Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီဂိတ်နှစ်ခုကို တော်လှန်ရေးတပ်များ တိုက်ခိုက်

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များ စစ်ဆေးရေးဂိတ်ချထားသည့် ဂိတ်စခန်းနှစ်ခုကို မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း Fire Dragon PDF(မီးနဂါးစစ်ကြောင်း)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မီးနဂါးစစ်ကြောင်းမှ ရဲဘော်များကို တွေ့ရစဥ်။ ဓာတ်ပုံ-မီးနဂါး

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များ စစ်ဆေးရေးဂိတ်ချထားသည့် ဂိတ်စခန်းနှစ်ခုကို မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း Fire Dragon PDF(မီးနဂါးစစ်ကြောင်း)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၁၆ ရက် နံနက် ၁နာရီကျော်က ညောင်လေးပင်မြို့နယ်၊ မုက္ခမူကျေးရွာရှိ စစ်ကောင်စီဂိတ်နှင့် ကြံဘိုကုန်းကျေးရွာ ဂိတ်စခန်းတို့ကို PDF တပ်ရင်း ၃၇၀၃(မီးနဂါးများ)နှင့် တောကြီးကန်း(၇)ကောင်စစ်ကြောင်း၊တော် ဝင်ဒေါင်းစစ်ကြောင်း၊ Spring Warrion Drone Team၊ ၁၈၀၅ Drone Team တို့ပူးပေါင်းပြီး စီးနှင်းတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

တိုက်ခိုက်မှုအတွင်း ယင်းနေ့(ဇန်နဝါရီ ၁၆ ရက်)နံနက် ၂နာရီတွင် ဂိတ်စခန်းနှစ်ခုလုံးကို အပြီးသတ်ချေမှုန်း ရှင်းလင်းနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးကာ ငါးဦးထက်မနည်း ထိခိုက်ဒဏ် ရာရသွားကြောင်း မီးနဂါးစစ်ကြောင်းမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ခွေးပြေးဝက်ပြေး ထွက်ပြေးကြတယ်။ သေ နတ်သုံးလက်နဲ့ ခဲယမ်းတချို့ရပါတယ်။ မောင်းပြန်တွေပါပဲ”ဟု ၎င်းက ဆက်ပြောသည်။

တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်ခဲ့သည့် ဂိတ်စခန်းနှစ်ခုတွင် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးပူးပေါင်းအင်အား ၆၀ ခန့်ရှိပြီး စီးနင်းခံရချိန်တွင် အများအပြားထွက်ပြေးသွားကြကြောင်း အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

စစ်ရေးတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့် ညောင်လေးပင် – ရွှေကျင်ဗျူဟာလမ်းပိုင်းတွင် စစ်ကောင်စီတပ်ကချထားသည့် ဂိတ်စခန်း ၁၀ခုထက်မနည်းရှိနေပြီး ယခုစီးနင်းတိုက်ခိုက်ခဲ့သည့် ဂိတ်နှစ်ခုမှာ ယင်းဂိတ်များတွင် အပါအဝင်ဖြစ်သည်ဟု မိနဂါးစစ် ကြောင်းက ပြောသည်။

အဆိုပါ မုက္ခမူကျေးရွာနှင့် ကြံဘိုကုန်းကျေးရွာတို့ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ညောင်လေးပင် – ရွှေကျင်ကားလမ်းအား အသုံးပြု သွားလာနေသောပြည်သူများထံ ငွေ​ကောက်ခံခြင်း၊ ငွေညှစ်ခြင်းနှင့် လမ်းသွားလမ်းလာပြည်သူများအားအတင်းအဓ္မမစစ်မှူထမ်းရန် လမ်းပေါ်၌ ပေါ်ပေါ်တင်တင် ဖမ်းစီးမှုများ လုပ်ဆောင်လျှက်ရှိသည်ဟု အသိပေးထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ၂၂ ရက်ကလည်းညောင်လေးပင်မြို့၊ ဂျောင်းတာကျေးရွာထိပ်ရှိ စစ်ကောင်စီတပ် ဂိတ်စခန်းနှင့် အောင်စိုးမိုးကျောင်းစုရွာမှပျူခေါင်းဆောင်၏ နေအိမ်တို့ကို KNLA နှင့် ပဲခူးခရိုင်-ပကဖ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့က ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီး တစ်စီး ထိခိုက်မှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သော​င်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

Facebook