Connect with us

Hi, what are you looking for?

သတင်း

ကင်းမွန်းခြုံရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ၁၅ ဦးသေဟု PDF(ကလေး) ထုတ်ပြန်

အဆိုပါတိုက်ပွဲကို PDF(ကလေး) တပ်ရင်း (၁ ၊ ၂ ၊ ၅ ၊ ၆ ၊ ၇) ၊ ပကဖ (ကလေး) ၊ CNDF Vakok ၊ CDF-KKGနှင့် RKDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကင်းမွန်းခြုံရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ၁၅ ဦးသေဟု PDF(ကလေး) ထုတ်ပြန်
ကင်းမွန်းခြုံရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ၁၅ ဦးသေဟု PDF(ကလေး) ထုတ်ပြန်

ကလေးမြို့နယ်၊ ကင်းမွန်းခြုံကျေးရွာ အရှေ့ဘက် ဘုရားတောင်ကုန်းအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ ယမန့်နေ့က တနေ့ကုန် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ၁၅ ဦးသေဆုံးခဲ့ကြောင်း PDF(ကလေး)က သတင်းထုတ်ပြန်သည်။

အဆိုပါသေဆုံးမှုများတွင် ဒေသခံကာကွယ်ရေးတပ်များ၏ မိုင်းဆွဲတိုက်ခိုက် ခြင်းနှင့် တနေ့တာ ပစ်ခတ်တိုက်ခိုက်မှုများကြောင့်ဖြစ်ပြီး ဒဏ်ရာရရှိသူများ လည်း အများအပြားရှိသည်ဟု PDF(ကလေး)က ထုတ်ပြန်ထားသည်။

ကင်းမွန်းခြုံရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ၁၅ ဦးသေဟု PDF(ကလေး) ထုတ်ပြန်
ကင်းမွန်းခြုံရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ၁၅ ဦးသေဟု PDF(ကလေး) ထုတ်ပြန်

စစ်ကောင်စီတပ်သည် ဇူလိုင် ၁၈ ရက်ကတည်းက အင်အား၁၀၀ကျော်ဖြင့် ကလေး-ကလေးဝကြား ကျောက္ကာကျေးရွာမှ မြစ်သာမြစ်ကို ကူး၍ အရှေ့ဘက်တောင်ကြောများအတိုင်း စစ်ကြောင်း ထိုးလာခြင်းဖြစ်သည်။ ထိုစစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား ယမန့်(ဇူလိုင် ၂၁ရက်) နံနက် ၈နာရီတွင် ဘုရားတောင်ကုန်းအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု PDF(ကလေး)က ဆိုသည်။

Public Service Announcement
Public Service Announcement

PDF(ကလေး)၏ထုတ်ပြန်ချက်များအရ တိုက်ပွဲအတွင်း မြစ်သာမြစ် အနောက်ဘက်ခြမ်း ကံပုလဲရွာဘက်မှ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။ ညနေ ၄နာရီခန့်တွင် စစ်ကောင်စီတပ်များက ကင်းမွန်းခြုံရွာအတွင်းရှိ နေအိမ် ၇လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့နောက် ည ၉နာရီခန့်တွင် ကလေးမြို့အရှေ့ဘက် ပြင်သာရွာမှ စက်လှေနှစ်စင်းဖြင့် စစ်ကောင်စီတပ်သား အလောင်းများနှင့် ဒဏ်ရာရသူများကို လာရောက်တင်ဆောင်သွားပြီး ကင်းမွန်းခြုံရွာမှ ကလေးမြို့ကို ပြန်လည်ဆုတ်ခွာသွားသည်ဟု PDF(ကလေး)က ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်သားများ မြှပ်နှံခဲ့သည့် မိုင်းများကြောင့် PDF(ကလေး)မှ တပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထပ်မံအသိပေးထားသည်။

” ရဲဘော်တစ်ဦး ဒဏ်ရာရသွားတယ်။ စခတွေ ​ထောင်ခဲ့တဲ့ မိုင်းထိတာ။ခြေထောက်တစ်ဖက် ထိသွားတာ။ ဆေးကုသလို့ရတဲ့နေရာကို ခေါ်လာနေတုန်းပဲ။ သွေးထွက်လွန်မှာတော့ စိုးရိမ်ရတယ် “ဟု PDF(ကလေး)မှ ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲကို PDF(ကလေး) တပ်ရင်း (၁ ၊ ၂ ၊ ၅ ၊ ၆ ၊ ၇) ၊ ပကဖ (ကလေး) ၊ CNDF Vakok ၊ CDF-KKGနှင့် RKDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook