Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖယ်ခုံမြို့နယ်တိုက်ပွဲတွင် စစ်သား ၂ ဦး​သေဆုံး

“ကွမ်လုံ၊ ဖယ်ခုံမြို့တပ်မ ၅၅ နှစ်ဦးသေ။တပ်ကြပ်တဦး၊တပ်သားတဦး၊ ၃ဦး ဒဏ်ရာရ”ဟုဒေသခံသတင်းရင်းမြစ် News Light in Karenni က ပြောသည်။

(KNDF တပ်ရင်း ၃ မှ တပ်ဖွဲ့ဝင်တစ်ဦး။ ဓါတ်ပုံ-KNDF-B03)
(KNDF တပ်ရင်း ၃ မှ တပ်ဖွဲ့ဝင်တစ်ဦး။ ဓါတ်ပုံ-KNDF-B03)

ရှမ်း-ကရင်နီ(ကယား)ဒေသအစပ် ဖယ်ခုံမြို့နယ်၊ ကွမ်လုံရွာတွင်ယ​နေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်၏ တပ်မ ၅၅ မှ တပ်သားနှစ်ဦးသေဆုံးကြောင်းဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို ကရင်နီတပ်ပေါင်းစုများက ဝင်ရောက်တိုက်ခိုက်နေခြင်းဟု အသိပေးသည်။

“ကွမ်လုံ၊ ဖယ်ခုံမြို့တပ်မ ၅၅ နှစ်ဦးသေ။တပ်ကြပ်တဦး၊တပ်သားတဦး၊ ၃ဦး ဒဏ်ရာရ”ဟုဒေသခံသတင်းရင်းမြစ် News Light in Karenni က ပြောသည်။

ယမန်နေ့(ဇူလိုင် ၂၁ ရက်)ကလည်း ဖယ်ခုံမြို့နယ်၊လဟယ်ကျေးရွာအနီးရှိ လွယ်မကူးတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင် စီတပ်ကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သား ၉ ဦးခန့်ထိခိုက်သေဆုံးမှုရှိကြောင်းဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊တပ်ရင်း ( ၂ )က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မိုးဗြဲ မြို့ဝါရီဆူးပလိုင်ရွာ၌ တပ်စွဲထားသည် စစ်ကောင်စီစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားအချို့သေဆုံးမှုရှိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း( ၃) က ဆိုသည်။

ကယား(ကရင်နီ) နှင့် ဆက်စပ်နေသည့် ရှမ်း ပြည်နယ်တောင်ပိုင်းတွင် ဇူလိုင်လ ၁၈ ရက်နေ့က စ၍ စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့ပြီးဝါရီဆူးပလိုင်၊နန်းမယ်ခုံ၊ ကျွန်းတော၊ဒေါကမီး၊ ပူဖားနှင့် ဒေါငံခါး တကြောလုံးကို စစ်ရေးအရထောက်ပို့ နိုင်ရန် မိုးဗြဲ မြို့ကို စနစ်တကျအထိုင်ချနိုင်ရန် အကြမ်းဖက်စစ်ကောင်စီတပ်က ကြိုး ပမ်းနေခြင်းဟု ဒေသခံသတင်းရင်းမြစ်များက ပြော သည်။

ထိုစစ်ကြောင်းကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF နှင့် ပြည်သူ့ကာကွယ်ရေးတပ် မဟာ မိတ်တပ်ပေါင်းစုများ ပူးပေါင်း၍ ခုခံပြီး နောက် ဇူလိုင် ၂၀ ရက်ကမိုးဗြဲအခြေစိုက် ခမရ(၄၂၂) တပ်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး နောက် MB PDF က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။