များသွားရခြင်း ဖြစ်ပါတယ်”ဟု​ပြောသည်။

စစ်​ကောင်စီစစ်​ကြောင်းတွင်စစ်သား ၉၀ ဦးပါကာ ​သေဆုံးသူနှင့်ဒဏ်ရာရသူများ​သော​ကြောင့် ၂၅ ဦးဝန်းကျင်သာ အ​ကောင်းအတိုင်းကျန်​​ပြီး ကျန်​သောစစ်သားများကလက်နက်ခဲယမ်းများယူသွား၍ လက်နက်များမရလိုက်ဟုသတင်းနှင့်ပြန်ကြား​ရေးတာဝန်ခံကဆိုသည်။

“ဖရဲသီး သတင်းပေးတာပါ(​သေဆုံးသူအ​ရေအတွက်)။နောက်ပြီး စစ်ကြောင်း အရေအတွက်သိတာဖြစ်လို့ ကျန်အကောင်းလူ နဲ့ တွက်လို့ရသလို သေဆုံး ဒဏ်ရာရအတွက် သယ်ဖို့ ကားကြီးနှစ်စီးနဲ့သယ်သွားတာပါ”ဟု၎င်းက ရှင်းပြသည်။

စစ်သားအလောင်းများကိုယမန်​နေ့ ညနေ ၅ နာရီခွဲခန့်တွင် ရေဦးမြို့မှကားများဖြင့် ​ရေဦးသို့သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။စစ်​ကောင်စီတပ်၏ သေဆုံး၊ထိခိုက်မှုအ​ရေအတွက်နှင့်ပတ်သက်၍ People’s Springကသီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ယမန်နေ့ညနေ၆နာရီခွဲခန့်ကလည်း ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်း ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ကြောင်း Armed Revolution Force K.U ကပြောသည်။

ထိုတိုက်ပွဲတွင်PDF တစ်ဦး လက်နက်ကြီးအစမှန်၍ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်မှလွဲ၍ ကျန်ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း Armed Revolution Force K.U ကပြောသည်။

ထိုအပြင်ညပိုင်း ၇ နာရီခန့်တွင် ယောက်သွားအိုင် ကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ်က ရမ်းသမ်း ပစ်ခတ်နေသောကြောင့် ဘေးပတ်ဝန်းကျင်၃ရွာခန့်မှာ ထွက်ပြေးနေရကြောင်း ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – Kurdafက အသိပေးသည်။

ညပိုင်း၌ပင် အကြမ်းဖက်စစ်တပ်က မြကန်ရွာကိုလည်း ဝင်ရောက်မွှေနှောက်ခဲ့ပြီး ဆိုင်ကယ်အပါအဝင် အဖိုးတန်ပစ္စည်းများစွာလုယက်ယူ​ဆောင်သွားကြသည်ဟု ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်သ​ည် ဇူလိုင်လ ၂၀ ရက်နေ့ကလည်းခင်ဦးနှင့်ကန့်ဘလူနယ်စ​ပ်ရှိ ကျီစုရွာကိုပြည်သူများကိုအကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်​သော​ကြောင့်​ဒေသခံ ၂၀ ထက်မနည်းမီးရှို့အသတ်ခံရပြီးနေအိမ်၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့သည်။

“ခင်ဦးနယ် local PdF များ ကို ဆက်လက်ထောက်ပံပေးဖို့ ပြောချင်ပါတယ်။ မိုင်းရှာစက်တွေ နဲ့ လာရင် ထောင်ထားတဲ့ မိုင်းတွေ အကြိမ်ကြိမ်ပါသွားလို့ ဆုံးရှုံးမှုတွေ များပါတယ်။ အဖွဲ့ တစ်ခုချင်းဆီ သီးသန့် လှူနိုင်သလို KURDAF ခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ်

https://www.facebook.com/SGKURDAF/

မှတဆင့်လည်း လှူဒါန်းနိုင်ပါတယ်။”ဟု KURDAF တာဝန်ရှိသူကဖြည့်စွက် ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။