Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်တွင် ရိက္ခာပို့လာသည့်စစ်ကောင်စီတပ်စစ်ကြောင်းအား တော်လှန်ရေးတပ်များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်း ရိက္ခာပို့သည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ရာ သေဆုံးထိခိုက်မှုရှိကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်​ရေးတပ် CHU PDFမှ တာဝန်ရှိသူက ပြောသည်။

ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့၊ အ​​ခြေခံစစ်သင်တန်း​ အပတ်စဥ် (၅) သင်တန်းဆင်းပွဲမှ ရဲဘော်များအား တွေ့ရစဉ်။(ဓာတ်ပုံ − CHUPDF)

ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်း ရိက္ခာပို့သည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ရာ သေဆုံးထိခိုက်မှုရှိကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်​ရေးတပ် CHU PDF မှ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၂၂ ရက်) နံနက် ၈နာရီခွဲခန့်က စစ်ကောင်စီ၏ ပျူစောထီးအားကောင်းရာ တောပုကျေးရွာမှ ၂၅ ဦးခန့်နှင့် ညောင်ဖြူပင်ကျေးရွာဘက်မှ ၂၅ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ညောင်ဖြူပင်နဲ့အနီးဆုံး တောပုရွာက ရိက္ခာပို့ရတာပေါ့။ဒါကို ပြီးခဲ့တဲ့ လကလည်း ကျွန်တော်တို့ ဖြတ်တောက်နိုင်သလို အခုလည်း ထပ်ပြီး လာပို့တဲ့အခု ကျွန်တော်တို့ ကြိုတင်ထောင်ထားတဲ့ မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်။ကနဦးသိရတာ ခုနစ်ဦးထိတယ်။ အဲဒီထဲက နှစ်ဦးသေတယ်”ဟု ချောင်းဦးပကဖ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီတပ်စစ်ကြောင်း ထိခိုက်မှုနှင့်ပတ်သက်ပြီးလူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

မုံရွာမြို့၏ တောင်ဘက်ခြမ်းတွင်ရှိသည့် ညောင်ဖြူပင်ရဲစခန်းတွင် ရဲနှင့် စစ်ကောင်စီတပ်သား ၅၀ခန့်ဖြင့် တပ်စွဲထားကြောင်းလည်း ၎င်းက အသိပေးသည်။

ဇန်နဝါရီ ၂၂ရက်က တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်​ရေးတပ် CHU PDF တပ်ဖွဲ့ (၂) နှင့်အတူ မုံရွာခရိုင်တပ်ရင်း(၂၃)၊ မုံရွာခရိုင်တပ်ရင်း(၂၅) ၊မုံရွာခရိုင်တပ်ရင်း (၂၈)၊ BLDF၊ Special Force 11နှင့် Importal Gurella Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၈ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ − မန္တလေးလမ်းပိုင်း၌ စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ ဗိုလ်အပါအဝင် ငါးဦးထက်မနည်းသေဆုံးကြောင်း ချောင်းဦး PDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA) ရဲဘော်တွေအတွက် ရိက္ခာကမ်ပိန်း ပြုလုပ်လျက်ရှိရာ ဆန်အိတ် ၁၀၀၀ နီးပါး ရရှိနေပြီဖြစ်ကြောင်း CPU/CPA ထောက်ပို့ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။