Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ် ဇဂျမ်းရဲကင်းစခန်းအား တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်

တောင်သာမြို့နယ်၊ ဇဂျမ်းတိုက်နယ်ရဲကင်းစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများကြောင်း မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းက အသိပေးထုတ်ပြန်သည်။

ဇဂျမ်းရဲကင်းစခန်းအား တော်လှန်ရေးရဲဘော်များ စီးနင်းတိုက်ခိုက်နေစဉ်

ကျော်ဇော/People’s Spring

တောင်သာမြို့နယ်၊ ဇဂျမ်းတိုက်နယ်ရဲကင်းစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများကြောင်း မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းက အသိပေးထုတ်ပြန်သည်။

အဆိုပါ ဇဂျမ်းရဲကင်းစခန်းကို ဒီဇင်ဘာ ၃၁ ရက် နံနက် ၆ နာရီ ၄၅မိနစ်အချိန်ကစ၍ ၈နာရီ ၄၅ မိနစ်အချိန်ထိ မြင်းခြံခရိုင် အမှတ် (၃)တပ်ရင်းမှရဲဘော်များမှ မြေပြင်စစ်ကြောင်း၊ ဝေဟင် စစ်ကြောင်းတို့ဖြင့် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု ဖော်ပြသည်။

စီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေအား မသိရသေးသော်လည်း ထိခိုက်သေဆုံးမှုများကြောင်း၊ ယနေ့(ဇန်နဝါရီ ၂ ရက်)တွင် စစ်ရေးဖော်ဆောင်မှုတစ်ခု ထပ်မံပြုလုပ်နေဆဲဖြစ် ကြောင်း မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦး၏ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း တပ်ရင်း(၃)မှ ရဲဘော်များနှင့် Drone Teamတို့၏ အရှိန်ပြင်းစီးနင်းမှုတို့ကြောင့် စစ်ကောင်စီတပ်ဘက်မှ အထိခိုက်များသဖြင့် မြေပြင်တပ်ကူများစွာအပြင် ဂျက်ဖိုက်တာ သုံးစီးဖြင့်လာရောက်ပစ်ကူပေးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း(၃)က အသိပေးသည်။

ဇဂျမ်းရဲကင်းစခန်းစီးနင်းတိုက်ခိုက်မှုနှင့် စပ်လျဥ်း၍ မြင်းခြံခရိုင် တပ်ရင်း(၃)မှ ရုပ်သံမှတ်တမ်းထုတ်ပြန်ဖော်ပြခဲ့ရာ တော်လှန်ရေးရဲဘော်များက ရဲစခန်းအတွင်းသို့ တရပ်စပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ကိုတွေ့ရသည်။

ဇဂျမ်းရဲကင်းစခန်းအား စီးနင်းတိုက်ခိုက်မှုအတွင်း စခန်းအဝင်ဂိတ်ဝမှ ထွက်ပြေးလာသော နယ်ထိန်းတစ်ဦး၏ ဇနီးဖြစ်သူကို ဖမ်းဆီးနိုင်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

“နယ်ထိန်းရဲ့ ဇနီးပါ။ စခန်းဂိတ်အပေါက်ဝ အ ထွက် ခေါ်လာတာပါ”ဟု ၎င်းက ရှင်းပြသည်။

အလားတူ ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်းကလည်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တောင်သာမြို့နယ်၊ ဗိဿနိုးတောင်ပေါ်၌ တပ်စွဲထားသော အင်အား ၄၀ ခန့်ရှိစစ်ကောင်စီတပ် စခန်းကို မြင်းခြံခရိုင် အမှတ် (၃)တပ်ရင်း Drone Team မှ Shar Htoo Waw နည်းပညာဖြင့် ပြုလုပ်ထားသော Fixed Wing Drone ဖြင့် ဗုန်းကြဲ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တိုက်ခိုက်ခဲ့သေးသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများရှိနေသည့် ကင်းတဲပေါ်သို့ကျရောက် ပေါက်ကွဲသဖြင့် ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အရေအတွက်အတိကျအား မသိရသေးကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သော​င်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။