Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ ရှစ်ဦးထိခိုက်ဟု မြိတ်ရင်း(၁)ပြော

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ တပ်ရင်း(၇)နှင့် ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားရှစ်ဦး ထိခိုက်သွားကြောင်း မြိတ်ခရိုင် PDF တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားသော ပြည်သူ့နေအိမ်အချို့နှင့် ရာဘာခင်းများကိုတွေ့ရစဥ်။ ဓာတ်ပုံ - မြိတ်ရင်း(၁)

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ တပ်ရင်း(၇)နှင့် ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားရှစ်ဦး ထိခိုက်သွားကြောင်း မြိတ်ခရိုင် PDF တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇန်နဝါရီ ၁၁ရက် မွန်းလွဲ ၁ နာရီခွဲခန့်က စစ်ကောင်စီတပ်မှ အင်အား(၁၂၀)ခန့်ပါစစ်ကြောင်းသည် ပုလောမြို့နယ်၊ တပိုကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာစဥ် မြိတ်ခရိုင်အမှတ် (၁)တပ်ရင်း ၏ ဒရုန်းတပ်ဖွဲ့မှ ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

“ရှစ်ဦးထိခိုက်တဲ့အထဲက သေဆုံးသူရှိနိုင်ပါတယ်”ဟု မြိတ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရ၍ အထိနာသွားသော စစ်ကောင်စီတပ်စစ်ကြောင်းသည် တပိုကျေးရွာမှတဆင့် ပါဒစက်တော်ရာဘုရားသို့ ဆုတ်ခွာသွားရာ လမ်းတလျှောက်ရှိ ရာဘာခြံများနှင့် ပြည်သူ၏ များနေအိမ်(၅)လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားများ မီးရှို့ခဲ့သည့်မီးမှာ တပိုရွာနှင့် ပါဒစက်တော်ရာသွားလမ်းပိုင်းရှိ ရာဘာခြံများ၌ ယနေ့(ဇန်နဝါ ၁၂ ရက်)နံနက် ၁၁ နာရီအချိန်ထိ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ဒေသခံအမျိုးသားနှစ်ဦးမှာလည်း ပြန်လွတ်လာခြင်းမရှိသေးကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

ဇန်နဝါရီ ၉ ရက်ကလည်း ပုလောအခြေစိုက် စစ်ကောင်စီ၏ ခလရ(၁၇)တပ်ကို KNDO နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူပေးခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)ထံမှ သိရသည်။

အဆိုပါ ခလရ(၁၇)တပ်ရင်းအား တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်က ဇန်နဝါရီ ၉ ရက် နံနက် ၉ နာရီခွဲတွင် တစ်ကြိမ်၊ နံနက် ၁၀နာရီတွင် တစ်ကြိမ် လေကြောင်းမှပစ်ခတ်ခဲ့ပြီး ယင်းပစ်ခတ်မှုများကြောင့် စက်တော်ရာကျေးရွာမှ နေအိမ်သုံးလုံးနှင့် ထမင်းဆိုင်တစ်ဆိုင် ထိခိုက်ပျက်ဆီးခဲ့သည်။

လတ်တလော စစ်ရေးအခြေအနေများအရ ခရီးသွားပြည်သူများအနေဖြင့် မြိတ်-ပုလော -ထားဝယ် ပြည်ထောင်စုလမ်းပိုင်းအား အသုံးပြုရာတွင် စစ်ရေးသတင်းများကို နားစွင့်ပြီးမှ သွားလာကြရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်များမှ ထုတ်ပြန်သော ကြေငြာချက်များကို တိတိကျကျလိုက်နာပေးကြရန် မြိတ်ခရိုင်တပ်ရင်း(၁)က မေတ္တာ ရပ်ခံတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စစ်တပ်ရဲ့ ကာဘိုးကျေးရွာတပ်စခန်းအနီး တိုက်ပွဲအတွင်း စစ်တပ် ထိခိုက်သေဆုံးမှုရှိပြီး လက်နက်၂လက် သိမ်းရခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။