Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့နယ်တိုက်ပွဲတွင် စစ်သား ၂ ဦး​သေဆုံး

“ကွမ်လုံ၊ ဖယ်ခုံမြို့တပ်မ ၅၅ နှစ်ဦးသေ။တပ်ကြပ်တဦး၊တပ်သားတဦး၊ ၃ဦး ဒဏ်ရာရ”ဟုဒေသခံသတင်းရင်းမြစ် News Light in Karenni က ပြောသည်။

(KNDF တပ်ရင်း ၃ မှ တပ်ဖွဲ့ဝင်တစ်ဦး။ ဓါတ်ပုံ-KNDF-B03)
(KNDF တပ်ရင်း ၃ မှ တပ်ဖွဲ့ဝင်တစ်ဦး။ ဓါတ်ပုံ-KNDF-B03)

ရှမ်း-ကရင်နီ(ကယား)ဒေသအစပ် ဖယ်ခုံမြို့နယ်၊ ကွမ်လုံရွာတွင်ယ​နေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်၏ တပ်မ ၅၅ မှ တပ်သားနှစ်ဦးသေဆုံးကြောင်းဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို ကရင်နီတပ်ပေါင်းစုများက ဝင်ရောက်တိုက်ခိုက်နေခြင်းဟု အသိပေးသည်။

“ကွမ်လုံ၊ ဖယ်ခုံမြို့တပ်မ ၅၅ နှစ်ဦးသေ။တပ်ကြပ်တဦး၊တပ်သားတဦး၊ ၃ဦး ဒဏ်ရာရ”ဟုဒေသခံသတင်းရင်းမြစ် News Light in Karenni က ပြောသည်။

ယမန်နေ့(ဇူလိုင် ၂၁ ရက်)ကလည်း ဖယ်ခုံမြို့နယ်၊လဟယ်ကျေးရွာအနီးရှိ လွယ်မကူးတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင် စီတပ်ကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သား ၉ ဦးခန့်ထိခိုက်သေဆုံးမှုရှိကြောင်းဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊တပ်ရင်း ( ၂ )က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မိုးဗြဲ မြို့ဝါရီဆူးပလိုင်ရွာ၌ တပ်စွဲထားသည် စစ်ကောင်စီစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားအချို့သေဆုံးမှုရှိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း( ၃) က ဆိုသည်။

ကယား(ကရင်နီ) နှင့် ဆက်စပ်နေသည့် ရှမ်း ပြည်နယ်တောင်ပိုင်းတွင် ဇူလိုင်လ ၁၈ ရက်နေ့က စ၍ စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့ပြီးဝါရီဆူးပလိုင်၊နန်းမယ်ခုံ၊ ကျွန်းတော၊ဒေါကမီး၊ ပူဖားနှင့် ဒေါငံခါး တကြောလုံးကို စစ်ရေးအရထောက်ပို့ နိုင်ရန် မိုးဗြဲ မြို့ကို စနစ်တကျအထိုင်ချနိုင်ရန် အကြမ်းဖက်စစ်ကောင်စီတပ်က ကြိုး ပမ်းနေခြင်းဟု ဒေသခံသတင်းရင်းမြစ်များက ပြော သည်။

ထိုစစ်ကြောင်းကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF နှင့် ပြည်သူ့ကာကွယ်ရေးတပ် မဟာ မိတ်တပ်ပေါင်းစုများ ပူးပေါင်း၍ ခုခံပြီး နောက် ဇူလိုင် ၂၀ ရက်ကမိုးဗြဲအခြေစိုက် ခမရ(၄၂၂) တပ်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး နောက် MB PDF က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။