Connect with us

Hi, what are you looking for?

သတင်း

ရခိုင် -‌ဧရာဝတီနယ်စပ်မှ ဗေဒါဂိတ်ကို တော်လှန်​ရေးတပ်များ သိမ်းပိုက်

ဗေဒါဂိတ်ပတ်ချာလည် ရွာများကိုဗုံးကြဲမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

ငသိုင်း​ချောင်းမြို့နယ်ရှိ စစ်​ဆေး​ရေးဂိတ်တစ်ခုကို ၂၀၂၀ နှစ်ကုန်ပိုင်းက​တွေ့ရစဥ်။ ဓါတ်ပုံ-MOI

ကဖေး/People’s Spring

ရခိုင်ပြည်နယ် နှင့် ဧရာဝတီတိုင်းနယ်စပ်မှ ဗေဒါ စစ်ဆေးရေးဂိတ်ကို မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူပြီးနောက် ဂိတ်ပတ်ချာလည်ကျေးရွာများကို လေကြောင်းမှတိုက်ခိုက်မည်ဟု စစ်ကောင်စီကခြိမ်းခြောက်နေသည်။

ငါးသိုင်းချောင်း-ဂွလမ်းဖြစ်သော ရိုးမဖြတ်လမ်းမှ ဗေဒါဂိတ်ကို မဟာမိတ်ပူးပေါင်းတပ်များက ဇန်နဝါရီလ ၇ရက် နံနက်စောပိုင်းတွင် သိမ်းယူလိုက်ခြင်းဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်တဦးကပြောသည်။

အဆိုပါဂိတ်၌ မူလက ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ ဂိတ်ထိုင်သော်လည်း ဒီဇင်ဘာလမှစတင်၍စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့အင်အား၂၀ ခန့် တပ်စွဲနေထိုင်ခြင်းဖြစ်သည်ဒေသခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်မှုကိုမသိရသေးပေ။ ရေကြည်နှင့် ငါးသိုင်းချောင်းမြို့မှစစ်ကောင့်စီတပ်ဖွဲ့ဝင်များက ဗေဒါ ဂိတ်ပတ်ချာလည်ကျေးရွာများကို လေကြောင်းမှတိုက်ခိုက်မည်ဟုခြိမ်းခြောက်နေသည်ဟု ဒေသခံများကပြောသည်။

‌”ဗေဒါဂိတ်နားမှာက ရွာတွေများတယ်။ ဒေသခံတွေ မနေရဲကြဘူး။ စစ်တပ်က ဗုံးကြဲမယ်လို့ခြိမ်းခြောက်သလို ဒေသခံတွေကိုလည်းပိတ်ဆို့ထားတယ်။ ရွာကနေထွက်ရင် အိမ်တွေကို ချိတ်ပိတ်မယ်ဆိုတဲ့အထိ ပြောနေတယ်။ ဒေသခံတွေဘယ်လိုလုပ်ရမယ်မသိဖြစ်နေကြတယ်”ဟု ငါးသိုင်းချောင်းမြို့ခံတစ်ဦးကပြောသည်။

ဗေဒါဂိတ်အားမတိုက်ခိုက်ခင်လွန်ခဲ့သော ဒီဇင်ဘာလဆန်းမှစတင်၍ ဒေသခံများကိုတိမ်းရှောင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးခဲ့သော်လည်း စစ်ကောင်စီက တိုင်းဝန်ကြီးချုပ်အမိန့်ဟုဆိုကာ ဒေသခံများ မထွက်ခွာရန် အမိန့်ပေးခဲ့သည်ဟုသိရသည်။

ဗေဒါဂိတ်အနီးတွက် စာအုစမ်း၊ မြောက်စမ်း၊တောင်စမ်း၊ ကျောင်းချောင်းရွာအပါအဝင် ကျေးရွာ ၂၀နီးပါးရှိသည်။

အာရက္ခတပ်တော် AAသည် ဂွမြို့ကို ဒီဇင်ဘာလ၂၉ရက်နေ့ကသိမ်းပိုက်ခဲ့စဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြားသည် ဧရာဝတီတိုင်းဘက်သို့ထွက်ပြေးခဲ့ကြသည်။ ဂွမြို့နှင့် ဧရာဝတီတိုင်း ဆက်စပ်နေသော နေရာများတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။ ဗေဒါဂိတ်ကို AAနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ တော်လှန်ရေးမဟာမိတ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသော်လည်း မည်သည့်အဖွဲ့ကမှတရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဧရာဝတီတိုင်းအတွင်း စစ်ရေးပြင်ဆင်ထားသည့်စစ်ကောင်စီက ရေကြည်မြို့၊ အမြောက်တပ် -အမတ(၃၄၄)မှ တပ်မိသားစုဝင်များကို ပုသိမ်မြို့သို့ရွှေ့ပြောင်းနေပြီး ဒေသခံများအား နေရပ်မှထွက်ခွာမသွားရန်၊ ဗုံးခိုကျင်းမတူးရန်နှင့် မလိုက်နာပါက နေအိမ်အားချိတ်ပိတ်မည်ဟု တိုင်းမှူးအမိန့်ဟုဆိုကာ အုပ်ချုပ်ရေးမှူးများကခြိမ်းခြောက်နေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့ ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့ပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းပြန်ထိုးလာကာ မြို့ထဲကို စစ်ကြောင်းပြန်ရောက်လာတယ်လို့ ​ဒေသတွင်းစစ်​ရေးသတင်းရင်းမြစ် တွေကပြောပါတယ်။

ဆောင်းပါး

ဖိုးသား/People’s Spring အာဏာသိမ်းစစ်တပ်အတွက် စိုးရိမ်ဖွယ်ရာဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေတိတ်ဆိတ်သွားပြီး​နောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေ အပေါ်ကြီးမားတဲ့သက်ရောက်မှု နဲ့ အချိုးအကွေ့ ကာလတစ်ခု​ရောက်ပါတယ်။ အာဏာသိမ်းစစ်တပ်က ရှမ်းပြည်နယ်​မြောက်ပိုင်းမှာတရုတ်အကူအညီနဲ့ အပစ်ရပ်​အောင်လုပ်ပြီး​နောက် ပြုန်းတီးခဲ့တဲ့အင်အားတွေအတွက်စစ်မှုထမ်းတပ်သားသစ်တွေကိုစစ်တပ်ထိန်းချုပ်​ဒေသ​တွေက​နေ ပုံစံအမျိုးမျိုးနဲ့ စုဆောင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ‌တော်လှန်ရေးအမာခံနယ်‌မြေတွေ ဖြစ်တဲ့ မန္တလေး၊စစ်ကိုင်း၊မကွေး၊ ချင်း ၊ကချင် ၊ရခိုင်ပြည်နယ်အစပ်အစရှိတဲ့...

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။