Connect with us

Hi, what are you looking for?

သတင်း

ကရင်နီဒေသတွင် ဇူလိုင်တတိယပတ်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ် ၂၀ခန့်သေဟု KNDFထုတ်ပြန်

ယမန်နေ့(ဇူလှိုင် ၂၁ ရက်)ကလည်း ဖယ်ခုံအရှေ့ဘက်ခြမ်း စစ်ကောင်စီတပ်၏ လဟယ်ကုန်းစခန်းအား Phekhon PDF၊ KNDF B03၊B02 နှင့် B11 တို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ၊ စစ်ကောင်စီတပ်မှ ၉ဦး ​သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ - KNDF

ဇူလိုင်တတိအပတ်အတွင်း ကရင်နီ(ကယား) ပြည်နယ်တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၂၀ ခန့်သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ယနေ့(ဇူလိုင်၂၂ ရက်)ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီက ဒီးမော့ဆို၊ ဖရူဆိုနှင့် ဖယ်ခုံမြို့နယ်တို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ တပ်အင်အားဖြည့်တင်းလျက်ရှိကာ ဖယ်ခုံနှင့်မိုးဗြဲမြို့တို့တွင်လည်း စစ်ကောင်စီတပ်က မြို့အတွင်း ခြေကုပ်ယူရန်ကြိုးစားသဖြင့် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ဖော်ပြ သည်။

ထို့ကြောင့် ဇူလိုင် ၁၆ ရက်တွင် ဖရူဆိုအခြေစိုက် အမှတ်(၁၄) စစ်လေ့ကျင့်ရေးကျောင်းမှ ဒေါလောခူကျေးရွာဘက်သို့ ထွက်လာသော စစ်ကောင်စီတပ်သား လေးဦးအား KNDF B15 နှင့် ကရင်နီတပ်မတော် (KA) တို့မှတိုက်ခိုက်ခဲ့ရာ၊ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့ပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့မှ လက်နက်ငယ် (၁)လက် သိမ်းဆည်းရမိခဲ့သည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ – KNDF

ဒီးမော့ဆိုမြို့နယ်တွင်လည်း ဇူလိုင် ၁၆ ရက်ည ၆ နာရီခန့်တွင် အူးခူရီးကျေးရွာအတွင်း တပ်စွဲထား အကြမ်းဖက်စစ်ကောင်စီတပ်များကို KNDF -BO1၊ BO5 နှင့် ကရင်နီတပ်မတော် (KA) တို့မှ သွားရောက်တိုက်ခဲ့ရာ မိနစ် ၃၀ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သားသုံးဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အတူ ဇူလိုင် ၁၈ ရက်၌ ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာအတွင်းတပ်စွဲနေသော စစ်ကောင်စီတပ်များကို KNDF B05 နှင့် B06 တို့မှ ရှောင်တခင် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
Public Service Announcement

ဇူလိုင် ၁၈ ရက် နံနက်၅ နာရီကလည်း ဖယ်ခုံမြို့ နယ်၊ မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်ရင်းအား ကရင်နီတပ်မတော် (KA)၊ KNDF B03 နှင့် KNDF B11 တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာတိုက်ပွဲ တစ်နာရီ နီးပါး ကြာမြင့်ခဲ့ပြီး၊ စစ်ကောင်စီတပ်ဘက်မှ သုံး ဦးသေဆုံးခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်မှ မိုးဗြဲမြို့၊ ပွဲကုန်းသုံးရပ်ကွက်အတွင်းရှိ ကက်သလစ်ဘုရားကျောင်းအတွင်း ဝင်ရောက်တပ်စွဲကာ၊ ရဟန်း၊သီလရှင်များနှင့် ဘာသာဝင်များ၊ ကလေးသူငယ်များကို ဓါးစာခံ၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားခဲ့သည်။

ထိုကြောင့် မွန်းလွဲ ၁ နာရီခန့်တွင် ကရင်နီတပ်မတော် (KA)၊ Phekhon PDF၊ Moebye PDFနှင့် အတူ KNDF B03 နှင့် B011 တို့မှ ပူးပေါင်း၍ ဘုရားကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှလေးဦးသေဆုံးခဲ့ကြောင်း KNDF က ပြောသည်။

ယမန်နေ့(ဇူလှိုင် ၂၁ ရက်)ကလည်း ဖယ်ခုံအရှေ့ဘက်ခြမ်း စစ်ကောင်စီတပ်၏ လဟယ်ကုန်းစခန်းအား Phekhon PDF၊ KNDF B03၊B02 နှင့် B11 တို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ၊ စစ်ကောင်စီတပ်မှ ၉ဦး ​သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

အလားတူ ဝါရီဆူပလှိုင်ကျေးရွာအနီးတွင်လည်း KNDF B03 မှ တိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ဒီးမော့ဆိုမြို့နယ်ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် နေ့စဥ် ပစ် ခတ်တိုက်ခိုက်သည့်အပြင် မိုးဗြဲနှင့် ဖယ်ခုံတို့တွင်လည်း စစ်ကောင်စီတပ်များ၏ လက် နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူများထိခိုက်ဒဏ်ရာရမှုများရှိခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။