Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်တိုက်ပွဲတွင်အထိနာ​သောစစ်​ကောင်စီတပ်က ​​သေနတ်ဖြင့်ပစ်၍ ပြည်သူတစ်ဦး​သေဆုံး

KIA၊ PDF ပူးပေါင်းတပ်နှင့်စစ်ကောင်စီတပ်တို့သည်မိုးမိတ်မြို့နှင့်လေးမိုင်ခန့်အကွာရှိစင့်ကင်ရွာတွင် ဇူလိုင် ၂၁ရက် နံနက်မှ ညအထိ တစ်​နေကုန်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မိုးမိတ်တိုက်ပွဲတွင်အထိနာ​သောစစ်​ကောင်စီတပ်က ​​သေနတ်ဖြင့်ပစ်၍ ပြည်သူတစ်ဦး​သေဆုံး
မိုးမိတ်တိုက်ပွဲတွင်အထိနာ​သောစစ်​ကောင်စီတပ်က ​​သေနတ်ဖြင့်ပစ်၍ ပြည်သူတစ်ဦး​သေဆုံး

ဇူလိုင် ၂၁ ရက်တွင်မိုးမိတ်၌စစ်​ကောင်စီတပ်အား KIA၊PDF ပူးပေါင်းတပ်ကတစ်​နေကုန်တိုက်ခိုက်ခဲ့

ရှမ်းပြည်နယ်၊ မိုးမိတ်တွင် ယမန်နေ့က တစ်နေကုန်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး အထိနာသွားသည့် စစ်ကောင်စီက အရပ်သားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်သွား​ကြောင်း ဒေသခံများကပြောသည်။

KIA၊ PDF ပူးပေါင်းတပ်နှင့်စစ်ကောင်စီတပ်တို့သည်မိုးမိတ်မြို့နှင့်လေးမိုင်ခန့်အကွာရှိစင့်ကင်ရွာတွင် ဇူလိုင် ၂၁ရက် နံနက်မှ ညအထိ တစ်​နေကုန်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“တစ်နေကုန် တိုက်ပဲဖြစ်တာ။ စစ်ကောင်စီဘက်က ဒဏ်ရာရလူနာတွေ သယ်သွားတာတွေ့တယ်။ သရက်ချိုရွာမှာ သားအမိနှစ်ယောက်တည်းနေတဲ့ အိမ်ကို စစ်ခွေးတွေက သေနတ်နဲ့ ပစ်တာသားဖြစ်သူသေဆုံးသွားတယ်”ဟု မိုးမိတ်ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူသည် အသက် ၁၇နှစ်အရွယ် လူငယ်တစ်ဦးဖြစ်သည်။ တိုက်ပွဲသည် စင့်ကင်ရွာတွင်သာ ဖြစ်ခဲ့ကြောင်း၊ အထိနာလာသည့် စစ်ကောင်စီ သရက်ချိုရွာအရောက်တွင် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဟု ဒေသခံတစ်ဦးကလည်းပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယမန်နေ့က တိုက်ပွဲသည် နံနက် ၇နာရီခန့်မှစတင်ခဲ့ပြီး ည ရှစ်နာရီခန့်၌ မိုးသည်းထန်းစွာရွာသွန်းသည့်အချိန်မှသာ ပစ်ခတ်သံများ ရပ်သွားသည်ဟု ဒေသခံများကပြောသည်။မိုးမိတ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှာ တပ်မ ၉၉နှင့် တွင်းငယ်အခြေစိုက်အမြောက်တပ်ရင်းတို့ဖြစ်ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီဘက်က ၆ဦးထက်မနည်း​သေဆုံးထိခိုက်မှုရှိပြီးKIAနှင့် PDF ပူးပေါင်းအဖွဲ့မှလည်း ထိခိုက်မှုရှိခဲ့သည်ဟု ဒေသတွင်းတော်လှန်ရေးအင်အားစုများ​က ပြောသည်။

မိုးမိတ်ဒေသတွင် စစ်ကောင်စီတပ်ကအင်အားတိုးမြှင့်လာပြီးနောက် စစ်ရေးတင်းမာနေ၍ မန္တလေး – မိုးမိတ် လမ်းကြောအား မည်သည့်နည်းလမ်း နှင့်မျှ ခရီးသွားလာခြင်းမပြုလုပ်ကြရန် မိုးမိတ်မြို့ပြည်သူ့ကာကွယ်ရေး တပ်မတော်ကဇူလိုင် ၁၇ရက်ကတွင် သတင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။