Connect with us

Hi, what are you looking for?

All posts tagged "တော်လှန်ရေးတပ်"

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသတွင် တပတ်အတွင်း ဖြစ်ပွားခဲ့သော စစ်ရေးသတင်းအကျဉ်းချုပ်အား ယနေ့ (ဇန်နဝါရီ ၂၅ရက်)တွင် ထုတ်ပြန်ခဲ့ရာ တော်လှန်ရေး ပူးပေါင်းတပ်များက စစ်ကောင်စီတပ်အား ၁၆ကြိမ်တိုက်ခိုက်ခဲ့ပြီး သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက အသိပေးသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်း ရိက္ခာပို့သည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ရာ သေဆုံးထိခိုက်မှုရှိကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်​ရေးတပ် CHU PDFမှ တာဝန်ရှိသူက ပြောသည်။

သတင်း

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသသို့ လူနှင့်လက်နက်ခဲယမ်း ဖြည့်တင်းသည့် စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဗထူးတပ်မတော်(BHA)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များ စစ်ဆေးရေးဂိတ်ချထားသည့် ဂိတ်စခန်းနှစ်ခုကို မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း Fire Dragon PDF(မီးနဂါးစစ်ကြောင်း)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ထောက်ပို့ယာဥ်တန်းအား နှစ်ရက်ဆက်တိုက် လိုက်လံတိုက်ခိုက်ခဲ့ကြောင်း PDF တပ်ရင်းများဖြင့် ဖွဲ့စည်းထားသော Myaing Supporting Battalion - MSB ပူးပေါင်းစစ်ကြောင်းက အသိပေးထုတ်ပြန်သည်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ တပ်ရင်း(၇)နှင့် ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားရှစ်ဦး ထိခိုက်သွားကြောင်း မြိတ်ခရိုင် PDF တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ခေါင်းချင်းဆိုင်ထားတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်း​ကျေးရွာအနီးတဝိုက်ကို ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုလုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံမှ စစ်ကောင်စီတပ်ယာဥ်တန်းသည် စေတုတ္တရာမြို့နယ်ဘက်သို့ ပဒါန်း-ငဖဲ-စေတုတ္တရာ ကားလမ်းအတိုင်းထွက်လာရာ တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်းက အသိပေးထုတ်ပြန်သည်။

သတင်း

တောင်သာမြို့နယ်၊ ဇဂျမ်းတိုက်နယ်ရဲကင်းစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများကြောင်း မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းက အသိပေးထုတ်ပြန်သည်။

လတ်တ‌လော စာမူများ

Facebook