Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီဂိတ်နှစ်ခုကို တော်လှန်ရေးတပ်များ တိုက်ခိုက်

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များ စစ်ဆေးရေးဂိတ်ချထားသည့် ဂိတ်စခန်းနှစ်ခုကို မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း Fire Dragon PDF(မီးနဂါးစစ်ကြောင်း)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မီးနဂါးစစ်ကြောင်းမှ ရဲဘော်များကို တွေ့ရစဥ်။ ဓာတ်ပုံ-မီးနဂါး

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များ စစ်ဆေးရေးဂိတ်ချထားသည့် ဂိတ်စခန်းနှစ်ခုကို မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း Fire Dragon PDF(မီးနဂါးစစ်ကြောင်း)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၁၆ ရက် နံနက် ၁နာရီကျော်က ညောင်လေးပင်မြို့နယ်၊ မုက္ခမူကျေးရွာရှိ စစ်ကောင်စီဂိတ်နှင့် ကြံဘိုကုန်းကျေးရွာ ဂိတ်စခန်းတို့ကို PDF တပ်ရင်း ၃၇၀၃(မီးနဂါးများ)နှင့် တောကြီးကန်း(၇)ကောင်စစ်ကြောင်း၊တော် ဝင်ဒေါင်းစစ်ကြောင်း၊ Spring Warrion Drone Team၊ ၁၈၀၅ Drone Team တို့ပူးပေါင်းပြီး စီးနှင်းတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

တိုက်ခိုက်မှုအတွင်း ယင်းနေ့(ဇန်နဝါရီ ၁၆ ရက်)နံနက် ၂နာရီတွင် ဂိတ်စခန်းနှစ်ခုလုံးကို အပြီးသတ်ချေမှုန်း ရှင်းလင်းနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးကာ ငါးဦးထက်မနည်း ထိခိုက်ဒဏ် ရာရသွားကြောင်း မီးနဂါးစစ်ကြောင်းမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ခွေးပြေးဝက်ပြေး ထွက်ပြေးကြတယ်။ သေ နတ်သုံးလက်နဲ့ ခဲယမ်းတချို့ရပါတယ်။ မောင်းပြန်တွေပါပဲ”ဟု ၎င်းက ဆက်ပြောသည်။

တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်ခဲ့သည့် ဂိတ်စခန်းနှစ်ခုတွင် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးပူးပေါင်းအင်အား ၆၀ ခန့်ရှိပြီး စီးနင်းခံရချိန်တွင် အများအပြားထွက်ပြေးသွားကြကြောင်း အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

စစ်ရေးတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့် ညောင်လေးပင် – ရွှေကျင်ဗျူဟာလမ်းပိုင်းတွင် စစ်ကောင်စီတပ်ကချထားသည့် ဂိတ်စခန်း ၁၀ခုထက်မနည်းရှိနေပြီး ယခုစီးနင်းတိုက်ခိုက်ခဲ့သည့် ဂိတ်နှစ်ခုမှာ ယင်းဂိတ်များတွင် အပါအဝင်ဖြစ်သည်ဟု မိနဂါးစစ် ကြောင်းက ပြောသည်။

အဆိုပါ မုက္ခမူကျေးရွာနှင့် ကြံဘိုကုန်းကျေးရွာတို့ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ညောင်လေးပင် – ရွှေကျင်ကားလမ်းအား အသုံးပြု သွားလာနေသောပြည်သူများထံ ငွေ​ကောက်ခံခြင်း၊ ငွေညှစ်ခြင်းနှင့် လမ်းသွားလမ်းလာပြည်သူများအားအတင်းအဓ္မမစစ်မှူထမ်းရန် လမ်းပေါ်၌ ပေါ်ပေါ်တင်တင် ဖမ်းစီးမှုများ လုပ်ဆောင်လျှက်ရှိသည်ဟု အသိပေးထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ၂၂ ရက်ကလည်းညောင်လေးပင်မြို့၊ ဂျောင်းတာကျေးရွာထိပ်ရှိ စစ်ကောင်စီတပ် ဂိတ်စခန်းနှင့် အောင်စိုးမိုးကျောင်းစုရွာမှပျူခေါင်းဆောင်၏ နေအိမ်တို့ကို KNLA နှင့် ပဲခူးခရိုင်-ပကဖ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ဂွေးချိုကျေးရွာက ပျူစောထီးစခန်းကို တိုက်ခိုက်ရာ စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ခုခံမှုကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ ရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်းက အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၃၀၉)ခြေမြန်တပ်ရင်း(ခမရ-၃၀၉)က စစ်ကြောင်းထွက်လာတဲ့အတွက် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန် ရေးရဲဘော်တွေကသတိပေးပါတယ်။

သတင်း

တနင်္သာရီတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေအနေနဲ့ လိုအပ်တဲ့အကူအညီတွေ ဆက်သွယ်တောင်းခံနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပြီး ထိန်းချုပ်ဒေသတွေအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပူးပေါင်းဆောင်ရွက်နေတယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

သတင်း

ရန်ကုန် - ပြည်လမ်းပိုင်းက အာဏာသိမ်းစစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ သာယာ၀တီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။