Connect with us

Hi, what are you looking for?

သတင်း

ငဖဲမြို့တွင် စစ်ကောင်စီယာဥ်တန်းအား တော်လှန်ရေးတပ်များ တိုက်ခိုက်၊ စစ်သားတစ်ဦးသေပြီး ခြောက်ဦးဒဏ်ရာရ

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံမှ စစ်ကောင်စီတပ်ယာဥ်တန်းသည် စေတုတ္တရာမြို့နယ်ဘက်သို့ ပဒါန်း-ငဖဲ-စေတုတ္တရာ ကားလမ်းအတိုင်းထွက်လာရာ တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်းက အသိပေးထုတ်ပြန်သည်။

ပူးပေါင်းစစ်ဆင်ရေးမှ တော်လှန်ရေးရဲဘော်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - WOLF

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံမှ စစ်ကောင်စီတပ်ယာဥ်တန်းသည် စေတုတ္တရာမြို့နယ်ဘက်သို့ ပဒါန်း-ငဖဲ-စေတုတ္တရာ ကားလမ်းအတိုင်းထွက်လာရာ တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်းက အသိပေးထုတ်ပြန်သည်။

ယမန်နေ့(ဇန်နဝါရီ ၃ ရက်)နံနက် ၇ နာရီခွဲခန့်က အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်သုံးယာဥ်(၂)စီးအား ပဒါန်း-ငဖဲ-စေတုတ္တရာ လမ်းပိုင်း ညောင်ကိုင်းကျေးရွာအနီးတွင် မင်းဘူးခရိုင်အမှတ်(၈)တပ်ရင်း၊ ချင်းကာကွယ် ရေးတပ်-အရှို (CDF-Asho)၊ ငဖဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)တို့ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ခန့်ကြာခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးကာ ခြောက်ဦးထိခိုက်ဒဏ်ရာရပြီး ထိခိုက်ဒဏ်ရာရသူများအနက် ဆေးကုသစဥ်ထပ်မံသေဆုံးမှုရှိကြောင်းလည်း မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

“တိုက်ခိုက်မှုမှာ အခြားအဖွဲ့တွေလည်း ပါပါတယ်။ ရန်သူကျဆုံးမှုကိုတော့ ထပ်မံစိစစ်တုန်းပါ။ (စစ်ကောင်စီတပ်ထံမှ)လက်နက်တော့ မရခဲ့ဘူး”ဟု ပူးပေါင်းစစ်ဆင်ရေးတွင်ပါဝင်သည့် ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်သည် ပဒါန်း-ငဖဲ-စေတုတ္တရာ လမ်းပိုင်းအသုံးပြု၍ တပ်ရွေ့ပြောင်းမှုများ၊ အုပ်ချုပ်ထောက်ပံ့မှုလုပ်ငန်းများအား လုပ်ဆောင်လျက်ရှိကြောင်း မင်းဘူးခရိုင် တပ်ရင်း(၈)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် အရပ်သားပြည်သူကားများအသုံးပြု၍လည်း အသွင်ယူလှုပ်ရှား သွားလာလျက်ရှိရာ ပြည်သူများအနေဖြင့် စစ်ကောင်စီ ယာဥ်တန်းများနှင့် နီးကပ်စွာလိုက်ပါခြင်း၊ စ၎င်းတို့ တပ်စွဲထားသောနေရာများအနီး နီးကပ်စွာနေထိုင်ခြင်းများ မပြုကြရန်လည်း အသိပေးသည်။

ငဖဲမြို့နယ်တွင် ပြီးခဲ့သည့်ဒီဇင်ဘာ ၁၆ ရက်ကလည်း ဒရုန်းလက်ရုံးတပ်ဖွဲ့ မင်းဘူးခရိုင်(ပ.က.ဖ)နှင့်ပူးပေါင်းအဖွဲ့များသည် ငဖဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသော ငဖဲမြို့မရဲစခန်း၊ မြို့နယ်ထွေအုပ်ရုံးတို့ကို ဗုံးသီး ၃ ကြိမ်ချ၍ တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်း ရိက္ခာပို့သည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ရာ သေဆုံးထိခိုက်မှုရှိကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်​ရေးတပ် CHU PDFမှ တာဝန်ရှိသူက ပြောသည်။

သတင်း

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသသို့ လူနှင့်လက်နက်ခဲယမ်း ဖြည့်တင်းသည့် စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဗထူးတပ်မတော်(BHA)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း - ပဒါန်းလမ်းပိုင်းတွင် စခန်းစွန့်ခွာထွက်ပြေးလာသည့် တပ်မ(၉၉) လက်အောက်ခံ စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ရရှိကြောင်း အရှိုချင်းကာကွယ်ရေးတပ်က ယနေ့(ဇန်နဝါရီ ၂၀ရက်) ထုတ်ပြန်သည်။

သတင်း

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များ စစ်ဆေးရေးဂိတ်ချထားသည့် ဂိတ်စခန်းနှစ်ခုကို မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း Fire Dragon PDF(မီးနဂါးစစ်ကြောင်း)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။