Connect with us

Hi, what are you looking for?

သတင်း

တောင်ပိုင်းစစ်ဒေသ၌ တော်လှန်ရေးတပ်များက တစ်ပတ်အတွင်း စစ်ကောင်စီတပ်အား ၁၆ကြိမ် တိုက်ခိုက်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသတွင် တပတ်အတွင်း ဖြစ်ပွားခဲ့သော စစ်ရေးသတင်းအကျဉ်းချုပ်အား ယနေ့ (ဇန်နဝါရီ ၂၅ရက်)တွင် ထုတ်ပြန်ခဲ့ရာ တော်လှန်ရေး ပူးပေါင်းတပ်များက စစ်ကောင်စီတပ်အား ၁၆ကြိမ်တိုက်ခိုက်ခဲ့ပြီး သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက အသိပေးသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှ ရဲဘော်များအား တွေ့ရစဉ်။(ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ)

ဟန်နွေ/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသတွင် တပတ်အတွင်း ဖြစ်ပွားခဲ့သော စစ်ရေးသတင်းအကျဉ်းချုပ်အား ယနေ့ (ဇန်နဝါရီ ၂၅ရက်)တွင် ထုတ်ပြန်ခဲ့ရာ တော်လှန်ရေး ပူးပေါင်းတပ်များက စစ်ကောင်စီတပ်အား ၁၆ကြိမ်တိုက်ခိုက်ခဲ့ပြီး သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက အသိပေးသည်။

ဇန်နဝါရီ ၁၈ ရက်မှ ဇန်နဝါရီ ၂၄ ရက်အထိ ၇ရက်တာကာလအတွင်း တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ KNU-KNLA နှင့် အခြား တော်လှန်ရေးပူးပေါင်းအဖွဲ့ များပူးပေါင်း၍ စစ်ကောင်စီတပ်အား (၁၆) ကြိမ်ခန့် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၇ဦး သေဆုံးပြီး ၂၂ဦး ဒဏ်ရာရခဲ့ဟု ဖော်ပြသည်။ သို့သော် စစ်ကောင်စီတပ်​၏ သေဆုံးထိခိုက်မှုအခြေအနေများကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

တစ်ပတ်အတွင်းတိုက်ပွဲများ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အနည်းငယ်ရှိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများအနက် ဇန်နဝါရီ ၂၃ရက်က ဖြစ်ခဲ့သည့် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပဇွန်မြောင်းကျေးရွာ တိုက်ပွဲ ဖြစ်စဉ်ကို ဖော်ပြခဲ့သည်။

ပုဇွန်မြောင်းကျေးရွာ ဆွဲဒလကျောင်းကြီး ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီ အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၁ဦး သေဆုံးပြီး ၁၀ဦး ဒဏ်ရာရခဲ့ကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းရခဲ့ကြောင်း အသိပေးသည်။

အဆိုပါတိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၂၊ တပ်ရင်း ၃၇၀၃၊ တောကျီးကန်း ၇ ကောင်စစ်ကြောင်း၊ တော်ဝင်ဒေါင်းစစ်ကြောင်း၊ Spring Warrior Drone Team၊ ကွန်မန်ဒိုတပ်ရင်း ဒရုန်းအဖွဲ့၊ တပ်ရင်း ၃၇၀၃ ဒရုန်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ MAအမျိုးအစားသေနတ် ၄လက်၊ G3 ၂လက်၊ အူစီ ၁လက် နှင့် ကျည်ဘောက်များ၊ ကျည်များ သိမ်းရခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်သည်။

ဇန်နဝါရီ ၂၃ရက်ကလည်း တောင်ပိုင်းစစ်ဒေသ PDFနှင့် မွန်တပ်များ ပူးပေါင်း၍ မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့ရှိ စစ်ကောင်စီ​၏ ခလရ(၃၁)တပ်ရင်း မီးတိုင်တပ်စခန်းကို သွားရောက်တိုက်ခိုက်ရာ တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့သည်ဟု တိုက်ခိုက်မှုတွင် ပါဝင်သည့်မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောကြားထားသည်။

ထို့ပြင် မဟာဗျူဟာမြောက်စစ်ရေးလုပ်ငန်းများ ဆင်နွှဲလာရန်ရှိ၍ ပြည်သူများ ခရီးသွားလာမှုကို တက်နိုင်သမျှရှောင်ရှားကြရန် နိုင်နဂါးက တိုက်တွန်းထားသည်။

“ပြည်သူတွေ ဘေးဆင်းရဲ ဒုက္ခက အမြန်ဆုံးလွတ်မြောက်ဖို့ တခုတည်းသော နည်းလမ်းဟာ ဒီစစ်ကောင်စီကို အမြန်ဆုံးဖြတ်ချဖို့ပဲရှိတဲ့အတွက်ကြောင့် ကျနော်တို့ တော်လှန်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းပါ။ ကူညီပါဝင်ကြဖို့လို ကျနော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်”ဟု MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စစ်တပ်ရဲ့ ကာဘိုးကျေးရွာတပ်စခန်းအနီး တိုက်ပွဲအတွင်း စစ်တပ် ထိခိုက်သေဆုံးမှုရှိပြီး လက်နက်၂လက် သိမ်းရခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။